Subscribe to our RSS Feed

အမေရိကန် မြှောက်ပေးထားသည့် အီဂျစ် ကြားဖြတ်အစိုးရ၏ ပြည်သူ ၆၀၀ ကျော် သတ်ဖြတ်မှုကြောင့် US မီဒီယာများ ဝေဖန်ထိုးနှက် ချက်ကို အိုဘားမား အလူးအလဲခံနေရ

From : ..The Voice


အရပ်သား ဆန္ဒပြသူ အတိုက်အခံများကို အီဂျစ် ကြားဖြတ် အစိုးရက အကြမ်းပတမ်းနည်းများ သုံးပြီး လူစုခွဲ ဖြိုခွင်းလျက်ရှိရာ သေဆုံးသူ အရေအတွက် မြင့်တက်လျက် ရှိပြီး အမေရိကန် အစိုးရက အီဂျစ်ကို ပေးနေ သည့် အကူအညီများကို မဖြတ်တောက်ခြင်းအတွက် သမ္မတ ဘားရက်ခ် အိုဘားမားကို အမေရိကန် ပြည်တွင်း မီဒီယာများက ဝိုင်းဝန်း ဝေဖန်လျက် ရှိကြောင်း NHK သတင်း တစ်ရပ်က ဖော်ပြထားသည်။

ကြားဖြတ် အစိုးရနှင့် လုံခြုံရေး တပ်များ၏ လုပ်ရပ်များကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချပါကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့တွင် အိုဘားမားက ပြောကြားခဲ့သည်။

လာမည့် လပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အီဂျစ် စစ်တပ်နှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မည့် အစီအစဉ်ကိုလည်း အမေရိကန်သမ္မတက ဖျက်သိမ်း လိုက်သည်ဟု ကြေညာခဲ့သည်။

သို့သော် အီဂျစ် အစိုးရကို ပေးအပ်နေသည့် အမေရိကန် အကူအညီပေးရေး ပေါ်လစီကိုမူ အပြောင်းအလဲ တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။

အကယ်၍ အကြမ်းဖက်မှုများ မရပ်တန့်ပါက အမေရိကန်ပြည်ထောင်စု အနေနှင့် အနာဂတ်တွင် ခြေလှမ်းသစ်များ လှမ်းကာ အရေးယူရလိမ့်မည် ဟုလည်း ပြောဆိုသွားသည်။

အမေရိကန်ပြည်ထောင်စုသည် အီဂျစ်နိုင်ငံသို့ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုး အကူအညီ အထောက်အပံ့များ ပေးလျက် ရှိသည်။

အိုဘားမားသည် ၎င်း၏ အမျိုးသား လုံခြုံရေး ဝန်ထမ်းများကို လိုအပ်သည် များ လုပ်ဆောင်ရန် ညွှန်ကြားထားသည်ဟု ဆိုသော်လည်း လက်တွေ့တွင် အကူအညီများ ဆိုင်းငံ့ရေး ကဲ့သို့သော လုပ်ဆောင်ချက်များ ပျက်ကွက် ခဲ့ကြောင်း သြဇာကြီး အမေရိကန် သတင်းစာ The New York Times က ဝေဖန် ရေးသားထားသည်။

လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းကို ပြင်းထန်သော တုံ့ပြန်မှု တစ်စုံတစ်ရာ မပြုလုပ်ခြင်းသည် အမေရိကန်ပြည်ထောင်စု အနေဖြင့် မိမိကိုယ်ကို ပြန်လည် တိုက်ခိုက်နေခြင်းသာ ဖြစ်ကြောင်း The Washington Post သတင်းစာ၏ အယ်ဒီတာ့ အာဘော်တွင် ရေးသားထား သေးသည်။

အကယ်၍ အမေရိကန်ပြည်ထောင်စုသည် အီဂျစ်အပေါ် သြဇာ သက်ရောက် လိုလျှင် အီဂျစ်စစ်တပ် အပေါ် ထားရှိသော မူဝါဒနှင့် အကူအညီပေးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုတို့ကို ပြန်လည် ဆန်းစစ် ပြောင်းလဲ သင့်ကြောင်း ယင်းသတင်းစာက အစိုးရအဖွဲ့ကို တိုက်တွန်းသွားခဲ့သည်။

အီဂျစ်တွင် အာဏာမှ ဖြုတ်ချ ခံရသော အစ္စလာမ္မစ် သမ္မတ မိုဟာမက်မော်စီ ကို ထောက်ခံသူများ၏ ဆန္ဒပြပွဲကြီးများကို လက်ရှိ ကြားဖြတ် အစိုးရက နှိမ်နင်းခဲ့ရာ ထိပ်တိုက် တွေ့ဆုံမှုများကြောင့် သေဆုံးသူ ဦးရေ ၅၇၀ ကျော်သွားပြီ ဖြစ်ကြောင်း NHK သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။


.. www.MyanmarExpress.net
 

1 comments:

သြဇာခံတွေကိုရဖို့မနည်းကြိုးပမ်းနေရတာနားမလည်တဲ့
ကောင်တွေကတစ်မျိုးငါတို့ကခေတ်သစ်ကိုလိုနီကိုပုံဖော်နေ
တာကွသိတယ်မဟုတ်လားငပွကြီးလေမပိုင်ရင်ဘာမှမလုပ်
ဘူးအခုအီဂျစ်မှာသတ်တာကငါ့လူတွေသေတာကအလကား
ကောင်တွေသေပစေပေါ့ငါတို့နဲ့မှမဆိုင်တာ
အဟိ အဟိ အဟိ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်