Subscribe to our RSS Feed

ကျောင်းသူတစ်ဦး ပိုးသတ်ဆေးသောက် သတ်သေ

From : ..the voice

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ ကုန်းကြီး ကျေးရွာတွင် နေထိုင်သူ အသက် ၁၃ နှစ်အရွယ် အဋ္ဌမတန်း ကျောင်းသူသည် သြဂုတ်လ ၆ ရက်နေ့က ပိုးသတ်ဆေး သောက်၍ မိမိကိုယ်ကို သတ်သေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ကျောင်းသူသည် မိဘများက ငွေကြေး ချို့တဲ့သဖြင့် မတ္တရာမြို့ အမှတ်(၂) ရပ်ကွက်နေ ဦးလေးဖြစ်သူထံတွင် နေထိုင်၍ ကျောင်းတက်ရကြောင်း၊ ၎င်းသည် မကြာခဏ ကျန်းမာရေး မကောင်း ဖြစ်ပြီး ပညာရေးတွင်လည်း အားနည်းနေသဖြင့် စိတ်ဖိစီးမှု ခံစားရကာ ပိုးသတ်ဆေးသောက် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားသည်။

မတ္တရာမြို့ ကုန်းကြီးကျေးရွာတွင် နေထိုင်သူ မဇင်ကလျာ ၁၃ နှစ်သည် သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အမှတ် (၂) ရပ်ကွက် ဗိုလ်တေဇ ပန်းခြံအနီး လမ်းလျှောက်လာစဉ် လမ်းတွင် တွေ့ရှိသူ တစ်ရပ်တည်းနေ ဒေါ်ရွှေ ၄၃နှစ်၏ ပခုံးကို အတင်းဝင်ဖက်၍ အရမ်း မူးသည်ဟု ပြောသဖြင့် ပြင်ပဆေးခန်းသို့ ပို့ဆောင်ရာ ပိုးသတ်ဆေး အနံ့ရသဖြင့် ဆေးရုံသို့ ဆက်လက် ပို့ဆောင်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၃၅ မိနစ် အချိန်တွင် သေဆုံးသွားခဲ့ကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည်။

“အဲဒီ ကောင်မလေးက ကျောင်းစာ မလိုက်နိုင်လို့ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ပါ” ဟု မတ္တရာမြို့ခံ ပြင်ပသင် ဆရာတစ်ဦးက ဆိုသည်။

ယင်းသေဆုံးမှုနှင့် ပတ်သက်၍ မတ္တရာမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၉/၂၀၁၃ အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် မြဝတီ မင်းကြီးလမ်းနှင့် လမ်းသွယ်ကြားရှိ အဆောင် တစ်ခု၌ မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်က အဋ္ဌမတန်း ကျောင်းသူတစ်ဦး လွယ်အိတ်ကြိုးဖြင့် မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကျောင်းသူသည် အိမ်နှင့် ခွဲခွာရသဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှု ဖြစ်ပေါ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ကျ အရာရှိက ပြောကြားသည်။


 .. www.MyanmarExpress.net
 

6 comments:

"WE ALL NEED TO HELP AND SAVE OUR CHILDREN"

1-AUTHORITY SHOULD FIND REAL REASON/ROOT
CAUSE WHY YOUNG GIRLS AND YOUNG BOYS ARE DYING.
2-WE SHOULD GET THE TRUE CAUSE OF DEATH
SO THAT WE ALL CAN HELP AND PREVENT NOT
TO HAPPEN AGAIN TO SOME BODY IN SOME WHERE.
3-WE LIKE TO REQUEST TO ALL EDUCATIONAL
AUTHORITIES INCLUDING MINISTRY,SCHOOLS AND
TEACHERS TO TEACH THEM AND TRAIN THEM NOT ONLY INSIDE CLASS ROOM EDUCATION BUT ALSO
LIFE EDUCATION.
WE NEED TO IMPROVE OUR EDUCATIONAL SYSTEM.
WE ALSO NEED TO IMPROVE THE TEACHERS SO THAT
WE CAN HAVE MORE AND MORE SUCCESSFUL STUDENT
THAN THE FAILURE.
OUR DUTY IS WE ALL MUST OBEY,RESPECT AND LOVE
OUR TEACHERS BUT WE NEED TO POINT OUT MANY
STUDENT CANNOT UNDERSTAND AND FOLLOW WITH
HIS/HER CLASS MATES BECAUSE LOT OF TEACHERS
NOT REALLY KNOW HOW TO TEACH THE STUDENTS.
4-WE ALL NEED TO LOVE THEM,GUIDE THEM,HELP
THEM,PROTECT THEM,EDUCATE THEM AND TO MAKE
THEM UNDERSTAND ABOUT LIFE AND TO BUILD COURAGE TO FACE ALL CHALLENGES IN OUR DAILY
LIFE SO THAT ALL TEENAGERS AND YOUNG MEN
AND WOMEN CAN FACE ALL PROBLEMS WITH DIGNITY.
5-ALL OUR CHILDREN TODAY WILL LEAD OUR
COUNTRY AND PEOPLE IN NEXT GENERATION.
6-ALL CHILDREN OUR VALUABLE ASSET FOR
OUR COUNTRY AND OUR FUTURE.
7-ONE OF THE BEST DEMOCRATIC COUNTRY'S
GOVERNMENTAL AUTHORITY CONSIDER ALL CHILDREN
ARE BELONGED TO THE COUNTRY SO THAT AUTHORITIES ARE WATCHING VERY CLOSELY TO ALL CHILDREN TO RECEIVE PROPER ATTENTION AND
PROPER TREATMENT FROM HIS/HER PARENTS INCLUDING STEP MOTHERS AND STEP FATHERS.
THE GOVERNMENT WILL TAKING AWAY CHILDREN AND
PUT THEM UNDER FOSTER CARE IF ANY PARENT
FAILED TO DO THEIR DUTY.
GOVERNMENT LAID DOWN PROGRAM AND FUNDING FOR "WIC=WOMEN,INFANTS AND CHILDREN" AND ALSO
MAKE EDUCATIONAL SYSTEM TO BENEFIT TO ALL STUDENTS BELONGED EITHER RICH OR POOR FAMILY.
8-WE NEED HEALTH EMERGENCY SERVICE AND POISON CONTROL IN ALL LESS DEVELOP CITIES.
9-WE NEED TO TRAIN AND UPGRADE OUR POLICE
FORCES, FIRE FIGHTERS AND PARAMEDIC SO THAT THEY CAN HELP OUR GENERAL PUBLIC IN CASE OF
EMERGENCY.

FOR OUR COUNTRY AND FOR OUR PEOPLE...

သ နား စ ရာ ကောင်း လို က် တာ ။ ညီ မ ေ လး ေ ရ အ မ်ွ အ မ်ွ အ မ်ွ ေ ပး ေ ၀ ပါ တယ္ ။ ေ နာ က္ ဘ ၀ ေ တြ မ ွာ ဒီ လို အ ျဖစ္ မိ် း မ. ျ က ံု ေ အာင် လည်း ဆုေ တာ င်း ပေး လို က် ပါ တယ် ။ေ နာ က် ကို လည်း ဒိ လို အ ဆုံး သ တ် ဖို့ စိ တ် ကူး မိ ရင် ဘု ရား ေ ဟာ တဲ့ လူ့ ဘ ၀ ရ ခဲ့ လွ ၏ ဆို တဲ့ တ ရား ေ လး ကို သ တိ ရ ပီး ဆ င် ချင် နိင် ကြ ပါေ စ ။
မြန် မာ ချစ် သူ

စိတ် မ ကောင်း လိုက် တာ သ မီး လေး ရယ် ၊ ကောင်း ရာ သု ဂ တိ လား ပြီး ဘ ၀ ဆက် တိုင်း ဒီ လို အ ဖြစ် ဆိုး တွေ က နေ ကင်း ဝေး ပါ စေ လို့ ဆု တောင်း ပေး လိုက် ပါ တယ် ၊ အ မျှ အ မျှ အ မျှ သ မီး လေး ရေ

ကောင်း၇ာသုကတိေ၇ာက်ပါစေ။

အမျဝေပါတယ်။

တင်ထားတဲ့ပုံနဲ့ ရေးတဲ့စာနဲ့ ဘာမှလည်း မဆိုင်ဘူး နော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်