Subscribe to our RSS Feed

နစ်ဆန်းကားစက်ရုံ ပဲခူးတွင် တည်ဆောက်မည်

From : ..YMG


ရန်ကုန် ၊ သြဂုတ် - ၁၆။              ။ မလေးရှား နိုင်ငံ NISSAN  မော်တော်ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး ကုမ0x081ပဏီမှ ပဲခူးတိုင်းဒေသကြီး၌ စက်ရုံတည်ဆောက်ကာ မော် တော်ယာဉ် ထုတ်လုပ်ရောင်းချ ရန် ခွင့်ပြုလိုက်ကြောင်း မြန်မာ့ ရင်းနှီးမြှုပ် နှံမှု ကော်မရှင်မှ သိရ သည်။

မလေးရှားနိုင်ငံ  NISSAN   မော်တော်ကား ကု
မ္ပဏီတစ် ခုဖြစ်သည့် ETCM (MM) Pte Ltd မှ ပြည်တွင်း၌  Tan Chong Motor(Myanmar)  ကုမ္ပဏီအ နေဖြင့် ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပြီး APM  Auto Components Myanmar  ကုမ္ပဏီက မော်တော်ကားအပို ပစ္စည်းများ ထုတ်လုပ်ခွင့်ရရှိခဲ့ ကြောင်း သိရသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ တာဝန်ရှိသူတစ်ဦးက ''ပဲ ခူးတိုင်းရဲ့ ပြင်ပစက်မှုမြေနေရာ မှာလုပ်ဖို့တော့ မလေးရှားကုမ0x081ပဏီ က နစ်ဆန်း ကား တွေထုတ်ဖို့ရှိ တယ်။ လက်ရှိမှာခွင့်ပြုထားတယ်'' ဟု ပြောသည်။ အဆိုပါနစ်ဆန်းမော်တော် ယာဉ်တည်ဆောက်ရေးစက်ရုံကို ပဲခူးတိုင်းဒေသကြီး ပြင်ပစက်မှု မြေနေရာရှိ မြေဧက ၈ဝတွင်တည် ထောင်မည်ဖြစ်ပြီး APM Auto Components Myanmar   ကုမ္ပဏီ မှ မြေဧက ၃ဝတွင် မော်တော်ကား စက်အစိတ်အပိုင်းများထုတ်လုပ် မည်ဖြစ်ကာ ကျန်ဧက ၅ဝတွင် Chong Motor (Myanmar) ကုမ0x081ပဏီက မော်တော်ယာဉ်ကိုယ် ပိုင်းကို တာဝန်ယူထုတ်လုပ်သွား မည်ဖြစ် ကြောင်း သိရသည်။

အောင်ကမ္ဘာကား အရောင်း စင်တာမှ ကိုငယ်က ''အရောင်း စင်တာတွေအတွက်တော့ သိပ်ပြီး စိုးရိမ်စရာမရှိဘူး။ အသစ်ဆိုရင် ကျပ် သိန်း၃ဝဝနဲ့မှ အနိမ့်ဆုံး ရောင်းကြမှာ။ အဟောင်းကတော့ ကျပ်သိန်း၁၀၀ ဝန်းကျင်နဲ့ဝယ် စီးနိုင်တယ်။ ထိုင်းမှာ NISSAN   မော်တော်ကားထုတ်တာပဲ။ ဒါပေ မဲ့ ဂျပန်ကိုပြန်ရောင်းတယ်။ ဒီမှာ လဲ အဲဒီလိုဖြစ်နိုင်တယ်။ ဒီမှာက တခြားထက်စာရင် လုပ်သားတို့ အခွန်တို့က သက်သာတော့ သူ တို့အတွက် တွက်ခြေကိုက်တယ်'' ဟု ဆိုသည်။ အဆိုပါ ကား ထုတ်လုပ်ဖြန့် ဖြူးခွင့်အား မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်က ဩဂုတ် ၁၅ ရက်ကပြုလုပ်သည့် (၂၁/၂၀၁၃) အစည်းအဝေးတွင် ရာနှုန်းပြည့် ပြည်ပရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြု ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သက်ထား ကား အရောင်း စင်တာမှ ဦးအောင်မြင့်ထူးက ''ဒီ မှာ ထုတ်မယ်ဆိုပေမယ့် ဘယ် လောက်ကြာဦးမယ်မသိဘူး။ ဒီ မှာတပ်ဆင်ပြီး ထုတ်မယ်ဆိုရင် တော့ ပစ်ကပ်အမျိုးအစားလောက် ပဲ ဖြစ်နိုင်တယ်။ ဆလွန်းထုတ်လဲ တစ်မျိုး နှစ်မျိုး လောက်ပဲ လုပ်နိုင် မယ်ဆိုရင်တော့ အရောင်းစင် တာတွေကို ထိခိုက်မှုမရှိနိုင်ဘူး။ ဒီမှာလာထုတ်တော့ ကားသစ်စီး ရတာပေါ့''ဟု ဆိုသည်။

ယာဉ်ရောင်းဝယ်ရေးလုပ် ငန်းလုပ်ကိုင်သူ ဦးဝေဖြိုးက ''နိုင်ငံ ခြားကားကု
မ္ပဏီတွေ အခုလိုပြည် တွင်းမှာ ကားလာထုတ်တာတော့ ပြည်သူတွေအတွက် ကောင်းတာ ပါတယ်။ လက်ရှိကားဝယ်တဲ့သူ တွေ ကားတန်ဖိုးရော၊ သယ်ယူ စရိတ်၊ ဝန်ဆောင်မှု စရိတ်တွေ ပေးနေရတာတော့ သက်သာသွား တာပေါ့။ ဒါပေမဲ့ ဘယ်လိုကား မျိုးထုတ်မယ်တော့ မသိဘူး။ လူ တန်းစားမရွေးစီးနိုင်တဲ့ ကားမျိုးဖြစ် ရင် ပိုကောင်းတာပေါ့''ဟု ပြော သည်။

 

.. www.MyanmarExpress.net
 

2 comments:

မင်္ဂလာ သတင်းပါဗျာ

Nissan ကားထုတ်လုပ်ရေး ကုမ္ပဏီမှ ဆောက်လုပ်မည့် အ ဆောက်အဦးအတွက် အုတ် သဲ ကျောက် လိုအပ်ချက်အား Top အုတ် သဲ ကျောက်ရောင်းဝယ်ရေးမှ ပေးသွင်းသွားမည်ဟု သတင်းရရှိပါသည်...09 428193965

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်