Subscribe to our RSS Feed

ပဋိပက္ခများ ဖြစ်ပွားပါက တိုင်းနှင့် ပြည်နယ်အစိုးရများ တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းရန် သမ္မတညွှန်ကြား

From : ..the voice

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဘာသာရေး အသွင်ဆောင် ပဋိပက္ခနှင့် အခြားပဋိပက္ခများ ဖြစ်ပွားပါက ဒေသဆိုင်ရာ အစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ညွန်ကြားလိုက်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်က သြဂုတ်လ ၉ ရက်နေ့တွင် ပြုလုပ်သော အစိုးရယန္တရား တာဝန်ရှိသူအားလုံးနှင့် တွေ့ဆုံစဉ် ယင်းသို့ ညွန်ကြားလိုက်ခြင်း ဖြစ်သည်။

ပဋိပက္ခများ ကိုင်တွယ် ဖြေရှင်းရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များက ရဲတပ်ဖွဲ့ကို တိုက်ရိုက်ကိုင်တွယ် ညွှန်ကြားကာ စီမံခန့်ခွဲခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ခြုံပြောရရင် ပြည်ထောင်စုအစိုးရရဲ့ လုပ်ဆောင်မှုတွေကို လျှော့ချပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲ၊ လုပ်ပိုင်ခွင့်တွေကို ပိုမိုပေးအပ်မယ့် အစီအစဉ် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်၊ မိတ္ထီလာနှင့် လားရှိုးမြို့တို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ ဒေသဆိုင်ရာ အစိုးရများကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးအပ်ထားမှု မရှိခြင်းကြောင့် ပဋိပက္ခများ ပိုမိုကြီးထွားလာကာ လူသေဆုံးမှု မြင့်တက်ခဲ့ရခြင်း ဖြစ်ကြောင်း နိုင်ငံရေး အဖွဲ့အစည်းအချို့က ဝေဖန်ထားသည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော အဆိုပါ ပဋိပက္ခများတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့က ထိန်းသိမ်းနိုင်ခြင်း မရှိတော့သဖြင့် နိုင်ငံတော်သမ္မတက တပ်မတော်၏ အကူအညီရယူရန် အရေးပေါ် ကြေညာချက်များ ထုတ်ပြန်ခဲ့ရသည်။


 .. www.MyanmarExpress.net
 

1 comments:

THANK YOU TO OUR PRESIDENT U THEIN SEIN
AND THE THREE BRANCHES OF OUR GOVERNMENT.
WELCOME FOR YOUR ORDERS.
WE WANT DEMOCRACY AND HUMAN RIGHTS BUT
WE NEED SAFETY AND SECURITY OF OUR COUNTRY
AND OUR PEOPLE IS MOST IMPORTANT.

THANK YOU SIR...

FOR OUR COUNTRY AND FOR OUR PEOPLE...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်