Subscribe to our RSS Feed

အပြာရုပ်ရှင် မင်းသမီးများမှာ ပြည့်တန်ဆာ မဟုတ်ကြောင်း ဆန်နီမှပြော

From : .. myawady

မိမိတို့ အပြာရုပ်ရှင် မင်းသမီးများသည် ပြည့်တန်ဆာများ မဟုတ်ကြောင်း နာမည်ကျော် အပြာမင်းသမီး တစ်ဦးဖြစ်သည့် ဆန်နီလီယွန်က ပြောကြားလိုက်သည်။ ဆန်နီသည် အိန္ဒိယ မိဘနှစ်ပါးမှ မွေးဖွားခဲ့ပြီး အမေရိကန်တွင် အပြာမင်းသမီး တစ်ဦးအဖြစ် ထင်ရှားလာခဲ့သည်။

သူမက ငွေကြေးကြောင့် အပြာရုပ်ရှင်မင်းသမီးတစ်ဦး ဖြစ်လာကြောင်း ဝန်ခံခဲ့သော်လည်း အခြားသော ပြည့်တန်ဆာဆန်ဆန် ကမ်းလှမ်းမှုများကို လက်မခံခဲ့ကြောင်း ရှင်းပြခဲ့သည်။ “အိန္ဒိယမှာတော့ အပြာရုပ်ရှင်တွေအတွက် ရိုက်ကူးပေးတဲ့ ဖျော်ဖြေရေး လုပ်ငန်းမျိုး မရှိလောက်ပါဘူး။ အဲဒီက လူတွေက ဒီလုပ်ငန်းအကြောင်းကိုတောင် သေချာ သိမှာ မဟုတ်ပါဘူး။ ကျွန်မအနေနဲ့ ဒီလုပ်ငန်းမှာ ပါဝင်ခဲ့တဲ့နောက်ပိုင်း ကျွန်မရဲ့ ရုပ်ရှင်တွေကို Onlineမှာ ရောင်းချတဲ့အခါမှာပါ ဝေစုရရှိပါတယ်။ ဒါဟာ စီးပွားရေး လုပ်ငန်းတစ်ခုပါ။ ပြည့်တန်ဆာ အလုပ်နဲ့ ကွဲပြားပါတယ်။


ကျွန်မအနေနဲ့ ပြင်ပလောကနဲ့ ပတ်သက်တာတွေအတွက် ချုပ်တီးထားရတာတွေ အများကြီးပါ”ဟု ပြောကြားခဲ့သည်။ ဆန်နီသည် အိန္ဒိယ Bigg Bossအစီအစဉ်တွင် ပါဝင်ခဲ့ပြီးနောက် သူမ၏ အလုပ်အကိုင် သည် သီးခြားရှုထောင့်တစ်မျိုးဖြင့်ရပ်တည်နေသည်ကို နားလည်စေလိုကြောင်း ပြောဆိုသွား ခဲ့သည်။
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်