Subscribe to our RSS Feed

ငှက်ဖျားနှင့် တီဘီဝေဒနာရှင် အမျိုးသားတစ်ဦး ဆေးဖိုးမတတ်နိုင်၍ ကြိုးဆွဲချသေဆုံး

From : .. the voice

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၄) ကျောင်းစုရပ်ကွက် မာလာလမ်းရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၈ ရက် နံနက် ၃ နာရီခွဲက အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါအမျိုးသားသည် ၎င်းနေအိမ်၏ ဝရန်တာသစ်သားတန်းတွင် ခရီးဆောင်အိတ်ကြိုးကို အသုံးပြုကာ အဆုံးစီရင်ခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

“တစောင်းလေးပဲ တုံးလုံးလဲနေတာ။ ကြိုးကလည်း တိုတိုလေး။ ချည်တဲ့နေရာကလည်း နိမ့်နိမ့်လေး” ဟု အမှတ် (၄) ကျောင်းစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။

သေဆုံးသူသည် ငှက်ဖျားရောဂါနှင့် တီဘီရောဂါဝေဒနာ ခံစားနေရပြီး အိမ်ထောင်ကွဲနေသူလည်း ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါး၍ ဆေးကုသရန် ဆေးဖိုးမတတ်နိုင်သဖြင့် ကိုယ်တိုင်အဆုံးစီရင်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၆/၁၃ ဖြင့် ဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း ဒိုက်ဦးမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

ဒိုက်ဦးမြို့နယ် သရက်တော်ကျေးရွာတွင် မေလက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးဖူးခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ သိရှိရသည်။



 .. www.MyanmarExpress.net
 

1 comments:

U Thant Zin's (village administrator)is laughable. The man who committed suicide was suffering from TB and Malaria and had no body to look after. Moreover his family had been broken(for some unknown reasons). So It is very likely he was mentally depressed. Since most mentally depressed persons commit suicide, the cause of suicide(if not homicide)is most probably mental depression.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်