Subscribe to our RSS Feed

မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရစနစ် ဖွဲ့စည်းရန် ရှစ်ဆယ့်ရှစ်ကျောင်းသားများ အကြံပြုချက် လူထုကြိုဆို

 

၂၀၁၃-ခုနှစ်၊ သြဂုတ်လ ၆-၇ ရက်နေ့က ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ မှာ ကျင်းပတဲ့  ရှစ်လေးလုံး အရေးအခင်း ငွေရတု အခမ်းအနားတွင်  စစ်မှုမထမ်းမနေရ (national service) ဖြင့် ပြည်ထောင်စု တပ်မတော်ကို ဖွဲ့စည်းရမည်ဟု အကြံပြုခဲ့ရာ အများစုက ထောက်ခံကြကြောင်း သတင်းရရှိပါတယ်။ ငွေရတုပွဲတွင် အကြံပြုချက်အများအပြား ထည့်သွင်းထားသော်လည်း အခြား အကြံပြုချက်များထက် စစ်မှုမထမ်းမနေရစနစ် ဖွဲ့စည်းရန် အကြံပြုချက်ကို လူထုက အထူး စိတ်ဝင်စားလျှက် ရှိကြောင်း သိရပါတယ်။  

စစ်မှုမထမ်းမနေရ စနစ်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် နှုတ်မိန့်ပေးခဲ့တဲ့ စနစ်ဖြစ်ပြီး အခုချိန်မှာ ဗိုလ်ချုပ်ရဲ့ဆန္ဒကို အကောင်အထည်ဖော်သင့်ကြောင်း နဲ့ ၈၈ မျိုးဆက် ကျောင်းသားများရဲ့ အကြံပြုချက်ကို ထောက်ခံကြောင်း ကို သန်လျှင်ဂျီတီစီ ကျောင်းသားသမ္မဂ္ဂ အဖွဲ့ဝင် ကျောင်းသား တစ်ဦးက အခုလို ပြောပါတယ်.. 


“ကျွန်တော်ကတော့ ထောက်ခံတယ်… ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် နှုတ်မိန့်ပေးခဲ့တာကို… အရင် အစိုးရအဆက်ဆက်က အကောင်အထည် မဖော်ခဲ့ကြဘူး… အခုဒီမိုကရေစီ အစိုးရလက်ထက်မှာ အာဇာနည်နေ့တွေ ကျင်းပ လာရုံနဲ့ မပြီးဘူး… ဗိုလ်ချုပ်ပြောခဲ့တဲ့ အတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းသင့်တယ်…” လို့ ဆိုပါတယ်။ ရန်ကုန်မြို့ရှိ ကျောင်းသား မိဘတစ်ဦးကလည်း ဒီကနေ့ လူငယ်တွေ ဆံပင်အရောင်မျိုးစုံ ပုံစံမျိုးစုံနဲ့ ကိုရီးယားမင်းသားလို ပုံစံတွေလုပ်နေကြပေမယ့် ကိုရီးယားလို စစ်မှုမထမ်းမနေရ စနစ်မရှိတဲ့အတွက် အခြောက်နဲ့ တူလာကြောင်းကို အခုလို ရှင်းပြပါတယ်…


“ဒီကနေ့ လူငယ်တွေက ကိုရီးယားလိုလို… ပန့်လိုလို.. ရပ်ပါလိုလိုနဲ့ လမ်းဘေးရောက်လိုက်… ကလပ်တက်လိုက်… ပြိုင်ကား မောင်းလိုက်… လုပ်နေကြတာ… မကောင်းဘူးလို့ထင်တယ်ဗျ... ကိုးရီးယားလို တုချင်တိုင်းတုလို့မရဘူးလေဗျာ… ဟိုက စစ်မှုမထမ်းမနေရစနစ်ရှိတယ်… ဒီမှာကအဲလိုမရှိတော့ နွဲ့တဲ့တဲ့ဖြစ်နေကြတယ်… မြန်မာလူငယ်တိုင်းလည်း.. တစ်နှစ်တန်သည်.. နှစ်နှစ်တန်သည် စစ်မှုထမ်းသင့်တယ် ထင်တယ်ဗျ…” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင် တပ်မတော် စတင်ဖွဲ့စည်းစဉ်ကာလ ကတည်းက စစ်မှုမထမ်း မနေရစနစ်ကို မကျင့်သုံးခဲ့ပေမယ့် အဲဒီ အချိန်ကတည်းက မြန်မာ့တပ်မတော်ကို တည်ထောက်သူ ဗိုလ်ချုပ်အောင်ဆန်းမှ နိုင်ငံသားအားလုံး စစ်မှုထမ်းသင့်ပါက ထမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ထိုစနစ်လည်း အကောင်အထည် မပေါ်နိုင်ခဲ့ပေ။ သို့သော် SSA ခေါ် ရှမ်းပြည် တပ်မတော် တွင် လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ကျင့်သုံးလျှက် ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် DKBA ခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်မှ သထုံမြို့နယ်အတွင်းရှိ ဝင်းဒရယ်၊ ဝါးဘိုး အစရှိသည့် ရွာပေါင်း (၇၂) ရွာတွင် နေထိုင်သော ကရင်ရွာသားများကို ရှမ်းပြည်သားတိုင်း အသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ ၅ နှစ်ထိ စစ်မှုမထမ်းမနေရစနစ်ကို အမိန့်ထုတ်ပြန်၍ ကျင့်သုံးခဲ့ပါတယ်။


ကမ္ဘာပေါ်တွင် စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးလျှက်ရှိသော နိုင်ငံများမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်…


စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးသော နိုင်ငံများ
1.    သြစတီးယား ( ၆ လ )
2.    ဘိုလီးဗီးယား (၁ နှစ် )
3.    ဘရာဇီး ( ၉ လ မှ ၁ နှစ် )
4.    ဒိန်းမက် ( ၄ လ မှ ၁ နှစ် )
5.    အိစတိုနီးယား ( ၈ လ မှ ၁၁ လ )
6.    ဖင်လန် ( ၆ လ မှ ၁ နှစ် )
7.    ဂရိ ( ၉ လ )
8.    ဂွာတီမာလာ ( ၁ နှစ်မှ ၂ နှစ် )
9.    မော်ဒိုဗာ ( ၁ နှစ် )
10.    မွန်ဂိုလီးယား ( ၁ နှစ် )
11.    နော်ဝေ ( ၆ လ မှ ၁ နှစ် )
12.    ပါရာဂွေး ( ကြည်းတပ်တွင် ၁ နှစ်၊ ရေတပ်တွင် ၂ နှစ် )
13.    ရုရှား ( ၁ နှစ် )
14.    ထိုင်ဝမ် ( ၁ နှစ် )
15.    တူနီးရှား ( ၁ နှစ် )
16.    တူရကီ ( ၆ လ မှ ၁၅ လ )
17.    ယူကရိန်း ( ၁ နှစ် )
18.    ဥဇဘက်ဂစ်စတန် ( ၁ နှစ် )
19.    အာဇာဘိုင်ဂျန်
20.    ကမ်ဘောဒီးယား
21.    ကိုလမ္ဘီယာ
22.    ကုတ် ဒီယွန်း
23.    အီရိတီးယား
24.    ဂျော်ဂျီယာ
25.    အီရန်
26.    လာအို
27.    မာဒါဂတ်စ်ကာ
28.    အာမေးနီးယား ( ၂ နှစ် )
29.    ကျူဘား
30.    ကွန်ဂို
31.    အီကွေတိုးရီးယား
32.    အီဂျစ်
33.    ဂျီးနီးယား
34.    အစ္စရေး ( အမျိုးသမီးများ ၂၁ လ နှင့် အမျိုးသားများ ၃ နှစ် )
35.    ကာဇစ်စတန်
36.    ကာဂျစ်စတန်
37.    လစ်ဗျား
38.    မိုဇမ္ဘီက်ဴး
39.    မြောက်ကိုရီးယား
40.    ဆာရိုတိုမီ
41.    စင်္ကာပူ
42.    ဆိုမာလီးယား
43.    တောင်ကိုရီးယား
44.    စီးရီးယား
45.    ဆူဒန်
46.    တာဂျစ်ကစ်စတန်
47.    ထိုင်း နှင့်
48.    တူမီနီစတန်
49.    ထိုင်ဝမ် (နှင့်)
50.    ယူကရိန်း
 

တို့ဖြစ်ကြောင်း သိရပါတယ်။

၈၈ မျိုးဆက်များ၏ အကြံပြုချက် အပြည့်အစုံကို https://www.facebook.com/The88Generation/posts/350056348458466 တွင် ဖတ်ရှုနိုင်ပြီး စစ်မှုမထမ်းမနေရ စနစ် အကြောင်း အပြည့်အစုံကို http://www.mee-pya-tite.com/2011/01/blog-post.html တွင် ဖတ်ရှုနိုင်ပါတယ်။



 

.. www.MyanmarExpress.net
 

11 comments:

အကြံပေး မှာပေါ့ သူတို့မှ မပါတော့ တာ ကျောင်းသား ကျောင်းသား နဲ့ လူတွေ ကြည့် တော့ သေကာနီး နေပြီ ဟုတ်တယ် မလား သယ် ရင်းတို့ရေ

All are fools. Some years ago,(if I remember right) SPDC (State Peace and Development Council) made a decree requiring all young Myanmar to join the Military Service for 2 years. At that time these fools all protested and said they were not interested and they did not want to serve in the Military. Vociferous lawyer and Human Right fools also said the decree tantamount to forced labor. Now they are now saying just the opposite.

ဟု တ် တော့ ဟု တိ ပါ တယ် ။ ရှား ရှား ပါး ပါး ဒီ တ ခွ န်းေ လး ပဲ တန် ဖိုး ရှိ တဲ့ စ ကား လေး ထွ က် လာ တာ ဆို တော့ ဒီ အ ဆို ပြု ချ က် လေး တော့ ထော က် ခံ ပါ တယ် ။ သယ် ရင်း ။ နော က် ကို လည်း ပြ ည် သူ အ ကျိး ပြု တဲ့ ၈၈ ဖြစ် လာ မ လား စောင့် ကြ ည့် မယ်။
မြန်မာ ချ စ် သူ

မှန်တာပေါ့ သူတို့ကိုအရင် ရှေ့ဆောင်ပြခိုင်းပါ အပြုသဘောလား လက်တွေ့ဆန်မလား ကြည့်ကြတာပေါ့

စစ် မူ မ ထမ်း မ နေ ရ
အ ကြံ ပြု ခြင်း


တိုင်း အ လိုက် ခ ရိုင် အ လိုက် မြို့ နယ် အ လိုက် မြို့ အ လိုက် စစ်မူ ထမ်း ခြင်း ပြု လုပ် ပါ

သင် တန်း တက် ပြိး နယ် စပ် စ ခန်း မ ကြိး အ ထိ ရှေ့ တန်း ထွက် လို အပ် လျှင် နယ် စပ် တိုက် ပွဲ ပြင် အ နား ပေး လျှင် မိ မိ ရှေ့ တန်း တပ် ဒါ မှမ ဟုတ် မိ မိ မြို့ ရှိ တပ် ကို လက် နက် အပ် ပြိး အိမ် ပြန် နား နေ ခွှင့် ပြု
စစ် မူ မ ထမ်း မ နေ ရ စစ် သား များ ကို မိ မိ နေ သော မြို့ အ လိုက် ထိမ်း ခူပ် လို့ရပါ သည် အ မိ နိုင် ငံ အ ခြေ အ နေ အ ရ လို အပ် လှ ပါ သည် အ မိ မြေ ကို ချစ် ကြ ပါ အ မိ နိုင် ငံ တော် ကို ချစ် ကြ ပါ သီတ ဂူ ဆ ရာ မိန့် သ လို မြတ် စွာ ဘု ရား ၏ ကျင့် ထုးံ ကို ကျင့် ကြ ပါ င ရဲ မ ကြိး ပါ

အ လှဲ့ ကြ မြို့ အ လိုက် တာ ဝန် ထမ်း ဆောင် လို့ ရ ပါ သည် ထိမ်း ခူပ် မူ စ နှစ် လဲ အ လွယ် လေး ပါ

ပခက တာ တီး

လူကြီးသားများ စံပြ စစ်မှုထမ်းပါလား

စစ်မှုထမ်းရင်းသေသွားရင် ဘယ်လိုလုပ်မလဲ
ဒီအဆိုကိုကန့်ကွက်တယ်

မင် ကို နိုင် ၏ ကိုယ် ပိုင် ငွေ ဖြင့် စစ် မှ.ု မ ထမ်း မ နေ ရ. ကို အ ကောင် ထည် ဖော် သင့် ပါ သည် ၊

ဖြစ်သင့်တာပေါ့ အရေုးကြုံလာရင်အားလုံး ထွေနီရပြီးသာြး ဖစ်တာပေါ့ ခုနိုင်ငံလုပ်လုပ်နဲ့ကာကွယ်ရေးပစည်းတွေလဲ တိုးချဲသင့်တယ် လူငယ်တွေလဲကျင့်ပြီးသာရတယ် ကလေကချေစိတ်တွေလဲပြောက် နိုင်ငံအတွက်လဲအကြိုး ရှိ တယ်

1-PLEASE PUT UP THE PROPOSED LAW TO OUR PYITHU LUTTAW AND TRY TO GET PASS BY LUTTAW IF ANYBODY THINK IT IS GOOD AND NECESSARY.LET GET START NOW!
2-PLEASE CONSIDER TO MAKE 3-5 YEARS TO SERVE
IN ARMED FORCES INSTEAD OF FEW MONTHS;BECAUSE OUR COUNTRY NEEDS WELL TRAINED AND SEASONED
SOLDIERS.
3-NOTICED MANY POLITICIANS CONSIDER DEMOCRACY
AND HUMAN RIGHTS ARE MORE IMPORTANT.
4-ALTHOUGH WE WANT DEMOCRACY AND HUMAN RIGHTS
BUT WE CONSIDER "OUR COUNTRY SAFETY,OUR
NATIONAL SAFETY AND OUR SECURITY ARE MORE
IMPORTANT AND BALANCE THE DEMOCRACY AND HUMAN
RIGHTS;BECAUSE WE HAVE INTERNAL EXTERNAL THREATS.
5-WE NEVER FIND COUNTRIES PRACTICING 100 PERCENT DEMOCRACY AND HUMAN RIGHTS.
WE WILL ONLY FIND SOME DEMOCRACY AND SOME
HUMAN RIGHTS.
WE CAN FIND MANY COUNTRIES NEVER ALLOW
DEMOCRACY AND HUMAN RIGHTS.
6-WE LIKE TO KNOW POLITICIANS AND PARTIES ON
OUR COUNTRY POLICY AND FOREIGN POLICY.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်