Subscribe to our RSS Feed

အဂတိလိုက်စားမှုဖြင့် ဝန်ထမ်း ၄၅၀ ကို သမ္မတအရေးယူ

From : ..the voice
 
ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရကို ဖော်ဆောင်မည် ဟု ပြောဆိုထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဂတိလိုက်စားမှုဖြင့် အစိုးရဝန်ထမ်း ၄၅၀ ကျော်ကို အရေးယူထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့သတင်းထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့ တိုင်ကြားလာသည့် တိုင်ကြားစာ ၁၉၉ စောင်ကို စစ်ဆေးကာ ယင်းဝန်ထမ်း ၄၅၀ သည် အဂတိလိုက်စားကြောင်း တွေ့ရှိသဖြင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဝန်ထမ်း ၄၅၀ တွင် ၃၆၂ ဦးကို နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ ဖြင့် အရေးယူခြင်း၊ ၆၉ ဦးကို ဌာနပြောင်းရွှေ့စေခြင်း၊ ဝန်ထမ်း ၁၈ ဦးကို အလုပ်ထုတ်ပယ်ခြင်း၊ တစ်ဦးကို ထောင်ဒဏ်ချမှတ်ခြင်းတို့ဖြင့် အရေးယူထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီနေ့သမ္မတကြီးနဲ့ အစိုးရအဖွဲ့ဝင်တွေအားလုံး တွေ့ဆုံတဲ့အခါမှာလည်း အကျင့်ပျက် ခြစားမှုတွေနဲ့ အဂတိ လိုက်စားမှုတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ညွှန်ကြားခဲ့ပါသေးတယ်” ဟု နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီလအတွင်းကလည်း သမ္မတရုံးသို့ ရောက်ရှိလာသော ပြည်သူ့တိုင်စာများအရ အဂတိလိုက်စားမှုကြောင့် နိုင်ငံ့ဝန်ထမ်း ၇၂ ဦးကို ရာထူးချခြင်း၊ ဌာနပြောင်းရွှေ့ခြင်း ပြုလုပ်ခဲ့ပြီး ငါးဦးကို တာဝန်မှ အနားယူစေခဲ့သည်။


 .. www.MyanmarExpress.net
 

4 comments:

သမ္မတကြီးရဲ့ ကောင်းမွန်သော အစိုးရဖြစ်အောင် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်က ထွေအုပ်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှုး အဆင့်ကစပြီး ရပ်ကွက် ကျေးရွာ စာရေးအဆင့်ထိ လဲလိုက်ရင် သမ္မတကြီးရဲ့ ဆန္ဒပြည့်ဝပြီး ပြည်သူတွေလဲ ကျေနပ်သွားမှာပါ...ပဲခူးတိုင်းမင်းကြီး ဦးမောင်မောင်သန်းတို့ ပြောင်းသွားတဲ့ ခရိုင်အုပ်ချုပ်ရေးမှုး ဦးဝေဇင်ထွန်းတို့ ဘယ်လောက်ထိ ချမ်းသာနေကြပြီဆိုတာ နီးစပ်တဲ့လူတိုင်းသိပါတယ်...ဒီကြားထဲ မြို့နယ်အုပ်ချုပ်ရေးမှုးကလည်း အုပ်ချုပ်ရေးမှုးရွေးချယ်ပွဲတွေမှာ လူထုအကြိုက်ထက် ပိုက်ဆဲကိုပိုကြိုက်တယ် ဆိုတာ ကျောက်တန်းကျေးရွာ အုပ်ချုပ်ရေးမှုး ရွေးချယ်ပွဲက သက်သေခံပါလိမ့်မယ်...မယုံရင် အချိန်မရွေး စုံစမ်းနိုင်ပါတယ်

လာပ်စားတဲ့အထဲမှာ ပြည်ူ့သူ့ရဲကအဆိုးဆုံးလို့ထင်ပါတယ် မူးယစ်ဆေး၊လောင်းကစား၊မကောင်းမှုဒုစရိုက်တွေအားလုံးကို အခကြေးငွေယူပြီးခွင့်ပြုထားတာပါ။မှုခင်းတွေဖြစ်ရင်လဲ အခကြေးငွေယူပြီးညှိနှိုင်းအမှုပိတ်တာတွေခပ်များများပါ။ မယုံရင်စုံစမ်းကြည့်ပါ။မဟုတ်ရင်လည်ဖြတ်ခံပါမယ်။

ဘယ်နေရာ မှာ ရှာဖြတ် ရ မှာလဲ

GOOD NEWS AND GOOD ACTION OF OUR GOVERNMENT

1-MANY THANKS TO OUR PRESIDENT U THEIN SEIN
AND HIS ADMINISTRATION.
2-ALSO MANY THANKS TO THREE BRANCHES OF OUR
DEMOCRATIC GOVERNMENT.
3-WE FEEL VERY SORRY AND REGRET TO ALL CITIZEN SUFFERING LONG TIMES UNDER THE CORRUPTED
OFFICIALS.
4-ONE OF OUR FRIENDS SUFFERING OVER 2 1/2
YEARS AT THE ONE OF THE GOVERNMENT OFFICES
FOR HIS CONTRACTUAL AGREEMENT WITH CONTRACTORS BUT SO FAR NOT YET COMPLETED.
5-SIMILARLY ONE OF OUR FRIENDS TRYING TO
SOLVE HIS CIVIC CASE FOR MORE THAN 3 YEARS
TO GET THE FAIR JUDGEMENT AND HIS CASE
GOING THROUGH MORE THAN FIVE TIMES IN THE
DIFFERENT COURTS.
6-WE THANK TO OUR PRESIDENT U THEIN SEIN,
PYITHU LUTTAW AND TAYAR LUTTAW CHOTE
FOR THEIR DECISIONS ON OFFICIALLY SUBMITTED
COMPLAINTS BUT SOME CASES WE SCARE TO REPORT ALTHOUGH THE TRUE STORY BECAUSE
WE HAVE CHANCE TO GET REPERCUSSION EFFECTS.
BECAUSE WE HAVE TO GIVE DETAIL PERSONAL
INFORMATION ALTHOUGH WE CAN SEND ANONYMOUS.
7-THERE ARE MANY BRIBERY AND CORRUPTION BUT
THE PROCESS IS SO SMOOTH AND SO SECRET AND VERY DIFFICULT TO PROVE.
8-THERE ARE SPECIAL SECRET AGENTS USING BY
ALL BUSINESS MEN AND THEY ALL CAN WIN ALL
THE TIMES FOR THEIR FAVOR BY PAYING MORE
AND MORE MONEY.
9-THIS KIND OF BUSINESS ARE HAPPENING LONG
LONG TIME AGO AND MAY BE SLOWING GOING
DOWN DUE TO OUR GOVERNMENT ACTIONS.
10-OUR GOVERNMENT DONE MANY THINGS FOR OUR
COUNTRY AND FOR OUR PEOPLE WITHIN 2 1/2 YEARS.

ONCE AGAIN THANK TO OUR GOVERNMENT

FOR OUR COUNTRY AND FOR OUR PEOPLE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်