Subscribe to our RSS Feed

ကိုမင်းကိုနိုင် နဲ့ ကိုကျော်သူ လူထု့အတွက် ဘယ်သူပိုအသုံးကျသလဲ?

From : ..မှန်မှန်ကန်ကန် မောင်ထိုက်စံ



ကိုမင်းကိုနိုင်ဆိုသည်မှ ၁၉၆၂ အောက်တိုဘာ (၁၈) တွင်မွေးဖွားခဲ့ပြီး အသက် ၅၁ နှစ် အရွယ်ရှိကာ ကျောင်းသားခေါင်းဆောင်တစ်ဦးအနေဖြင့် လူသိများသူတစ်ဦးဖြစ်သည်။ ကိုကျော်သူမှာ ၁၉၅၉ နိုဝင်ဘာ (၂) ရက်တွင် မွေးဖွားခဲ့ပြီး ယခု အသက် ၅၄ နှစ်ရှိကာ နာရေးကူညီမှုအသင်း ဥက္ကဌ အဖြစ် လူသိများသူဖြစ်သည်။ နှစ်ဦးလုံးသည် ကမ္ဘာမှ ချီးမြှင့်ထားသော ဆုများရရှိထားသဖြင့် ၎င်း တို့ (၂) ဦးတွင် လူထု့အတွက် မည်သူက ပိုအသုံးကျသလဲ ဆိုသည့် မေးခွန်းကို ဖြေဆိုရန်ခက်ခဲသည်။

ကိုကျော်သူသည် လူချစ်လူခင်များသော ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး တစ်ပြည်သူမရွှေထား ဇတ်ကားဖြင့် အကယ်ဒမီရရှိထားသူဖြစ်သည်။ ၁၉၈၀ နှင့် ၁၉၉၀ ကြားကာလတွင် ရုရှင်မင်းသားများတွင် အဆင့် (၁) နေရာသို့ ရှိခဲ့ပြီး ၁၉၈၈ တွင် ကျောင်းသားများဆန္ဒပြနေချိန်တွင် နာမည်ကြီးမင်းသား တစ်ဦးအနေဖြင့် ဂုဏ်သိက္ခာမဲ့ အလုပ်များတွင် ဝင်မပါပဲ ၎င်းစတိုင်နှင့် ၎င်း သီးခြားနေသဖြင့် လူထုမှ ပိုမိုနှစ်သက်ခဲ့သည်။ အရေးအခင်းနောက်ပိုင်း စစ်ကား နှင့် ပေါ်လစီ ကားများလည်း ပါဝင်ရိုက်ကူးခဲ့ကာ “လှလေးစိန်” ဇတ်ကားမှာ အထူးလူကြိုက်များသော စစ်ကားတစ်ကားဖြစ်သည်။
ပညာအရည်ချင်းအားဖြင့် ကိုကျော်သူသည် နောက်ဆုံးနှစ် တွင် စာမလိုက်နိုင်၍ ကျောင်းထွက်ခဲ့ရကာ ယခုထိ ဘွဲ့မရသေးပေ။ ၂၀၀၅ ခုနှစ်တွင် နာရေးကူညီမှုအသင်း နာယက ဦးသုခ ဆုံးပြီးနောက်ပိုင်းတွင် ကိုကျော်သူလည်း ရုပ်ရှင်မင်းသား အလုပ်ကို စွန့်လွှတ်ကာ နာရေးကူညီမှုလုပ်ငန်းများ နှင့် အခြား လူမှု ကူညီရေးလုပ်ငန်းများကို စောက်ချ လုပ်ကိုင်ခဲ့သည်။ ကိုကျော်သူကြောင့် ရန်ကုန်မြို့နယ်တွင်းရှိ ပြည်သူအများမှာ အခက်အခဲပေါင်းများစွာ အဆင်ပြေစေပြီး အကျိုးကျေးဇူးများစွာ ရရှိစေခြင်းကြောင့် ကျေးဇူးတင်မဆုံးဖြစ်လျှက်ရှိသည်။ လူအများကလည်း ကိုကျော်သူကို လေးစားလျှက်ရှိပြီး စေတနာရှင်အများအပြားကလည်း အလှူငွေများ ထည့်သွင်းရန် အမြဲဆန္ဒရှိနေသည့် အသင်းတစ်ခု ဖြစ်လာသည်။

ကိုမင်းကိုနိုင်သည် ၁၉၈၀ မင်းသားကျော်သူ နာမည်ကြီးနေချိန် တလျှောက်လုံးတွင် ကိုမင်းကိုနိုင် ဘာလုပ်နေသည်ကို မည်သူမျှ မသိရပေ။ ကိုမင်းကိုနိုင်၏ ပြန်လည်ပြောဆိုမှုအရ ကဗျာရေးခြင်း၊ ကာတွန်းဆွဲခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။ သို့သော် ၁၉၈၈ မတိုင်ခင်ထိ ၎င်း ကို မည်သူမျှ မသိကြချေ။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီးတွင် ကျောင်းသားခေါင်းဆောင်ဟု နာမည်ထွက်လာကာ ၈၉ ခုနှစ်တွင် ဖမ်းဆီးခံရမှ အထူးထင်ရှား နာမည်ကြီးလာပြီး ခေါင်းဆောင်ချက်ခြင်းဖြစ်ခဲ့သည်။ ထို့နောက် နောက်ကြည့်မှန် ဟူသော စာအုပ်တစ်အုပ် ရေးသားခဲ့ပြီး ပရိတ်သက်က လက်မခံခဲ့ပေ။
ယခုအခါ ၈၈ မျိုးဆက် ကျောင်းသားများတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ရှိနေပြီး အမေရိကန် နှင့် ဥရောပနိုင်ငံများမှ ဖိတ်ခေါ်ဆုချခြင်း၊ ပြည်တွင်း ရှိ နောက်ကြောင်းပြန် နှစ်ပတ်လည် အခမ်း အနား အများ အပြားတွင် မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်လျှက်ရှိသည်။

ယနေ့ မြန်မာပြည်သူအချို့အတွက် ကိုကျော်သူသည် မရှိမဖြစ် လိုအပ်လျှက် ရှိပေမယ့် ကိုမင်းကိုနိုင် မရှိလျှင်တော့ ဘာမှမဖြစ်ပေ။ ကိုကျော်သူ၏ အားနည်းချက်မှာ ဇနီးဖြစ်သူ ဒေါ်မြင့်မြင်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်က နိုင်ငံရေး ကိစ္စအချို့တွင် ပါဝင်ခဲ့သော ဦးဥတ္တမ၊ ဦးဝိစာရ နှင့် စက်တင်ဘာဘုန်းကြီးများကို စော်ကားပြောဆိုသည်ကို မထိန်းနိုင်ခြင်း နှင့် မင်းသားဘဝ မှလာသည့်အတွက် နားကဒ် တပ်ဆင်ကာ အဝတ်ဖြူကြီးဝတ်ကာ စတိုင်ထုတ်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် ကိုမင်းကိုနိုင်က အချင် (သို့) မွန် ပုဆိုးဝတ်ကာ အကျီအဖြူဖြင့် လူထုအတွက် အရေးပါသူ၊ အလုပ်လုပ်နေသူ ဟန်ဖြင့်နေတတ်သည်။ သို့သော် ကိုကျော်သူမျှ အလောင်းအချို့ကို ကိုယ်တိုင် အခေါင်းထမ်း ကူညီနေချိန်တွင် ကိုမင်းကိုနိုင် ဘာမှမလုပ်ပေ။ တနေ့ အခေါင်း ၃၊ ၄ ခု ဖြင့် အလုပ်ရှုတ်နေသော ကိုကျော်သူသည် စီးစရာ နိဗ္ဗန်ယာဉ် ကားတစ်စီးသာ ရှိသော်လည်း အလုပ်မရှိသည့် ကိုမင်းကိုယ်နိုင်မှာ နောက်ဆုံးပေါ် တန်ဖိုးမြင့်ကားကြီးများ၊ အစားသောက်ကောင်းများ နှင့် တိုက်ကြီးတာကြီးဖြင့် နေနိုင်ပြီဖြစ်သည်။ ရန်ကုန်လူထု ကို စစ်တမ်းကောက်ယူချိန်တွင် လူ ၁၀၀၀ တွင် ကို ကျော်သူကို လိုအပ်ပြီး ကိုမင်းကိုနိုင် မရှိလျှင် ဖြစ်သူမှာ ၉၆၆ ဦး ရှိပြီး ကိုမင်းကိုနိုင်လိုအပ်ပြီး ကျော်သူမရှိလျှင် ဖြစ်သူမှာ ၃၄ ဦးသာရှိသည်။ ရာခိုင်နှုံးအားဖြင့် ကိုကျော်သူဘက်တွင် ၉၇% ရှိပြီး ကိုမင်းကိုနိုင်ဖက်တွင် ၃% နှုံးသာ ရှိပေသည်။ သို့ဖြစ်၍ စစ်တမ်းအရ ကိုမင်းကိုနိုင်နှင့် ကိုကျော်သူတွင် ကိုကျော်သူကသာ လူထုအတွက် ပိုမို အသုံးကျသူဟု ကောက်ချက်ချနိုင်ပေသည်။


.. www.MyanmarExpress.net
 

6 comments:

No one can deny you Mg Htaik San.

ကျွန်တော်အထင်တော့ ဘယ်သူမှအရေးမပါဘူး မင်းကိုနိုင်က လည်းနိုင်ငံရေးသမားဆိုပြီး ထောင်ကျတော့
ဘယ်သူကမှမတို့မထိလို့ အာချောင်နေတာ ရိုးရိုးထောင်ကျတွေလို အလုပ်ခံရကြည့်ပါလား အာချောင်နိုင်မလားလို့ကျော်သူနဲ့ ဇီးကွက် ကကိုယ့်အကြောင်းကိုယ်မသိတဲ့လူတွေ သူတို့ဒီလိုဖြစ်လာတာဘုန်းကြီးတွေ ကျေးဇူးက ၁၀၀နှုန်းပြည့်ပါ သူတို့တာဆွမ်းထွက်မလောင်းကြည့်ဒီလို ဖြစ်လာဖို့ဝေသေး မြေမြိုအုန်းမယ်ဒေါ်ဇီးကွက်

ယသ သူဌေးသားကဲ့သို့ သော ကုသိုလ်ကို ရစေနိုင်သော သူဖြစ်ပါသည်။
မွတ်ကိုနိုင်ကတော့ ဘာလူလဲ မသိပါ။

Min Ko Naing = Talking, singing, dancing
Jobless person

Kyaw Thu = hardworking person

ဟို ကျောင်းသားအရေခြုံ ပေါက်ခေါ်ကောင်စာရင်
ပြည်သူ့အကျိုးပြုမှာ တကယ်ဆောင်ရွက်တဲ့
ကိုကျော်သူက သာတယ်ဆိုရမှာပါ။
သို့သော် ကိုကျော်သူအနေနဲ့
နိုင်ငံရေးယောင်ယောင် ဘာသာရေးယောင်ယောင်
ဖြစ်နေမှာကိုတော့ စိုးရိမ်မိပါတယ်။

1-KO KYAW THU LOOK LIKE OK BUT HIS WIFE
LET HIM DOWN.
2-KO MIN KO NAING NEEDS TO CHANGE HIS OUR
COUNTRY POLICY AND FOREIGN POLICY.WE CANNOT
TRUST HIM IF HE DO NOT CHANGE POLICIES.
3-WE THINK ALL POLITICIANS SUPPOSE TO LOVE OUR
COUNTRY,OUR PEOPLE AND UNDERSTAND WHAT WE ALL
NEED OUR LEADERS QUALIFICATION.
4-WE ALL KNOW EVERYBODY WRITING HIS/HER OWN
HISTORY.
5-KO KYAW THU AND KO MIN KO NAING BETTER WRITE
OWN HISTORY.PLEASE IMPROVE.
6-WE ALL PUBLIC WILL JUDGING ON THEM BY THEIR
TRACK RECORDS.
7-SHORT TERM SURVEY RECORD INDICATE SOME
VALUABLE INFORMATION BUT THEY WILL GET THE
OUR PUBLIC JUDGEMENT BY VOTES.
8-WE NEED POLITICIANS PARTICIPATE IN EFFECTIVE
SOCIAL SERVICES,TRUTHFUL,TRUSTWORTHY AND
SINCERE OUR COUNTRY AND OUR PEOPLE.
9-HUSBAND AND WIFE NEED TO BUILD PUBLIC
SUPPORT BY CONTRIBUTING TO SOCIAL SERVICES
AND UNDERSTAND TO FULFILL THE PUBLIC
REQUIREMENTS.
10-REQUEST THE NAME CHANGE ON ALL VEHICLES
FROM "NEAK BAN YIN" TO "AH THU BA YIN" THIS
IS THE PROPER NAME FOR THAT JOB.
11-***WE DO NOT WANT TO MAKE GENERAL PUBLIC
AND OTHER RELIGIOUS MISUNDERSTAND ABOUT OUR EXTREME VALUABLE MEANING OF "NEVAN=NENANA"IN BUDDHISM.
THE DEATH OR DEATH BODY IS NOT CONNECTED
TO "NEVAN=NEVANA".
CARRYING OR TRANSPORTING THE COFFIN OR DEATH BODY TO A CEMETERY OR BURIAL IS NOT THE MEANING OF SENDING HIM/HER TO THE
"NEVAN=NEVANA".
12-KO KYAW THU DONE A GREAT JOB.YOU ARE
WONDERFUL.WE CANNOT SACRIFICE LIKE YOU AND
THANK YOU FOR YOUR GOOD SERVICES.
13-WE ARE NOT BIAS JUST WRITE ON THE PROVEN
TRACK RECORD OF KO KYAW THU AND KO MIN KO NAING.
14-PLEASE IMPROVE BY ACTIONS FOR TE BENEFIT
OF OUR COUNTRY AND OUR PEOPLE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်