From :
..eleven

ရေကူးဘူတာရုံလမ်းနှင့် မြစံပယ်လမ်းထောင့်တွင် မီးလောင်ကျွမ်းနေသည်ကို သြဂုတ် ၁၆ ရက် ည ၁၂ နာရီကျော်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက် ရေကူးဘူတာရုံလမ်းနှင့် မြစံပယ်လမ်းထောင့်တွင် သြဂုတ် ၁၆ ရက် ည ၁၂ နာရီတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၀ ၀န်းကျင်ခန့် မီးလောင်ကျွမ်းသွားပြီး မီးသတ်ကား အစီး ၅၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ သြဂုတ် ၁၇ ရက် နံနက် ၀၀း၃၀ ခန့်တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းမှု အကြောင်းအရင်းမှာ ကနဦး စစ်ဆေးချက်များအရ အိမ်နံပါတ် ၈၂ မှ စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ ဆုံးရှုံးမှု တန်ဖိုးမှာ လတ်တလော ခန့်မှန်း၍ မရသေးကြောင်း မီးလောင်ကျွမ်း နေသည်ကို လာရောက်ကြီးကြပ် ငြှိမ်းသတ်နေသည့် မီးသတ်အရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
''မီးက ၁၂ နာရီမှာ စပြီး လောင်တာပါ။ မိုးဖွားကျနေတဲ့ အချိန်မို့ ဘယ်သူကမှ သတိမထားမိပါဘူး။ မီးလောင်တဲ့ အခါကျတော့ အိမ်တွေက ပူးကပ်နေတယ်။ ပြီးတော့ ၀ါးထရံတွေ ဖြစ်တဲ့အတွက် လောင်ကျွမ်းမှု ပိုကောင်းသွားတယ်။ ကျွန်တော်က အိပ်နေတာ။ ညှော်နံ့ရလို့ ထွက်ကြည့်တော့ မီးတောက်က အတော်ကြီးနေပြီ'' ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။
ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် အနီးရှိ ရပ်ကွက်များသို့ လျှပ်စစ်မီး ဖြတ်တောက်ထားမှုများ ပြုလုပ်ထားပြီး ယာယီကယ်ဆယ်ရေး စခန်းလည်း ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
.. www.MyanmarExpress.net

1 comments:
1-REPORT SAID ELECTRICAL FIRE.
2-WHY ELECTRICAL FIRE?
3-MAY BE NOT USING PROPER FUSE RATING SUCH AS
5 AMPERE,10 AMPERE ETC..
4-MAY BE EPC NEVER CHECK THE FUSE RATING FOR SAFETY.
5-WE BE RESIDENT DID NOT KNOW THE ELECTRICAL
SAFETY.
6-WE ARE STILL USING OLD TYPE FUSE SYSTEM BUT
WE CANNOT BUY THE CORRECT FUSE RATING IN THE MARKET BECAUSE IT IS OBSOLETE AND NO LONGER USING IN MANY COUNTRIES BUT NORMALLY JUST
PUT A SMALL PIECE OF WIRE AND MAY BE TOO LARGE
RATING THEREFORE INSTEAD OF FUSE MELT DOWN AND SHUT OFF ELECTRICAL POWER IT BURNT DOWN THE HOUSES.
7-ANOTHER ISSUE IS CONNECTED WITH YCDC AND
FIRE DEPARTMENT.
8-YCDC SHOULD NOT ALLOW HOUSES TOO CLOSE
EACH OTHER AND MAY BE STREET ARE TOO NARROW
AND FIRE TRUCK COULD NOT REACH TO FIGHT THE
FIRE.
9-FIRE DEPARTMENT SHOULD INSPECT AND SHOULD NOT ALLOW HOUSES ARE TOO CLOSE EACH OTHER.
10-THANK TO ALL FIREFIGHTERS.
11-WE SHOULD UPGRADE OUR FIREFIGHTERS AND ALLOW SOME KIND OF BENEFIT.
12-WATCH OUT FIRE IN HOT SEASON.
13-EVERY HOUSE SHOULD MAINTAIN AT LEAST MINIMUM REQUIREMENT TO FIGHT FIRE IN CASE
OF EMERGENCY.
14-WE NEED TO EDUCATE OUR CITIZEN THROUGH
MEDIAS.
15-ALL MEDIAS SHOULD CONTRIBUTE FOR FIRE SAFETY.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်