Subscribe to our RSS Feed

UMFCCI အသင်းချုပ်ရုံးကို ပေါင်ထားသည် ဆိုသည့်သတင်း ထုံစံအတိုင်း မီဒီယာများ လုပ်ကြံဝါဒဖြန့်မှုသာဖြစ်

From : .. the voice



ရန်ကုန်မြို့ ဒဂုံမြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးကို ပေါင်နှံထားသည်ဟု ထွက်ပေါ်နေသော သတင်း များမှာ ဟုတ်မှန်ခြင်း မရှိကြောင်း ကုန်သည်/စက်မှု အသင်းချုပ် ပြန်ကြားရေးနှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမောင်ရွှေက ပြောကြားသည်။

ကုန်သည်/စက်မှု အသင်းချုပ် အနေဖြင့် ယခုလက်ရှိတွင် ရန်ပုံငွေများကို အသင်းသားများထံသို့ ချေးထားခြင်း၊ အသင်းမှ ချေးယူထားခြင်း၊ အသင်းရုံးကို ပေါင်နှံထားခြင်းများ မရှိကြောင်းကို သြဂုတ် ၁၆ ရက်က မင်းရဲကျော်စွာလမ်းရှိ ယင်းအသင်းချုပ် ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။
“အခုလက်ရှိမှာ အသင်းသား နှစ်ဦးကို ငွေချေးထားတာရော၊ အသင်းက ငွေချေးယူထားတာရော၊ အသင်းချုပ် ရုံးကို ပေါင်ထားတာရော မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

သို့သော် နေပြည်တော်တွင် UMFCCI ရုံး တည်ဆောက်ရန် လိုအပ်သောကြောင့် ၂၀၀၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဗဟိုအမှုဆောင်၊ အလုပ် အမှုဆောင် အစည်းအဝေး ပြုလုပ်ကာ ပေါင်နှံခဲ့ကြောင်း၊ အသင်းသားများကို ပိုက်ဆံ ချေးငှားခြင်းမှာလည်း အသင်း ရန်ပုံငွေအတွက် လိုအပ်သောကြောင့် ချေးခြင်းဖြစ်ပြီး ရရှိသော အမြတ်များကို အဆိုပါ ရုံးတည်ဆောက်မှုတွင်သာ ထည့်သွင်း အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။

အသင်း၏ လုပ်ဆောင်ချက်များကို အသင်းဝင် နှစ်သောင်းကျော်က ရွေးချယ်ထားသော ဗဟို အမှုဆောင်၊ အလုပ် အမှုဆောင် ၁၀၀ ကျော်၏ ဆုံးဖြတ်ချက်များဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်ပြီး အသင်း၏ ဘဏ္ဍာရေး စာရင်းကို လစဉ် ဗဟို အမှုဆောင်၊ အလုပ် အမှုဆောင် အစည်းအဝေးတွင် ပုံမှန် တင်ပြထားကြောင်း ၎င်းက အထက်ပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

အသင်းအနေနှင့် အသင်းဝင် နှစ်သောင်းကျော်လုံးကို တင်ပြခြင်း မရှိသော်လည်း အသင်းသား တစ်ဦးက သိရှိလိုကြောင်း ပြောဆိုလာပါက ရှင်းပြပေးကြောင်းနှင့် သြဂုတ်လ အတွင်း၌ အသင်းသား တစ်ဦးဖြစ်သူ ဦးခင်လှိုင်က ရှင်းပြရန် တောင်းဆိုသောကြောင့် ရှင်းပြပေးခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

(ကောင်းဆက်နိုင်)

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်