Subscribe to our RSS Feed

၈ - ၈ - ၈၈ ဖြစ်ရပ်မှန်အချို့


From : ..ကျနော့်ရဲ့ ဆရာ...ဦးခမ်း (မှုးယစ်ဗဟိုက ကချင်တိုင်းရင်းသားကြီး ဦးခမ်းအောင် ရေးတာပါ)

မနေ့ က ၈ - ၈ - ၈၈ ရက်နေ့ ၂၅ နှစ်ပြည့်အထိန်းအမှတ်ပွဲ ကျင်းပနေတာတွေ ဒီနေ့ မနက် သတင်းစာမှာရော Facebook မှာရော ဖတ်ရတယ်။ အမှတ်ရစရာနေ့ တွေ၊ အမှတ်ရစရာ အကြောင်းအရာ၊ အဖြစ်အပျက်တွေတင်တဲ့ မိတ်ဆွေတွေပြောကြတာလည်း ဖတ်ရ ကြားရ ပါတယ်။ အထုးသဖြင့် ပစ်တာတွေ ခတ်တာတွေ၊ ဒဏ်ရာရတာတွေ..စုံလို့ ပဲ။

စိတ်မကောင်း စရာ၊ စိတ်မချမ်းသာစရာ သမိုင်းတကွေ့ ဖြစ်စဉ်တွေ.. ကျနော်ကတော့ မှတ်မှတ်ရရ မနေ့ က မူးယစ်ပြတိုက်မှာ ရဲအရာရှိကြီးတွေ ၂၀ ကျော်ကို crowd management and control, riot management and control သင်တန်းပို့ ချနေတဲ့ Belgian Police and Irish Police ကအရာရှိကြီး ၂ ယောက်နဲ့  ကျနော် ၈၈ အရေးအခင်းမှာ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ဖြစ်စဉ်သင်ခန်းစာတစ်ခုကို မျှဝေခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ဘယ်သူ့ ကိုမှ တခါမှ ပြန်မပြောပြဘူးပါ။

တစ်နေ့်ညက အဲဒီဥရောပ ရဲအရာရှိ ကြီးတွေနဲ့  ညစာစားပွဲလေးတစ်ခုမှာ ကြုံဆုံရတော့ သူတို့  ဘာတွေသင်ကြားပို့ ချနေလဲ မေးမြန်း ဆွေးနွေးရင်းနဲ့  ကျနော်ကြုံခဲ့ဘူးတဲ့ ၈၈ အရေးအခင်း ကာလကဖြစ်စဉ်နဲ့  သူတို့ လိုလားတဲ့ ပုံစံကတိုက်ရိုက် ထပ်တူထပ်မျှ ဖြစ်နေတာ အံ့သြစွာသိ ခဲ့ရတယ်။ ဒါနဲ့ သူတို့ နားထောင်မယ်ဆိုရင် ပြောပြချင်တယ်..ဆိုပြီး ပထမဦးဆုံးအကြိမ် ဒီဖြစ်စဉ်ကို ပြောခဲ့တယ်။ သူတို့ တောင်းဆိုချက်ကြောင့် မနေ့ က ရဲအရာကြီးများသင်တန်းမှာ ထပ်မံ ရှင်းလင်းပြောပြခဲ့တယ်..ဒုတိယအကြိမ်ပေါ့။

အခုဒါ တတိယအကြိမ်။ မပြောချင်တာကလည်း ၈၈ အရေးအခင်းအကြောင်းက ဝမ်းသာစရာ၊ အပျင်းပြေပြောဖို့ ၊ ဂုဏ်ယူစွာပြောဖို့ ၊ စကားစပ်လို့ တောင်ပြောဖို့  မကောင်းတဲ့ တိုင်းပြည်ရဲ့  ဝမ်းနည်းစရာ သမိုင်းမှတ်တိုင် ဖြစ်စဉ်ကြီးမဟုတ်လား..ဒါကြောင့်လည်း ကျနော် မပြောချင်တာ၊ မပြောဖြစ် ခဲ့တာပါ။ ဒါပေမဲ့ ဖြစ်စဉ်ကတော့ အမှန်။ ကျနော် ကိုယ်တွေ့ ရင်ဆိုင် ဖြေရှင်းခဲ့ရတဲ့ဖြစ်စဉ်ပါ။

ဖတ်ကြည့်ပြီးမှသုံးသပ်ကြပါ..ဝေဖန်ကြပါ.. အဲဒီနေ့ ကိုတိတိကျကျမမှတ်မိပါ။ အရေးအခင်းကာလ ဘယ်နေ့ ဘာဖြစ်တယ်ဆိုတာ မမှတ်ထားပါ။

နေ့ စဉ်အစီရင်ခံစာတွေ ပြန်လှန် ရှာဖွေရင်တော့ရှိပါတယ်။ အဲဒီလောက် မသွားချင်တော့ဘူး။ အရေးအခင်းစဖြစ်တော့ ကျနော်တပ်ရင်းတရင်းမှာ ဒုတိယတပ်ရင်းမှူးတာဝန်ထမ်းဆောင်နေ ပါတယ်။ ကျနော်တို့ တပ်ရင်းက တပ်ပြန်နားနေချိန်၊ ပြန်လည်ဖွဲ့ စည်း လေ့ကျင်နေချိန်၊ တနည်းအားဖြင့် စစ်ဆင်ရေးအရန်တပ်ရင်းပေါ့။ ချက်ချင်း ရန်ကုန်မှာအရေးပေါ်ရှိတယ်ဆိုပြီး အမိန့် ရတာနဲ့ တရင်းလုံးရန်ကုန်ကို အထူးမီးရထားနဲ့ ဆင်းရပါတယ်။

ရန်ကုန်ရောက်တော့ ဝန်ကြီးများရုံး၊ စက်ဆန်း၊ အသံလွှင့်ရုံ၊ သင်ကန်းကျွန်း၊ မီးရထားဝန်ကြီးဌာန (ယခု ဂရန်း မီးရထားဟော်တယ်လ်) တို့ မှာ လှဲ့ ပတ်ပြီး လုံခြုံရေး တာဝန် ထမ်းဆောင်ခဲ့ရတယ်။ အခု ပြောမဲ့ ဖြစ်စဉ်က မီးရထားဝန်ကြီးဌာနမှာ လုံခြုံရေးတာဝန်ကျစဉ်ကဖြစ်တာ။ အဲဒီနေ့ မနက်မှာ ကျနော့်စစ်ကြောင်းကိုတာဝန်ပေးတာက ဗိုလ်ချုပ်လမ်းအတိုင်း ရန်ကုန် ဆေးရုံကြီးဘက်ကနေ ချီတက်လာတဲ့ လူအုပ်ကြီးကို ရွှေတိဂုံဘုးရားလမ်းကျော်ပြီး ဗို်လ်ချုပ် ဈေးဘက်ကိုမလာစေဖို့  တားရမယ်။

ဆူးလေလမ်းအတိုင်း ဆူးလေဘုရားဘက်ချီတက်လာတဲ့ လူအုပ်နဲ့ မပေါင်းမိစေဖို့  အဓီကထားတားဆီးပိတ်ဆို့ ဖို့ ပဲ။ ကျနော်က တပ်ခွဲ ၂ ခွဲ စစ်ကြောင်းဆိုတော့ လူအင်အား ၂၀၀ နီးပါးရှိတယ်။ .5 machine gun mounted armored car ၂ စီးလည်း တွဲဖက်ပေး ထားတယ်။ အမှန်တော့ show of force အတွက်ပါ။ ဒါနဲ့  တပ်ခွဲတစ်ခွဲကို အခု စင်ထရယ် ဟိုတယ် and Traders Hotel junction ရှေ့  ဆူးလေလမ်းကို ပိတ်စေ ပြီး၊ တစ်ခွဲကို ရွှေတိဂုံဘုရားလမ်း နဲ့  ဗိုလ်ချုပ် လမ်းဆုံ မှာ နေရာချပိတ်စေခဲ့တယ်။

ပိတ်တယ်ဆိုတာ သံဆူးကြိုးတွေပါ barricades တွေပါ။ မနက် ၁၀ နာရီလောက်ကျတော့ ၂ ဖက်စလုံးမှာ လူထုတော်တော်များနေပြီ။ ဆူးလေလမ်း ဘက် ကတော့ ဗိုလ်ချုပ်လမ်းဖက်ကို မတိုးဘူး။ ဒါပေမဲ့ ပြည်သူ့ ဆေးရုံ ဗိုလ်ချုပ်လမ်းပေါ်က လူထုက ပိတ်ထားတာကို အတင်းတိုးနေတယ်။ လူအုပ်ကလည်း ထောင်နဲ့ ချီနေတယ်။ အော်ဟစ်ကြပေါ့။ အဆိုးဆုံးက မိန်းခလေးငယ်ငယ်တွေပဲ…ဆံပင်တွေ ဖားလား၊ နဖူးစီးအနီနဲ့  ခုန်ပေါက် အော်ဟစ်ပြီး (In English I would term it as “Hysterical”) barricade ဖွင့်ခိုင်းနေတော့ ကျန်တဲ့လူတွေလည်း သွေးဆူလာကြတယ်။ အလံတွေလည်း တလူလူနဲ့ ။ ဘုန်း ကြီး ၃ - ၄ ပါးပါပြီး သူတို့ ကတော့ လိုက်ထိန်းတဲ့ သဘောတွေ့ ရတယ်။

ကျနော်ရှေ့ တက်သွားပြီး PA system အော်လံလေးနဲ့ အော်ပြီးသတိ ပေးရတယ်… barricade ကိုမကျော်ပါနဲ့  လို့ .. ကျနော်တို့ မှာ အမိန့် က တိကျပြတ်သားစွာ ပေးထားတယ်။

လုံးဝ မကျော်စေနဲ့ .. ဗိုလ်ချုပ်လမ်းအတိုင်း ကျော်ပြီး ဆူးလေလမ်းက လူထုနဲ့ ပေါင်းဖို့  ကြိုးစားရင် ပစ်ပါ ဆိုတဲ့ အမိန့် ပဲ။ တစ်ခုတော့ရှိတယ်။ ပစ်ဆိုတိုင်း ဇွတ်ရွတ်ပြီးပစ်ဖို့ တော့ မဟုတ်ပါ။ ပထမအဆင့် ကျော်လာလျှင် ခေါင်းပေါ် ၁ဝ ပေ လောက်အထက်ကို ချောက်လှန့် တဲ့အနေနဲ့  သတိပေးတဲ့ အနေနဲ့ ပစ်ပါ။ ပစ်တဲ့အခါမှာလည်း စက်လတ်လို calibre ကြီးတဲ့ သေနတ် လက်နက်ငယ်ကိုသုံးပါ။ (တော်ရုံ အရပ်သားတွေအနေနဲ့  ကိုယ့်ကို မျက်နှာချင်းဆိုင် ပစ်ခံရရင် ကျည်ဆန် ကိုယ့်ပေါ်က၊ ကိုယ်အနားက လေကို ခွင်းသွားတဲ့အသံကြားရုံနဲ့  သွေးလန့် နိုင် ပါ တယ်။ ပြန်ဆုတ်သွားမယ်လို့ တထစ်ချယုံကြည်တယ်။)

ဒုတိယအဆင့်အနေနဲ့ ကာဘိုင်လို calibre သေးပြီး ဒဏ်ရာပဲရစေနိုင်တဲ့ လက်နက်ငယ်နဲ့  ဒူးအောက် ကိုပစ်ရမယ်။ (ဒါက ဗီယက်နမ်စစ်တုန်းကလည်းသုံးခဲ့တဲ့ နည်းပရိယယ်ပဲ။ ရန်သူ မသေပေမဲ့ ဒဏ်ရာရသွားရင် အုပ်ချုပ်မှုဆိုင်ရာတွေအလုပ်ပိုစေတယ်။ စိတ်ဓါတ်ရေးရာ အရ အထက်စည်းရတယ်ပေါ့ဗျာ…) ဒါမှမရဘူး.. နောက်ဆုံး အဆင့်ထိ ဆက်တိုးလာမယ်ဆိုရင် တတိယ အဆင့်အနေနဲ့ ကျန်တဲ့ လက်နက်ငယ်တွေ (ဘီအေ ၇၂ ၊ စက်လတ်) တွေသုံးပြိးပစ်ခတ်ဖို့ ပဲ။ (ဒီအဆင့်ထိတော့ မမျှော်မှန်းထားကြပါဘူးလေ) ဒီတော့ ကျနော်လည်း ကျနော့် တပ်ခွဲမှူးတွေ၊ တပ်စုမှူးတွေ။ တပ်စုတပ်ကြပ်ကြီးတွေအထိ လူကိုယ်တိုင် လုပ်ဆောင်ရမဲ့ အဆင့်ဆင့် procedures / measures တွေကို သေချာရှင်းပြရ ပါတယ်။ ပြီးရင် ရဲဘော် (တပ်သားတွေအဆင့်) ထိနားလည်အောင်ကိုယ်တိုင်လိုက်ရှင်းထားရ ပါတယ်။ အမှားခံလို့ မရပါ။

နောက်တစ်ချက်က ကျနော့်အမိန့် မရရင် လုံးဝ (လုံးဝ) ကျည် မထိုးရဘူး။ ပြောင်းထဲမှာ ကျည်မရှိဘူးဆိုတာ တပ်စုမှူးအရာရှိတွေကိုယ်တိုင်စစ်ဆေးပြီး သတင်းပို့  ခိုင်းရတယ်။ မတော်တဆဆိုတာမျိုး၊ လက်ယားလို့ ဆိုတာမျိုး မဖြစ်အောင်လို့ ပါ။

ဒီအတိုင်းပဲ တပ်ဖြန့် ထားတယ်။ ရှေ့ ဆုံးမှာ ကာဘိုင်သမားတွေ ဒူးထောက်ပြီး စောင့်တယ်။ ဒုတိယအဆင့်မှာ လက်နက်ငယ်နဲ့ မတ်တတ်ရပ်စောင့်တယ်။ နောက်ဆုံးမှာတော့ armored car နဲ့ ပေါ့။ ဆန်ဒပြတဲ့ လူအုပ်တဖက့်နဲ့  ကျနော့်တပ် တဖက်နဲ့  စောင်နေ တင်းနေကြတာ ၁၂ နာရီထိုး သွားတယ်။ တစ်ခုကတော့ သူတို့ ဖက်က barricades တွေကို တော့မကျော်ဘူး။ ရှေ့ ကို တွန်း တွန်းပြီးရွေှ့ နေတယ်။ ကျနော့်အထက် ကွပ်ကဲမှုကလည်း စကားပြောဆက်သွယ်ရေးစက်နဲ့  ညွှန်ကြား ချက်တွေပေးနေတယ်။ အခြေအနေတွေ အချိန်နဲ့ တပြေးညီတည်းမေးနေတယ်။ ကျော်ရင် ပစ်ဖို့ လည်း ခဏခဏသတိပေးညွှန်ကြားနေတယ်။

ကျနော်ဘာလုပ်ရမလဲ… သေချာတာကတော့ ဖြစ်နိုင်လျှင် ဒီလူထုကို ကျနော်မပစ်လိုပါ… ဒါပေမဲ့ အမိန့် ကလည်းရှိနေသည်.. ဒိလိုမျိုး အခြေအနေမကြုံဖူးပါ.. လက်နက်ကိုင်ထားတဲ့ ရန်သူနဲ့ ဆိုရင်တော့ဘာမှပြောစရာ မရှိပါ။ သူပစ်ကိုယ်ပစ်ပဲ.. ကျနော်တို့ ခေတ်မှာ rubber bullets, plastic bullets တွေ smoke bombs / water canons တွေ မရှိပါ။ live rounds တွေပဲပေးထားတယ်။ ကျနော်တို့ က ရဲတွေမဟုတ်ပါ။ စစ်တပ်ပါ။ နောက်ဆုံးတော့ ကျနော် အကြံတစ်ခုရသည်.. ကျနော် အော်ဟစ်နေတဲ့ လူထုနားကပ်သွားတယ်။ ပြီးတော့ သူတို့ ထဲက ကိုယ်စားလှယ် ၄ ဦးကို ဆွေးနွေးဖို့  ဖိတ်ခေါ်လိုက်တယ်။ လူငယ်အဖွဲ့ ထဲက ၂ ယောက်၊ ဘုန်းကြီးထဲက ၁ ပါး၊ မိန်းခလေးတွေထဲက တစ်ယောက် သူတို့ ဘာသာရွေးပြီး ကျနော်နဲ့ ဆွေးနွေးဖို့ ပါ။ အချိန် ၁ဝ မိနစ်ပေးလိုက်တယ်။

စကော့ဈေး ညာဘက် အခုကားတွေရပ်သည့်နေရာ ဓါတ်တိုင်အောက် တွင် စောင့် လိုက်တယ်။။ လူအုပ်ုထဲက ကိုယ်စားလှယ် ၃ ဦးထွက်လာတယ်။ လူငယ်အဖွဲ့ က ၁ ယောက်၊ အမျိုးသမီး ငယ်အဖွဲ့ က ၁ ယောက်နဲ့  ဘုန်းကြီးထဲက တစ်ပါး။ ကျနော် သူတို့ နဲ့  ၄ဝ မိနစ်လောက်ဆွေးနွေးတယ်။ အဓိက message ကတော့ ရှင်းရှင်းပဲ။ ကျနော်က စစ်သား။ အမိန့် ရထားတယ်။ ခင်ဗျားတို့  ဒီစည်းကျော်ရင်ပစ်ရမယ် ဆိုတာပဲ။ ဒါပေမဲ့ ကျနော်ဖြစ်နိုင်ရင်မပစ်ချင်ဘူး။ ခင်ဗျားတို့ က လက်နက်ကိုင်ထားတဲ့ ရန်သူမဟုတ်ဘူး။ လက်နက်လည်းမရှိဘူး။

ကျနော်တို့ ဟာ မြန်မာလူမျိုးအချင်းချင်းပဲ။ နိုင်ငံခြားသားတွေလည်း မဟုတ်ဘူး။ အဲဒီတော့ ကျနော်လည်း ခင်ဗျားတို့ လို ပဲ ကျင်းထဲကြပ်ထဲရောက်နေတယ်။

ခင်ဗျားတို့  ကျနော့် နေရာမှာ ဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ…ဘာလုပ်စေချင်လဲ..ကျနော်ဘာ လုပ်ပေးရမလဲ…ဒါပေမဲ့ သတ်မှတ်ထားတဲ့ စည်းတော့ကျော်မရဘူး…ခင်ဗျားတို့  ဒီသွေးဆူနေ တဲ့ လူအုပ်ကို ထိန်းနိုင်မလား.. တာဝန်ယူနိုင်မလား.. ဒီရက်တွေမှာ ကုန်တိုက်တွေဖေါက်။ ဆိုင်တွေဖေါက်၊ လုယက်မှုတွေ၊ ကားတွေလှန်ပြီးမီးရှို့ တာတွေ၊ ဓါတ်တိုင်တွေချိုးပစ်တာတွေ၊ သံသယရှိတဲ့လူတွေကို ခေါင်းဖြတ်သတ်တာတွေ.. ဘာမှငြင်းဆန်လို့ မရ၊ ငြင်းဆန်ခွင့်မပေး တာတွေ၊ ခင်ဗျားတို့ လူအုပ်ထဲမှာ ခင်ဗျားတို့  အာမခံနိုင်တဲ့လူတွေဘယ်လောက်ပါသလဲ၊ အာမမခံနိုင်တဲ့လူတွေဘယ်လောက်ပါသလဲ..ဖျက်ဆီးလိုက်တဲ့ ဆိုင်တွေ၊ကားတွေ၊ အဆောက် အဦတွေ..ဒါတွေဟာ ကိုယ်မြန်မာလူမျိုးတွေပိုင်ဆိုင်တာတွေပဲ.. အားလုံးပိုင်ကြတာပဲ.. ခင်ဗျား တို့ တောင်းဆိုတဲ့ ဒီမိုကရေစီ ရရင် ဒါတွေအားလုံး ပြန်တည်ဆောက်ယူရမှာ မဟုတ်လား..မူလ ကထဲက ဆင်းရဲတဲ့နိုင်ငံဖြစ်နေရတဲ့အထဲ ဒါတွေဖျက်ဆီးရင် ဘယ်သူအကျိုး ရှိမလဲ..တိုင်းပြည်ပဲနစ်နာမယ်.. အစကနေ သုညကနေပြန်စရမယ်.. ဒီတော့ စဉ်းစားကြပါ..ဘာလုပ်ချင်တာလဲ.. (အဲဒိအချိန်မှာ ဒေါက်တာမောင်မောင်ရဲ့ ကြားဖြတ်အစိုးရ တိုင်းပြည်တာဝန်ယူတော့မယ်ဆိုပြီး ရေဒိယိုကကြေငြာတယ်..) ဒီအစိုးရဘာလုပ်ပေးမလဲဆို တာ စောင့်ကြည့်ဖို့ မသင့်ဘူးလား… စသည်စသည်များကို ဆွေးနွေးလိုက်တယ်.. သူတို့ တွေဝေသွားတယ်။

အထူးသဖြင့် ဘုန်းကြီးက တကာကြီးပြောတာတရားပါတယ်..ဘုန်း ဘုန်းလည်း ဒီလုအုပ်လိုက်ထိန်းရင်းနဲ့  ဆွမ်းစားလွတ်သွားပြီ လို့ စပြောတယ်.. အင်မတန် ပြင်းထန်နေတဲ့ မိန်းခလေးလည်း ဘာဆက်ပြောရမှန်းမသိပဲ ငြိမ်နေတယ်.. ကျနော်က တ ကယ်တော့ သူ့ ကိုကြောက်တာ..စိုးရိမ်တာ.. နောက်သူတို့ အချင်းချင်း ဆွေးနွေးဖို့  အချိန်ပေးလိုက်တယ်..အဖြေတစ်ခုရအောင်ပေါ့.. ခဏကြာတော့.. ဗိုလ်မှူး.. ကျနော်တို့ အဆိုတစ်ခုပြုချင်တယ်တဲ့..ပြောပါဆိုတော့ကျနော်တို့  ကိုသံဆူးကြိုးတွေ နည်းနည်းဖယ်ပေးပါတဲ့..ဒါပေမဲ့ ကျနော်တို့ လူအုပ်ကိုစည်းရုံးပြီး ဆူးလေ လမ်းဖက်ကို ပေါင်းဖို့  မကြိုးစားတော့ပါဘူး.. ဆေးရုံကြီးကိုပဲ တစ်ပါတ် ပတ်ခွင့်ပြုပါ..တဲ့။

ကျနော်က ဒါဆိုရင် တစ်ပါတ်ပတ်ပြီးရင် ခင်ဗျားတို့  သပိတ်လှန်မလား.. လူစုခွဲမလားလို့  အာ မခံချက်တောင်းလိုက်တယ်..သူတို့ လူအုပ်နဲ့ ပြန်ဆွေးနွေးပါရစေလို့ ပြောတယ်.. ကျနော် လည်း အချိန် နာရီဝက်ထပ်ပေးလိုက်တယ်.. နာရီဝက်မပြည့်ခင်မှာ.. သဘောတူပါတယ်တဲ့.. (ကျနော် အသက်ရှူလို့ ပြန်ရသွားတယ်) ရဲဘော်တွေကို barricade နောက်နည်းနည်းရွှေ့ ပြီး ဟပေးလိုက်တယ်။

လူအုပ်ကြီးက ရွှေတိဂုံ ဘုရားလမ်းအတိုင်း သိမ်ကြီးဈေးဘက်ဆင်းသွားတယ်။ ဆေးရုံတစ်ပါတ်ကို ပတ်တယ်။ တစ်နာရီလောက်ကြာတော့ ကျနေိာ့ထိပ်ပြန်ရောက်လာပြီး အလံတွေလှဲ သပိတ်လှန်လိုက် တယ်။ လူစုခွဲသွားကြတယ်။ ကျနော့်တာဝန် ကျနော် ကြေပါတယ်။

လူအုပ် ဆူးလေလမ်းဖက်မပေါင်းမိဘူး။ လူအုပ်လည်း သူတို့ ဆန်ဒပြည့်ဝသွားတယ်.. win win situation ပဲ။

ကျနော်ကတော့ ပိုစိတ်ချမ်းသာတာ ပေါ့… ဒီနေ့ အထိ အိပ်ပျော်တယ်.. ကျနော် ၈၈ အရေးအခင်းမှာ တစ်လကျော်လောက်ရန်ကုန်မှာရှိခဲ့တယ်။ စ ဆုံး သေနတ် တစ်ချက်မှ မဖေါက်လိုက်ရ မပစ်လိုက်ရဘူး။ (ကျနော့်ကိုတော့ ဝန်ကြီးများရုံးမှာ တစ်ည.. ၃၉ လမ်း ၄ဝ ထိပ် ဒုတိယထပ်တိုက်ခန်းတစ်ခုကနေ လက်နက်ငယ်နဲ့  နာရီဝက်လောက် အပစ်ခံ ခဲ့ရပါတယ်။) ကျနော်တို့အခြေအနေနဲ့ ယှဉ်ရင် လက်ပန်းတန်းတောင်ဖြစ်စဉ်မှာ မနက်ကြီး ၃ နာရီလောက် အိပ်နေတဲ့ လုအုပ်ုကို မျက်ရည်ယိုဗုံးတွေနဲ့  လူစုခွဲ ပစ်ခတ်ခဲ့တယ်ဆိုတာဖတ်ရတော့ ဘယ်လို မှစဉ်းစား မရဘူး… ရဲအရာရှိကြီးတွေကို ခင်ဗျားတို့  လွန်ခဲ့တဲ့ ၂၅ နှစ်မှာတုန်းက ဘယ်မှာတာဝန်ထမ်းဆောင်နေ ကြလဲ လို့ မေးတော့ ၂ဝ ထဲက ၂ ယောက်ပဲ တပ်ထဲ (ဒုဗို်လ်အဆင့်) ရဲထဲ (ဒုရဲအုပ်အဆင့်) နဲ့ ရောက်နေပြီ။

မှက်ချက်။ ။ ကျန်တဲ့အရာရှိကြီးများက အထက်တန်းကျောင်းသားဘဝပဲရှိကြသေးတယ်။ ရဲအရာရှိကြီးများ negotiation, dialogue ဆိုတာ နားလည် ကျင့်သုံးနိုင်ပါစေ လို့ … ကျနော်ဒီဖြစ်စဉ်ကို fB မှာမတင်ချင်ဘူး။
 

 .. www.MyanmarExpress.net
 

22 comments:

၁၉၈၈ မှာ မြို့တွေပေါ်မှာ ကျောင်းသားအမည်ခံဆူပူသောင်းကျန်းသူတွေက နိုင်ငံတော်ပိုင်၇ုံး စက်၇ုံ ကုန်လှောင်၇ုံ အေ၇ာင်းဆိုင်တွေကို လူအုပ်နဲ့ဝင်လု ဖျက်ဆီးမီး၇ှို့ လူအုပ်ထဲကလူတခိျု့ကိုဆွဲထုတ်ပီး ထောက်လှမ်းေ၇းလို့အတင်းစွပ်စွဲပီးခေါင်းဖြတ်သတ်နေကြလို့ တပ်မတော်ကမလွဲမေ၇ှာင်သာပဲဝင်ပီးထိန်းသိမ်းခဲ့၇တာ တပ်မတော်ကဝင်ထိန်းသိမ်းတာနောက်ကျသွား၇င် နောက်ထပ်ခေါင်းဖြတ်သတ်ပွဲတွေအများကြီးထပ်ဖြစ်အုံးမှာ (၈၈)ကျောင်းသားအမည်ခံဆူပူသောင်းကျန်းတဲ့ကောင်တွေက မြို့ပေါ်မှာခေါင်းဖြတ်သတ်လို့မ၇တော့တာတောင် တောထဲမှာကျောင်းသားသပုန်တပ်ဖွဲ့ပီး သူတို့ကျောင်းသားသပုန်အချင်းချင်းထောက်လှမ်းေ၇းလို့အတင်းစွပ်စွဲ ကျောင်းသား(၁ဝဝ)ကျော်ကိုဖက်ဆစ်ဂျပန်တွေထက်အများကြီးပိုဆိုးတဲ့နည်းတွေနဲ့နှိပ်စက်ပီး ခေါင်းဖြတ်သတ်ပွဲတွေကိုဆက်လုပ်ကြလို့ ကျောင်းသား(၄ဝ)သေကုန်ကြတာပေါ့ နိုင်အောင် မိုးသီးဇွန်ေ၇ာ်နယ်အောင်နိုင် သံချောင်း ဆိုတဲ့လူသတ်ကောင်တွေကို ဘာမှနိုင်ငံေ၇းသမားစာ၇င်းထဲထည့်စ၇ာမလိုဘူး နိုင်ငံေ၇းသမားအဖြစ်လူ၇ာသွင်းစ၇ာမလိုဘူး လူသတ်ကောင် နိုင်အောင် မိုးသီးဇွန် တို့ကိုစွဲဆိုထားတဲ့လူသတ်မှုတွေနဲ့ခုံ၇ုံးတင်စစ်ဆေးပီးအပြစ်ပေးဖို့ပဲလိုတယ်

နိုင်အောင် တို့ မိုးသီးဇွန် တို့က ၈၈ အမည်ခံ လူသတ်သမားတွေ။
မင်းကိုနိုင် တို့ မြအေး တို့က ၈၈ အမည်ခံ အေးဓါးပြတွေ။

၈၈-အမည်ခံကောင်တွေအားလုံး ဘာစောက်ဆင့်မှမရှိတဲ့ကောင်တွေ။
ဒီကောင်တွေပယောဂနဲ့ တောထဲ တောင်ထဲ လူမသိသူမသိ
အသက်စတေးခဲ့ရတဲ့ ကျောင်းသူ/သားတွေ အများကြီး။
သမိုင်းတရားခံကောင်တွေက ခုမှ ဆရာကြီးလိုလို နွားပြာကြီးလိုလို
လူတွင်ကျယ် လုပ်နေကြတာ တော်တော်ရွံ့ဖို့ကောင်းတယ်။

မိုးသီး နဲ့ နိုင်အောင် ဆိုတာ လူစိတ်မ၇ှိတဲ့ တိ၇ိဆာန်၇ိုင်းတွေပါ

ရက်စက်ယုတ်မာလှတဲ့ ABSDFလူသတ်သမား နိုင်အောင်နဲ့ မိုးသီးဇွန် အတွက် သေဒဏ်မှတစ်ပါး အခြားမရှိ

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်ဆိုသူတွေကို ပြည်သူတွေက စိတ်ပျက်နေကြပါပီ

မင်းကိုနိုင်ဟာ ၂၀၁၃ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ နော်ဝေးနိုင်ငံအော်စလိုမြို့မှာ အင်္ဂလိပ်ဘာသာနဲ့မိန့်ခွန်းပေးခဲ့ပါတယ် မြန်မာနိုင်ငံတိုးတက်ေ၇းမှာကျောင်းသားတွေ၇ဲ့အခန်းကဏ္ဍ အကြောင်းကို အင်္ဂလိပ်လိုတတ်သူတစ်ယောက်ကေ၇းပေးထားတဲ့စာကို မင်းကိုနိုင်က အသံထွက်အမှားတွေနဲ့ထော့ကျိုးထော့ကျိုး ဖတ်ပြသွားတာပါ

(၈၈)မျိုးဆက်ကျောင်းသားဆိုသူတွေကို အင်္ဂလိပ်လိုကောင်းကောင်းတတ်တဲ့ အသိပညာ၇ှင်အတတ်ပညာ၇ှင်ကြီးတွေ အတွေးအခေါ်ပညာ၇ှင်ကြီးတွေ ဘက်စုံတော်တဲ့သူ၇ဲကောင်းကြီးတွေပုံစံမျိုး ၇မ်းသန်းမှန်းသန်းအထင်ကြီးနေတဲ့ ပြည်သူတွေက မင်းကိုနိုင်၇ဲ့အ၇ည်အချင်းအစစ်အမှန်ကို မျက်ဝါးထင်ထင်မြင်လိုက်၇တော့ မင်းကိုနိုင်ကို တော်တော့်ကိုအံ့သြစိတ်ပျက်ခဲ့ကြပါတယ် မင်းကိုနိုင် အင်္ဂလိပ်လိုအဲ့လောက်ညံ့မယ်လို့မထင်ထားကြဘဲ့ကိုး

အမှန်မှာ အင်္ဂလိပ်စာအလွန်ညံ့တာ မင်းကိုနိုင်တစ်ယောက်ထဲမဟုတ်ပါ ၈၈ကျောင်းသားခေါင်းဆောင်ဆိုတဲ့ကောင်တွေအားလုံး အင်္ဂလိပ်စာအလွန်ညံ့ပါတယ် အင်္ဂလိပ်စာတင်ညံ့တာမဟုတ်ပါ အခြား ကျောင်းသင်ဘာသာ၇ပ်တွေမှာေ၇ာ ကျောင်းမှာမသင်တဲ့ဘာသာ၇ပ်တွေ အထွေအထွေဗဟုသုတဖက်မှာေ၇ာ မတော်ပါဘူး ကျောင်းသားကောင်းအ၇ည်အချင်းတွေလဲမ၇ှိပါ တခြားလူတော်လူကောင်း နိုင်ငံသားကောင်းအ၇ည်အချင်းတွေလဲညံ့ပါတယ် အဲ့လို အင်္ဂလိပ်စာေ၇ာ တခြားအ၇ည်အချင်းတွေေ၇ာ ညံ့တဲ့ကောင်တွေက (၈၈)ကျောင်းသားဆူပူမှုကိုဦးဆောင်ခဲ့ကြပီး သူတို့ထက်ပိုညံ့တဲ့ ဝေလေလေကျောင်းသားတွေ စည်းပျက်ကမ်းပျက်ကျောင်းသားဆိုးတွေ ထိုးချင်၇ိုက်ချင်တဲ့စ၇ိုက်ကြမ်းကျောင်းသားလူမိုက်တွေတင်မက ကျောင်းထုတ်ခံထား၇သူတွေ ကျောင်းထွက်ထားသူတွေ ကျောင်းပြီးထားတဲ့အလုပ်လက်မဲ့တွေ ဘယ်ကျောင်းမှမတက်ဖူးတဲ့ အလုပ်မ၇ှိအကိုင်မ၇ှိ (၁ဝ၉) (၁၁ဝ) တွေက ကျောင်းသားအမည်ခံပီး အနောက်ကလိုက်ခဲ့ကြတာပါ

၁၉၈၈ သြဂုတ် (၈)၇က်မှာစတင်ခဲ့တဲ့ (၈၈)ကျောင်းသားဆူပူမှု နောက်ပိုင်းမှာေ၇ာင်တော်ပြန်နဲ့ေ၇ာလွှတ်တဲ့လူတွေ အလုံးအ၇င်းနဲ့ပါဝင်လာကြပီး (၈၈)ပြည်လုံးကျွတ်ဆူပူသောင်းကျန်းမှု စစ်စစ် ဖြစ်သွားပါတော့တယ် ဆန်ဒပြလူအုပ်ကြီးတွေထဲက သတ်ချင်ဖြတ်ချင်စိတ်တွေဖုံးလွမ်းပီး လူစိတ်ပျောက်နေသူတွေက သူတို့မသင်ကာဘူးလို့ထင်တဲ့ လူအုပ်ထဲကလူတခိျု့ကိုေ၇ွးပီးဆွဲထုတ် ၇ိုက်နှက်စစ်ဆေးပီး သူတို့၇ဲ့ ခြိမ်းခြောက်မေးခွန်းတွေ တစ်ဖက်သတ်စွပ်စွဲချက်တွေကို ကြောက်လို့ မဖြေတတ်လို့ သွေးဆာနေသူတွေ ကျေနပ်အောင်မဖြေနိုင်တာတစ်ခုထဲနဲ့ အခြေအမြစ်မ၇ှိ ထောက်လှမ်းေ၇းလို့စွပ်စွဲပီး မြို့လယ်ခေါင်မှာ မင်းမဲ့စ၇ိုက်နဲ့ခေါင်းဖြတ်သတ်ကြတာတွေဖြစ်ခဲ့၇တယ် နိုင်ငံတော်ပိုင်ကုန်လှောင်၇ုံတွေ စက်၇ုံတွေ အလုပ်၇ုံတွေကိုဖေါက်ထွင်းလုယက်ကြတာ မီး၇ှို့ဖျက်ဆီးကြတာတွေဖြစ်ခဲ့၇တယ်

၁၉၈၈ စက်တင်ဘာမှာ မင်းမဲ့စ၇ိုက်နဲ့သတ်ဖြတ်တိုက်ခိုက်လုယက်မီး၇ှို့တာတွေဆက်လက်ဖြစ်ပွားနေပီး အခြေအနေကတစ်နေ့တခြားဆိုး၇ွားယိုယွင်းလာလို့ အေးချမ်းစွာနေထိုင်လိုတဲ့ နိုင်ငံသားတွေ၇ဲ့အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက်လာတဲ့အတွက် ၁၉၈၈ စက်တင်ဘာ (၁၈)၇က်မှာ တပ်မတော်က မလွဲမေ၇ှာင်သာနိုင်ငံတော်အာဏာကို၇ယူခဲ့၇ပါတယ်

တပ်မတော်က၀င်ရောက် မထိန်းသိမ်းခင် ဆူပူသောင်းကျန်းမှုတွေအ၇ှိန်ကောင်းနေစဉ်မှာ တပ်မတော်က၀င်ရောက်ထိန်းသိမ်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မေတာ၇ပ်ခံအကူအညီတောင်းခဲ့တာအမှန်ပါ ပီးတော့ (၈၈)ကျောင်းသားဆူပူမှုခေါင်းဆောင်တွေနဲ့ ကျောင်းသားမဟုတ်တဲ့နိုင်ငံေ၇းသမားတွေအနေနဲ့ မသိနားမလည်တဲ့ကျောင်းသားလူငယ်တွေကို အစိုး၇ဆန်ကျင်ေ၇းလှုပ်၇ှားမှုတွေလုပ်ဖို့သွေးထိုးပေးနေတာတွေကို ဆက်မလုပ်ဖို့ကိုလဲ ဒေါ်အောင်ဆန်းစုကြည်ကသတိပေးပြောကြားခဲ့တာအမှန်ပါ ဒါပေမဲ့ အခုနောက်ပိုင်းမှာ အဲ့ဒီ (၈၈)ပြည်လုံးကျွတ်ဆူပူသောင်းကျန်းမှုကာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကိုမေတာ၇ပ်ခံချက်နဲ့ (၈၈)ကျောင်းသားဆူပူမှုခေါင်းဆောင်တွေကိုသတိပေးပြောကြားချက်တွေကို ကာယကံ၇ှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ (၈၈)ကျောင်းသားခေါင်းဆောင်ဆိုသူတွေကေ၇ာ အတိုက်အခံမီဒီယာတွေကပါ မဖေါ်ပြတော့တာပါ

(၈၈)ကျောင်းသားဆူပူပွဲမှာ လမ်းမှားကိုလိုက်ပီးဆူပူခဲ့တဲ့ကျောင်းသားလူငယ်တခိျု့ဟာ (၈၈)ကျောင်းသားဆူပူပွဲပီးတဲ့နောက်မှာ နောက်ထပ်လမ်းမှားကို ဆက်လိုက်ကြပီး မှားပီး၇င်းမှားကြပြန်ပါတယ် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်တော်လှန်ေ၇းကို လုံးဝလက်မခံဘူးလို့ပြောထားတဲ့ကြားက အစွန်းေ၇ာက်ကျောင်းသားလူငယ်တခိျု့ဟာ လက်နက်ကိုင်တော်လှန်ေ၇းလုပ်မယ်ဆိုပီး နယ်စပ်တွေကိုထွက်လာကြတယ် ဘာနိုင်ငံေ၇းအတွေးအခေါ်မှမ၇ှိတဲ့ တိုက်ချင်ခိုက်ချင်စိတ် သတ်ချင်ဖြတ်ချင်စိတ်ဘဲ၇ှိတဲ့ကျောင်းသားလူငယ်တွေလဲ အများကြီးပါလာတယ် ဆူပူမှုမှာ ၇ာဇဝတ်မှုတွေလုပ်မိခဲ့ကြတဲ့ဝေလေလေကောင်တွေကလဲ အဖမ်းခံ၇မှာကြောက်လို့ နယ်စပ်တွေကိုထွက်ပြေးကြတယ်

(၈၈)ကျောင်းသားဆူပူပွဲပီးတဲ့နောက်မှာ ဆူပူခဲ့တဲ့ကျောင်းသားလူငယ်တခိျု့ဟာတောထဲေ၇ာက်ပီး ၁၉၈၈ နိုဝင်ဘာမှာ ABSDFကျောင်းသားသူပုန်တပ်ကိုဖွဲ့တဲ့အခါမှာလဲ အင်္ဂလိပ်စာေ၇ာတခြားအ၇ည်အချင်းတွေေ၇ာညံ့တဲ့ ဝေလေလေကောင်တွေကအများစုဘဲ့ အဲ့လိုဘာမသိညာမသိ ဘက်စုံညံ့တဲ့ဝေလေလေကောင်မျိုးတွေထဲမှာ အင်္ဂလိပ်လိုတတ်တဲ့ကောင်တွေ ဆ၇ာဝန်ဆိုတဲ့ကောင်တွေက တကဲ့ခေါင်းဆောင်ကောင်းအ၇ည်အချင်းတွေမ၇ှိပေမဲ့ ခေါင်းဆောင်တက်ဖြစ်တာပေါ့

အဲ့လိုကြောင့်မို့ တကဲ့ခေါင်းဆောင်ကောင်းအ၇ည်အချင်းမ၇ှိတဲ့ ဒေါက်တာနိုင်အောင်ေ၇ာ်နယ်အောင်နိုင် ဆိုတဲ့ကောင်တွေက ABSDFအနူတောမှာ လူချောဖြစ်ပီး ခေါင်းဆောင်တက်ဖြစ်တာဘဲ့ ABSDFတပ်ပျက်မှာ ဗိုလ်ဖြစ်တာဘဲ့ ABSDFက စဖွဲ့ပီးမကြာခင်မှာဘဲ ကျောင်းသားအချင်းချင်းအာဏာလုပီး ထောက်လှမ်းေ၇းလို့တစ်ဖက်သတ်စွပ်စွဲပီး သွေးဆာနေတဲ့တိ၇ာဆန်အ၇ိုင်းကောင်တွေလို နှိပ်စက်သတ်ဖြတ်တာတွေကြောင့် တပ်ကပျက်ပီးသားဖြစ်သွားတာပါ

နိုင်အောင် ဆိုတဲ့ကောင်က ဆေးကျောင်းမှာ ဆေးစာကိုကောင်းကောင်းမလေ့လာဘဲ ဆေးခြောက်၇ှူ သောက်စားမူး၇ူး အပျော်အပါးလိုက်စား ပျက်စီးနေတဲ့ကောင်ပါ အဲ့လိုကြောင့်မို့ ဘယ်လိုနည်းနဲ့မှဆ၇ာဝန်ကောင်း မဖြစ်လာနိုင်မှန်းသူ့ကိုယ်သူသိနေလို့ (၈၈)ကျောင်းသားဆူပူမှုအပီး သူဆေးခန်းဖွင့်ထားတဲ့တောမြို့က မြို့လုံးကျွတ် မပါမနေ၇ သပိတ်မှာ ဝင်ပါပီးတောထဲေ၇ာက်သွားတဲ့ကောင်ပါ နိုင်ငံေ၇းမ၇ှိတဲ့ သမိုင်းမ၇ှိတဲ့ကောင်ပါ

ဒေါက်တာနိုင်အောင်နဲ့ ဆေးကျောင်းသားေ၇ာ်နယ်အောင်နိုင် ဆိုတဲ့ကောင်တွေက အင်္ဂလိပ်လိုတတ်တော့ ABSDFအနူတောမှာလူချောဖြစ်ပီး ဒေါက်တာနိုင်အောင်ကဗဟိုABSDFဥကဌေ၇ာ်နယ်အောင်နိုင်ကမြောက်ပိုင်းABSDFဥကဌ တက်ဖြစ်ပေမဲ့ ဥကဌအ၇ည်အချင်းမ၇ှိ ဥနှောက်မ၇ှိ၇ုံမက လုယူထားတဲ့ တောတွင်းကုလားထိုင်နေ၇ာ၇ဲ့ ၂ပြား၁ပဲအာဏာကို မတ၇ားတဲ့နည်းနဲ့မောင်ပိုင်စီးဖို့အာဏာ၇ူးတော့တာဘဲ့

နိုင်အောင်ေ၇ာ်နယ်အောင်နိုင်တို့က သူတို့ထက်ပိုတော်ပိုတတ်ပိုအ၇ည်အချင်း၇ှိတဲ့ ထွန်းအောင်ကျော် ချိုကြီး မောင်မောင်ြ ကွယ်နဲ့ တခြားကျောင်းသားခေါင်းဆောင်တွေကို ထောက်လှမ်းေ၇းလို့တစ်ဖက်သတ်စွပ်စွဲပီး အသေသတ်တော့တာဘဲ့ လူ(၄၀ဝ) မပြည့်တဲ့ ကချင်ပါဂျောင်ကျောင်းသားတပ်မြောက်ပိုင်းမှာ ကျောင်းသား(၁၀ဝ)ကျော်ကို ထောက်လှမ်းေ၇းလို့တစ်ဖက်သတ်စွပ်စွဲပီး ဖက်ဆစ်ဂျပန်တွေကတောင်အ၇ှုံးပေး၇မဲ့နည်းတွေနဲ့ နှိပ်စက်သတ်ဖြတ်တော့တာဘဲ့

ဒေါက်တာနိုင်အောင်ေ၇ာ်နယ်အောင်နိုင်တို့က ဥကဌအ၇ည်အချင်းမ၇ှိလို့ ဥနှောက်မ၇ှိလို့ အာဏာ၇ူးလို့ သူတို့ တစ်ဖက်သတ်စွပ်စွဲပီးဖမ်းထားတဲ့ကျောင်းသားတွေကို သွေးဆာနေတဲ့တိ၇ာဆန်အ၇ိုင်းကောင်တွေလို နှိပ်စက်၇ာကလက်လွန်ပီးသေတာ၇ယ် ခေါင်းဖြတ်သတ်တာ၇ယ် အားလုံးပေါင်း ကျောင်းသား(၄၀)သေခဲ့၇တယ်

အာဏာ၇ူး နိုင်အောင်ေ၇ာ်နယ်အောင်နိုင်တို့က ကိုကိုကြီးကို ထောက်လှမ်းေ၇းစ၇င်းထဲထည့်ထားပီးသား ကိုကိုကြီးသာ ABSDFကိုေ၇ာက်သွား၇င် ABSDFကဥနှောက်မ၇ှိတဲ့ နိုင်အောင်ေ၇ာ်နယ်အောင်နိုင်တို့က ကိုကိုကြီးကိုလဲခေါင်းဖြတ်သတ်ပြစ်လိုက်မှာဘဲ့ မင်းကိုနိုင် ကိုကိုကြီးတို့ကို နိုင်ငံတော်ကအကျဉ်းထောင်ထဲမှာထိန်းသိမ်းထားလို့ ကျောင်းသားသူပုန်တပ်ကမြေကြီးထဲကိုမေ၇ာက်သွားတာ မင်းကိုနိုင် ကိုကိုကြီးတို့ နိုင်ငံတော်၇ဲ့ကျေးဇူးကြောင့်အခုထိအသက်၇ှင်နေသေးတာမို့ နိုင်ငံတော်ကိုကျေးဇူးတင်၇မယ်

ဒါပေမဲ့ မင်းကိုနိုင် ကိုကိုကြီးတို့ဟာ နိုင်ငံတော်၇ဲ့ကျေးဇူးတ၇ားကိုမသိတတ်၇ုံမက ဒီမိုကေ၇စီလမ်းဖွင့်ပေးခဲ့တဲ့ နိုင်ငံတော်၇ဲ့စေတနာကိုပါစော်ကားတဲ့အပြုအမူတွေလုပ်ဆောင်လာနေကြပါတယ် နိုင်ငံတော်သမတကြီးဦးသိန်းစိန်၇ဲ့အစိုး၇အဖွဲ့က အားကြိုးမာန်တက်ဆောင်၇ွက်ပေးနေတဲ့ ဒီမိုကေ၇စီစနစ်အကောင်အထည်ဖေါ်ေ၇းလုပ်ငန်းစဉ်တွေမှာ တစ်တပ်တစ်အားအဖြစ် မှန်မှန်ကန်ကန်ပူးပေါင်းဆောင်၇ွက်တာမျိုးမလုပ်ဘဲ မင်းကိုနိုင် ကိုကိုကြီးတို့ဟာ အခွင့်အေ၇း၇တိုင်း မကြောက်တ၇ားဟောပီး မသိနားမလည်တဲ့ပြည်သူတွေကို ဆန္ဒပြအောင်သွေးထိုးပေးနေကြပါတယ် သေးတဲ့အမှုကိုကြီးအောင်လုပ်နေကြပါတယ်

ဒါတင်မက လက်ပတောင်းပြသနာကတဆင့် အထွေထွေသပိတ်ကြီးဖြစ်လာပီးဆူပူမှုတွေဖြစ်လာအောင် Generation Wave(GW) (မျိုးဆက်သစ်လူငယ်များအဖွဲ့)- ဗကသ- ဟန်ဝင်းအောင်- နော်အုန်းလှတို့ကို ပိုက်ဆံထောက်ပံ့ပီးနောက်ကွယ်ကကြိုးကိုင်တဲ့ ပြည်ဖျက်တ၇ားခံ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ခင်ဥမ္မာ(NDD) ဒီမိုလုပ်စားလင်မယားဆီက (၈၈)တွေကအကူအညီအထောက်အပံ့ယူပီး နိုင်အောင် ၇ဲ့ မြောက်ပိုင်းတောင်ပိုင်းABSDFလူသတ်မှုကြီးတွေကို ဖုံးကွယ်ပေးနေတယ် ကိုကိုကြီးတို့က မြောက်ပိုင်းABSDFလူသတ်ကွင်းကလွတ်မြောက်ခဲ့တဲ့ စမ်းချောင်းဘိုဘိုတို့ကို နိုင်အောင် ကိုတ၇ားမစွဲဖို့ဖိအားပေးနေတယ်

ABSDFလူသတ်သမား နိုင်အောင် ခင်ဥမ္မာ ဒီမိုလုပ်စားလင်မယားက မြန်မာပြည်ဒီမိုကေ၇စီ၇၇ှိေ၇းကိုခုတုံးလုပ်ပီးတောင်းစားထားတဲ့ ဒီမိုကေ၇စီေ၇း၇ံပုံငွေတွေထဲက အချီကြီးခိုးပီး ဘန်ကောက်နဲ့မဲဆောက်မှာအိမ်တွေကားတွေဝယ်ထားတာကို မင်းကိုနိုင် ကိုကိုကြီးတို့က အားကျပီး နိုင်အောင် ခင်ဥမ္မာ လင်မယားအပါအဝင် ဒီမိုလုပ်စားအဖွဲ့ပေါင်းစုံ၇ဲ့ ဒီမိုလုပ်စားလမ်းစဉ်ကိုလိုက်နေကြလို့ ပြည်သူတွေလဲ မင်းကိုနိုင် ကိုကိုကြီး အပါအဝင် (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်ဆိုသူတွေကိုစိတ်ပျက်နေကြပါပီ

သိတ် မှန် တယ် ဗျာ

ABSDF လူသတ်ပွဲတွေဟာ ၈၈ ကျောင်းသားအစစ်တွေကို အတုတွေက သတ်တဲ့ပွဲပါဘဲ၊ အခု ၈၈ အမည်ခံတွေအကုန်လုံးက အတုတွေဘဲ၊ ၈၈ ကို တကယ်ပုံဖော်ခဲ့သူတွေကို သူတို့နေရာရဖို့ သတ်လိုက်ကြပြီ၊ ဒါကြောင့် ၈၈ မျိုးဆက် ဆိုတာ မရှိတော့ဘူး။

၈၈ နာ မည် ခံ AB မိုး သီး တို့ AB နိုင် အောင် တို့ က ဒီေ လာ က်ေ တာ င် ရ က် စ က် သ တဲ့ လား ။ ဒါေ တွ အ မှန် ဆို ရ င် အ စိုး ရ လူ ကြီး များ အ မှန် တရားေ ပါ် လာ ရန် တာ ဝန် ရှိ ပါ တယ်။ ဒီေ ကာင်ေ တွ ကို အ ပြ စ်ေ ပး သ င့် ပါ တယ်။ ကျောင်း သား တပ် က အ သတ် ခံ ရ သူ ေ တြ သ နား စ ရာ ေ ကာ င်း လိုက် တာ။ တာ ဝန် ရှိ လူ ကြီး များ ကိုေ တာင်း ဆို ပါ ရေ စ ။ အ သ တ် ခံ ရ သူေ တွ အ တွ က် ဒီေ ကာ င်ေ တွ ကို ဖ မ်း ပြီး အ ပြ စ်ေ ပး လိုက် ပါ။

အရှက်မရှိ ငွေရတုလုပ်နေသော ၈ လေးလုံး ကိစ္စကို ဒဲ့ပြောမည်

From:ဦး ဖာ
8 August 2013

၈ လေးလုံးမှာ စစ်တပ်က သာ ၀င်မထိန်းရင် ဘာဖြစ်သွားနိုင်မလဲ
၈လေးလုံးမှာ စစ်တပ်က အရင်ပစ်တယ်လို့ ဘယ်သူပြောလဲ
၈လေးလုံးမှာ ကျောင်းသားတွေ အချင်းချင်း သတ် ပြည်သူတွေကိုခေါင်းဖြတ် သတ်
၈လေးလုံးမှာ ထောင်တွေကို အကြမ်းဖက်သမား၈ ပူးတွေက ဖောက်ချလိုက်တယ်
၈လေးလုံးမှာ ထောင်ဖောက်ထွက်ပြေးလာတဲ့သူတွေဟာ ဘယ်ရောက်သွားကြလဲ
၈လေးလုံးမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  ဆူပူသောင်းကျန်းပြီး မင်းမဲ့စရိုက်ဖြစ်နေတာ
၈လေးလုံးမှာ ရဲတွေက ဂိုဒေါင်ဖောက် ဆိုင်တွေဖျက်ဆီးနေတဲ့သူတွေကိုထိန်းတယ်
၈လေးလုံးမှာ ၈ ပူးနာမည်ခံ အကြမ်းဖက်အင်အားစုက ရဲတွေကိုမိရင် ခေါင်းဖြတ်တယ်
၈လေးလုံးမှာ ဘယ်ကရလာမှန်းမသိတဲ့ လက်နက်တွေနဲ့ ရဲ နဲ့  စစ်တပ်ကို အရင်ပစ်တယ်
၈လေးလုံးမှာ ထောင်ဖော်သူခိုး ဒါးပြ မုဒိန်း လူသတ်ကောင်တွေ ပေါလာတယ်
၈လေးလုံးမှာ ဘယ်သူက အရပ်သား ဘယ်သူကကျောင်းသားမသိ မထင်ရင်ဆွဲစိတယ်
၈လေးလုံးမှာ အချင်းချင်းခေါင်းဖြတ်ပြီး လမ်းတွေမှာ ခေါင်းပြတ်တွေဆွဲထားတယ်
၈လေးလုံးမှာ စစ်တပ်က သာ ၀င်မထိန်းခဲ့ရင် ပြည်တွင်းသောင်းကျန်းသူတွေကြီးစိုးမယ်
၈လေးလုံးမှာ ဖွဲမီးကနေပြသဒ်မီးလောင်ရလာတဲ့အကျိုးက ပြည်သူတွေ ဘ၀ပျက်တာ
၈လေးလုံးမှာ ခေါင်းဆောင်နာမည်ခံတဲ့သူတွေတာဝန်ယူမှုမှမရှိပဲ ပြည်သူတွေကိုပစ်ထား
၈လေးလုံးမှာ မင်းမဲ့ စရိုက်တွေ အားလုံးကို လူတိုင်းမျက်ဝါးထင်ထင်မြင်ရတယ်
၈လေးလုံးမှာ စစ်တပ်က အချိန်မီဝင်မထိန်းခဲ့ရင် အားလုံးခေါင်းပြတ်တွေဖြစ်သွားမယ်
၈လေးလုံးမှာ ခေါင်းဖြတ် လူသတ် ပြီး လမ်းတွေဈေးတွေမှာချိတ်ထားတာ အစိုးရမဟုတ်
၈လေးလုံးမှာ ခေါင်းဖြတ်လူသတ်တာက ၈ ပူးနာမည်ခံ အဖျက်သမားတွေ
၈လေးလုံးမှာ အဲသလို လူသတ်နေလို့  လူစုနေလို့  အကြမ်းဖက်ဝါဒတွေပို့ ချနေလို့ 
၈လေးလုံးမှာ ပဲ စစ်တပ်က သေနတ်ဖောက်ဖြိုခွင်း ထိန်းသိမ်းလိုက်ရတယ်

အဲလိုသာမဟုတ်ရင် ခုအချိန်မှာ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တွေကို ပထွေးခေါ်နေရမလဲဆိုတာ ၈ပူးတွေ ကောင်းကောင်းသိတယ် ။


၈ လေးလုံးကို အထူးတလည် ဂုဏ်ပြုနေဖို့ မလိုဘူး ။ ၈ လေးလုံး ဆိုတာ နိုင်ငံကောင်းစားအောင် ၈ ပူးတွေက လုပ်ခဲ့တာမဟုတ်ဘူး ။

၈ လေးလုံး ဆိုတာ တိုင်းပြည်ကို ချောက်ထဲကျအောင် ၈ ပူးတွေက လုပ်ခဲ့တာ ။

ဒါကို အကျယ်တဝင့် အရှက်မရှိ ငွေရတု လုပ်နေတဲ့ ခွေးသူတောင်းစား ၈ ပူးတွေကို ရွံတယ် ..... ထွီ.............။

၈ လေးလုံးကို အထူးတလည် ဂုဏ်ပြုနေဖို့ မလိုဘူး ။ ၈ လေးလုံး ဆိုတာ နိုင်ငံကောင်းစားအောင် ၈ ပူးတွေက လုပ်ခဲ့တာမဟုတ်ဘူး ။

၈ လေးလုံး ဆိုတာ တိုင်းပြည်ကို ချောက်ထဲကျအောင် ၈ ပူးတွေက လုပ်ခဲ့တာ ။

ဒါကို အကျယ်တဝင့် အရှက်မရှိ ငွေရတု လုပ်နေတဲ့ ခွေးသူတောင်းစား ၈ ပူးတွေကို ရွံတယ် ..... ထွီ.............။

နိုင်အောင် မိုးသီးတို့ကို ခုံရုံးတင် စစ်သင့်တယ်........ သေစားသေစေပေါ့....

ခွေးတိ၇ိဆန်ကောင် နိုင်အောင် လို မြောက်ပိုင်းABSDF တောင်ပိုင်းABSDF ကျောင်းသားပေါင်း(၁၀ဝ)ကျော်ကို ဖက်ဆစ်ဂျပန်တွေကအ၇ှုံးပေး၇မဲ့နည်းမျိုးစုံနဲ့နှိပ်စက်ပီး ကျောင်းသားပေါင်း(၄၀)ကျော်ကို သတ်တာတွေကိုတာဝန်ယူပါတယ်ဆိုတဲ့ ABSDFလူသတ်ကောင်ကို (၈၈)ငွေ၇တုအခမ်းအနားကိုဦးဆောင်ပီးလုပ်တဲ့(၈၈)ခွေးတွေက ဖိတ်တာဟာ မြန်မာပြည်ကိုေ၇ာ ပြည်သူအားလုံးကိုပါ စော်ကားလိုက်တဲ့သဘောပါဘဲ့

မိုးသီးဇွန် နဲ့ ဒေါက်တာနိုင်အောင် ဒီတစ်ခေါက် ဗမာပြေပြန်လာတုံး မြောက်ပိုင်း ABSDF လူသတ်မှုတွေ တောင်ပိုင်း ABSDF လူသတ်မှုတွေနဲ့ တစ်ခါထဲဖမ်းထားလိုက်၇င် မြန်မာပြည်တွင်းကမသိနားမလည်တဲ့လူတွေကို ပြည်ပကနေပီး ဆူပူသောင်းကျန်းဖို့ အမျိုးမျိုးလှုံ့ ဆော်နေတာတွေ တော်တော်နဲသွားမှာ

လူသတ်ကောင် နိုင်အောင် မိုးသီး တို့တတွေ ၀ဋ်ပြန်လည်တော့မယ်။ နိုင်အောင် မိုးသီး နေ၀င်ချိန်ရောက်ပါပြီ။။

လူသတ်တ၇ားခံ နိုင်အောင် ကို မြောက်ပိုင်းအေဘီလူသတ်မှု တောင်ပိုင်းအေဘီလူသတ်မှုပေါင်း(၄၀)ကျော် ၇က်၇က်စက်စက်နှိပ်စက်မှုပေါင်း(၁၀ဝ)ကျော်အတွက် ဒေါ်ချိုချိုကျော်ငြိမ်းကစွဲချက်တင်တာတွေက အားလုံးအမှန်တ၇ားတွေမို့ လူသတ်တ၇ားခံ နိုင်အောင် ဘာတစ်ခွန်းမှ မချေပနိုင်ပဲ ခေါင်းငိုက်စိုက်ကျနေပါေ၇ာလား ဒီဓါတ်ပုံက အေဘီလူသတ်တ၇ားခံ နိုင်အောင် လူသတ်မှုတွေ ၇က်၇က်စက်စက်နှိပ်စက်မှုတွေအတွက် အပြစ်၇ှိတာကို၇ှင်း၇ှင်းလင်းလင်းအဖြေပေးနေတာဘဲ့ ဓါတ်ပုံဆ၇ာ၇ဲ့တော်ချက်က နိုင်း လောက်၇ှိတယ် ဓါတ်ပုံဆ၇ာကိုလျှပ်တပျက်မှတ်တမ်းဓါတ်ပုံဆုတောင်ပေးသင့်နေပီ

မိုးသီးဇွန် ဆိုတဲ့ အယုတ်တမာကောင်ရော... နိုင်အောင် ဆိုတဲ့ ဟိုအကောင်ကြီးရော... နှစ်ကောင်လုံးက အဆင့်အတန်းမရှိတဲ့ လူသတ်သမား လူယုတ်မာတွေပါ....

ဟိုအကောင်ကြီး နိုင်အောင် ကတော့... တောင်ပိုင်း ABSDF မှာ ကိုနေဝင်းအောင် အပါအဝင် ကျောင်းသားတစ်ချို့ကို မတရား စွပ်စွဲနှိပ်စက်ခဲ့တယ်.... အဲဒီမှာ ကျောင်းသားရဲဘော်ကိုအောင်သူဟာ နိုင်အောင် တို့လက်ချက်ကြောင့် သေခဲ့ရတယ်..... နောက်ပြီး ဟိုအကောင်ကြီး နိုင်အောင် က သူ ABSDF ဗဟိုဥက္ကဌဖြစ်ဖို့အတွက် အမှန်တရားကို မျက်ကွယ်ပြုပြီး.... မြောက်ပိုင်း ABSDF က ကိုထွန်းအောင်ကျော်တို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်.....

ဒီအကောင် မိုးသီးဇွန်လဲ ဘာထူးလဲ..... သူနဲ့ နိုင်အောင် ABSDF ဗဟိုဥက္ကဌနေရာအတွက် စားခွက်လုပြီး နှစ်ဖွဲ့ကွဲကြတော့ သူ့အဖွဲ့က ကျောင်းသားရဲဘော်ကိုဌေးနိုင်ကို မတရားစွပ်စွဲပြီး နှိပ်စက်ခဲ့လို့ သေခဲ့ရတယ်..... လူသတ်သမားတွေက ကျောင်းသားအမည်ခံထားတာ ကျောင်းသားတွေ သိက္ခာကျတယ်......။

နိုင်အောင် ဆိုတဲ့ကောင်က မြောက်ပိုင်းABSDF တောင်ပိုင်းABSDF မှာ ကျောင်းသား(၁ဝဝ)ကျော်ကို အစိုး၇သူလျှိုလို့အထောက်အထားမ၇ှိတစ်ဖက်သတ်စွပ်စွဲပီး မကြားဝံ့လောက်အောင် ၇က်စက်ယုတ်မာလှတဲ့နည်းအမျိုးမျိုးနဲ့နှိပ်စက်ပီး ကျောင်းသား(၄ဝ)ကိုသတ်ခဲ့တဲ့ အဓိကလူသတ်တရားခံပါ

ABSDF လူသတ်တရားခံ နိုင်အောင် ကို ၈၈၈၈ ငွေရတုပွဲမှာ တွေ့ရတါ အ တေါ် ကျက် သ ရေ ယုတ်တယ်

သြော်.... ပြည်တော်ပြန် ကျောင်းသားအရေခြုံ
ABSDF လူသတ်သမားကြီး နိုင်အောင်
၈၈၈၈ ငွေရတုပွဲ တက်ဖို့ အရှက်မရှိ ရောက်လာပြန်ပြီလား.......
ခင်ဗျားအနေနဲ့ ရှက်တတ်ရင် ကိုယ့်ကိုကိုယ် သတ်သေလိုက်သင့်တယ်...
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ခင်ဗျားကြီး ပြောခဲ့တဲ့စကားက ဘာတဲ့......
ဒီကောင်တွေအားလုံးကို သတ်ပစ်လိုက်... ငါတာဝန်ယူတယ်ဆို.....
အခုကျတော့..... ကျွန်တော့်အနေနဲ့
မသတ်ဖို့ တားခဲ့ပါသေးတယ်တဲ့လား.....
ခင်ဗျား ယောကျာ်းမဟုတ်ဘူးလား... မရှက်တတ်ဘူးလား.....
သူတော်ကောင်းအယောင် သိပ်ဆောင်မနေပါနဲ့ဗျာ....
ခင်ဗျားလက်မှာ စွန်းနေတဲ့...
ကိုထွန်းအောင်ကျော်.. ကိုချိုကြီး... ကိုမောင်မောင်ကြွယ်.. ကိုရန်ရှင်း.. တို့လို
အပြစ်မဲ့ကျောင်းသားတွေရဲ့ သွေးတွေ
ဒီနေ့အထိ မခြောက်သေးဘူးဆိုတာ အမှတ်ရစမ်းပါ.......

ခွေးမသား နိုင်အောင် မိုးသီးဇွန်
၈၈ အရေခြုံ လူသတ်ကောင်တွေ
မျက်နှာပြောင်တိုက်ပြီး မြန်မာပြည်ကိုပြန်လာကြပြန်ပြီ။
မင်းတို့ကြောင့်
အသက်အချည်းအနှီးစတေးခဲ့ရတဲ့
ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအတွက်
မင်းတို့ကို ပြန်ပေးဆပ်ခိုင်းမယ်။

လူ သတ် ကောင် နိုင် အောင် နဲ. မိုး သီး က စောက် ရှက် လုံး လုံး မ ရှိ တဲ့ ကောင် တွေ
အ ခု အဲ့ လူ သတ် ကောင် တွေ မျက် နှာ ပြောင် တိုက် ပီး မြန် မာ ပြည် မှာ (၈၈) ပွဲ လာ တက် နေ တယ်
နိုင် အောင် နဲ. မိုး သီး ကို ပြန် ထွက် ခွင့် မ ပေး နဲ.
လူ သတ် မှု နဲ့. တ ရား စွဲ
သေ ဒါဏ် ချ

I do not see how the author's way of resolving the 8-8-88 mob situation works. Mob is never rational. Unscrupulous men(underground politicians, instigators, revolutionaries, crooks etc.) know the psychology of mob. The writer's narrative seems to be a fiction.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်