From :
..mwd
နေပြည်တော် ဥတ္တရ သီရိမြို့နယ်တွင် တည်ထား ကိုးကွယ်မည့် သံဝေဇနိယ လေးဌာနရှိ ဘုရား အလောင်းတော် ဖွားမြင်တော်မူရာ နေရာနှင့် ဓမ္မစကြာ တရားဦး ဟောတော်မူရာ နေရာများ၌ ယနေ့ နံနက်ပိုင်းတွင် ရတနာ ပန္နက်တော်တင်၊ တွင်းတော်ဝန်း မဟာမင်္ဂလာ အခမ်းအနားကို ကျင်းပသည်။
မင်္ဂလာ အခမ်းအနားသို့ နိုင်ငံတော် သံဃ
မဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ဆရာတော် အဘိဓဇ
မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ
အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက် တော်မူကြပြီး နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်၊ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊
ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊
လေ)၊ ပြည်ထောင် စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယ
ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ ဖိတ်ကြား ထားသူများနှင့်
အလှူရှင်များ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်မှု ဆည်းပူးခြင်း မင်္ဂလာ အခမ်းအနားကို နံနက် ၇ နာရီခွဲတွင် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော် အနီးရှိ သာသနာ့ ဗိမာန်၌ ကျင်းပရာ အခမ်းအနားတွင် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီးထံမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမှူးပြုသော ဧည့်ပရိသတ် များက ကိုးပါးသီလ ခံယူ ဆောက်တည် ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတက ရတနာ ပန္နက်တော်၊ ရွှေလက်ရိုက်တော်နှင့် ရွှေတူးရွင်းတော် များကို ဗန်းမော် ဆရာတော်ကြီးထံ ဆက်ကပ်ပြီး ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲနှင့် ပရိတ်ကျောက် များကို ဆရာတော် သံဃာတော်များထံ ဆက်ကပ် သည်။
ယင်းနောက် ဆရာတော် သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်တော် မူသော ပရိတ်တရား တော်များကို နာယူကြပြီး နိုင်ငံတော် သမ္မတက ဗန်းမော် ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး၊ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး၊ တက်ရောက် လာသူများက ဆရာတော်ကြီး များထံ လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ဘုရား အလောင်းတော် ဖွားမြင်တော်မူရာ နေရာနှင့် ဓမ္မစကြာ တရားဦး ဟောတော်မူရာ နေရာများအဖြစ် တည်ထား ကိုးကွယ်မည့် သာသနိက အဆောက်အအုံများ တည်ဆောက်ရေး အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုက ငွေကျပ် ၁ဝ သိန်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုက ငွေကျပ်သိန်း ၁၈ဝဝ တို့ အပါအဝင် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် အလှူရှင်များက အလှူငွေ စုစုပေါင်း ၂ဝ၉၉၄ ဒသမ ၁ဝ၈ သိန်း တို့ကို ပေးအပ် လှူဒါန်းကြသည်။
ဆက်လက်၍ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင် မြို့နယ် လှည်းဆိပ် စံပြကျေးရွာ မနောဟရီ ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကုသလ ထံမှ နိုင်ငံတော် သမ္မတ အမှူးပြုသော ပရိသတ် များက အနုမောဒနာ တရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် ဘုရားလောင်း ဖွားမြင်တော်မူရာ အဖြစ် တည်ထားမည့် နေရာ၌ ဘုရားလောင်း ဖွားမြင်သည့်နေရာ၊ ရေကန်တော် ထောင့်လေးထောင့် နေ ရာနှင့် ကျောက်စာတိုင် နေရာတို့တွင် ရတနာ ပန္နက်တော် များကို စိုက်ထူ ပူဇော်ကြပြီး ပန္နက်တော် ဌာနများတွင် တွင်းတော် ဝန်းတူးကြကာ အင်ကြင်းပင်ပျို များကို စိုက်ပျိုးပေးကြ သည်။
ဆက်လက်၍ ဗုဒ္ဓမြတ်စွာ ဓမ္မစကြာ တရားဦး ဟောတော်မူရာ အဖြစ် တည်ထားမည့် နေရာ၌ လည်း ဓမ္မစကြာတရားဦး ဟောကြားသည့် ဓမ္မရာဇိက စေတီတော်နေရာ၊ ဓမ္မေခ စေတီတော် နေရာ၊ နန္ဒိယ ကျောင်းတော်နေရာ၊ အသောက ကျောက်စာတိုင် နေရာနှင့် တရားဟော ကြားမည့် ပလ္လင်တော် နေရာတို့တွင် ရတနာ ပန္နက်တော်များကို စိုက်ထူ ပူဇော်ကြပြီး ပန္နက်တော် ဌာနများတွင် တွင်းတော်ဝန်း တူးပေးခဲ့ကြသည်။
နေပြည်တော် ဥတ္တရ သီရိမြို့နယ်တွင် ဘုရား အဆူဆူတို့၏ သံဝေဇနိယ လေးဌာနဖြစ်သည့် ဘုရား အလောင်းတော် ဖွားမြင်တော်မူရာ လုမ္ဗိနီ အင်ကြင်းတော၊ ဘုရားအဖြစ်သို့ ရောက်ရှိ တော်မူရာ ဗုဒ္ဓဂယာ၊ ဓမ္မစကြာ တရားဦး ဟောတော်မူရာ မိဂဒါဝုန်တောနှင့် ပရိနိဗ္ဗာန်စံဝင် တော်မူရာ ကုသိနာရုံ တို့ကို တည်ထား ကိုးကွယ်ရန် ရည်မှန်း ဆောင်ရွက်လျက် ရှိရာ ဘုရား အဖြစ်သို့ ရောက်ရှိတော်မူရာ ဗုဒ္ဓဂယာပုံတူ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်ကို အောင်မြင်စွာ တည်ထား ကိုးကွယ်နိုင်ခဲ့ပြီး ဖြစ်သည်။ အလားတူ အဆိုပါ စေတီတော် အနီး၌ ယောဂီ ၄ဝဝ ကျော် တရားကျင့်ကြံ အားထုတ်နိုင်သည့် သတ္တသတ္တာဟ တရား စခန်းကိုလည်း တည်ဆောက် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည်။
ယခုအခါ ဘုရား အလောင်းတော် ဖွားမြင်တော်မူရာ လုမ္ဗိနီ အင်ကြင်းတောနှင့် ဓမ္မစကြာ တရားဦး ဟောတော်မူရာ မိဂဒါဝုန်တော တို့ကို ဆက်လက်တည်ထား ကိုးကွယ်နိုင်ရန် အတွက် ရတနာ ပန္နက်တော်တင်၊ တွင်းတော်ဝန်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ကျင်းပ ခဲ့ခြင်းဖြစ်သည်။
ခရီးဝေးကွာ လွန်းခြင်းနှင့် ငွေကြေး ကုန်ကျမှုများပြား ခြင်းတို့ကြောင့် အိန္ဒိယ နိုင်ငံနှင့် နီပေါနိုင်ငံ တို့ရှိ သံဝေဇနိယ လေးဌာနသို့ သွားရောက် ဖူးမြော်နိုင်ခြင်း မရှိသည့် ဗုဒ္ဓဘာသာ ဝင်ပြည်သူများ အနေဖြင့် မကြာမီ ကာလအတွင်း သံဝေ ဇနိယလေးဌာနကို မိမိတို့ မြန်မာနိုင်ငံ မှာပင် လွယ်လင့်တကူ ဖူးမြော်ကြည်ညို နိုင်တော့မည်ဖြစ်သည်။ ဆက်လက် တည်ထား ကိုးကွယ်မည့် သံဝေဇနိယ သုံးဌာန အတွက် အလှူငွေများ လှူဒါန်း လိုပါက နေပြည်တော် ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့သို့ ဆက်သွယ် လှူဒါန်းနိုင် ကြောင်း သိရှိရသည်။

3 comments:
ဒါကတော့သိပ်လုပ်သင့်တယ်အခုဘဝမှာလဲအတိတ်က
ပြုခဲ့ဖူးတဲ့ကံတွေကြောင့်ဘုန်းကြီးလို့သမ္မတကြီးဖြစ်ရတယ်
အခုလုပ်တာတွေကသံသရာအတွက်အထောက်အပံ့ဖြစ်
ပါပြီအခုမျက်မှောက်မှာလဲကျက်သရေတိုးပါမည်
သမ္မတကြီး၏ကုသိုလ်တရားများကြောင့်မြန်မာပြည်သည်
ဧကန်မုချငြိမ်းချမ်းတိုးတက်ပါတော့မည်
တိုင်းပြည်ရွှေမရှားတော့ပြီငွေမရှားတော့ပြီကောင်းစား
တော့မည်
သမ္မတကြီးကျန်းမာပါစေဗျာ
မှန် တာ ပေါ့ ဗျာ သ မ္မ တ ကြီး ကျန်း မာ သက် ရှည် ပါ စေ
ဘြ ကီး စိ န် က ဘ ကြီး ရဲ့ မိ သား စု ကို ပွဲ ထု တ်ေ လ့ မ ရျှိ ဘူး နော် ။ ဒါ ကို က တ မျိး ကြ ည် ညို မိ ပါ တယ် ဘ ကြီး ရေ ။
ေ ပါ် က မိ တ်ေ ဆွ များ က လည်း ဘ ကြီး ကို ထော က် ခံ တာေ တွ ရ တော့ ၀ မ်း သာ လို က် တာ ။ တ ခု ပဲ ရှိ တယ် ကျွ န် မ တို့ ထော က် ခံ အား ပေး ကြော င်း ဘ ကြီး တ ယော က် သိ မ သိ မ သိ ရ တော့ စိ တ် မ ကော င်း ဘူး ပေါ့။
မြန် မာ ချ စ် သူ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်