Subscribe to our RSS Feed

ရှမ်းပြည်နယ် နမ့်ခမ်းမြို့တွင် ဗုံး ၃ ကြိမ်ကွဲ၊ ၁ ဦး သေဆုံး

From : .. irrawaddy

ဗုံးကွဲမှု, နမ့်ခမ်း
လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့နေသော နမ့်ခမ်းမြို့ဗုံးပေါက်ကွဲမှုမြင်ကွင်း


ရှမ်းပြည်နယ်မြောက်ပိုင်း  နမ့်ခမ်းမြို့တွင် အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းနှင့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ဗုံးကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခမ်းမြို့နယ်ရဲစခန်းက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းက နမ့်ခမ်းမြို့တွင် ဗုံးတလုံး စတင်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၇ နာရီ နှင့် ၇ နာရီခွဲတွင် နမ့်ခမ်းမြို့လယ်ဘုရားအနီးတွင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၁ ဦးမှာ ဒဏ်ရာအနည်းငယ် ပြင်းထန်သဖြင့် နမ့်ခမ်းမြို့နယ် ပြည်သူ့ ဆေးရုံ ကြီးသို့ ပို့ဆောင်ထားပြီး ကျန် ဒဏ်ရာရသူ ၅ ဦးမှာ ပွန်းပဲ့ဒဏ်ရာများသာ ရရှိကြောင်း သိရှိရသည်။

“ပေါက်ကွဲမှု ဖြစ်တဲ့အတွက် တယောက်သေသွားတယ်။ ဒဏ်ရာရတဲ့ အထဲက တယောက်ကို နမ့်ခမ်း ဆေးရုံကို ပို့လိုက် ပါပြီ။ ကျန်တဲ့သူတွေက ပွန်းရာ ပဲ့ရာလောက်ပဲဆိုတော့ ဆေးရုံသွားဖို့ မလိုဘူး´´ ဟု နမ့်ခမ်းရဲစခန်းမှ ရဲအရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။

ယနေ့မနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် နမ့်ခမ်းမြို့လယ်ခေါင်ရှိ ကားလမ်းကို ကာရံထားသော အုတ်ခုံ တချို့ ထိခိုက် ပျက်စီးခဲ့ပြီး ဗုံးမှာ ချိန်ကိုက်ဗုံး ဟု ယူဆရကြောင်း၊ အသေးစိတ်ကို တပ်မတော်အင်ဂျင်နီယာတပ်က ဆက်လက် စစ်ဆေး လျက်ရှိ ကြောင်း နမ့်ခမ်းရဲစခန်းမှ သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ တောင်ငူ၊ ဖြူး၊ နမ့်ခမ်းမြို့နယ်များတွင် ဗုံးပေါက်ကွဲမှု ၉ ကြိမ်၊ ဗုံးတွေ့ရှိမှု ၃ ကြိမ် စုစုပေါင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦး ရှိကြောင်း သိရှိရသည်။

.. www.MyanmarExpress.net
 

3 comments:

KIA. KIO, SNLA (Ta-Aung) are the culprits.

လော ဘ ဒေါ သ မော ဟ တွေ ဖုးံ လွှမ်း နေ ကြ တဲ့ ဒီကမ္ဘ္ဆာ ကြိး ထဲ မှာ လူ ကောင်း ဆို တာ ခပ် ရှားရှား ပါ သတ် ကြ တယ် လိမ် ကြ တယ် ခိုး ကြ တယ် ပုတ် ခတ် ကြ တယ် ချောက် ချ ကြ တယ် မ နာ လို စိတ် ထား ကြ နယ် အ မှန် တ ရား မ ရှိကြ ဘူး နောင် ဘဝ လူ ဖြစ် ဘို့ ဝေး လေ စွ


PKU TT

ပြည် ထောင် စု မြန် မာ နိုင် ငံ တော် အ စိုး ရ

မြို့ နယ် ခရိုင် တ်ုင်း အုပ် ခူပ် ရေး မူး တွေ ကို ပြည် သူ တွေ က တင် မြှောက် တဲ့ အုပ် ခူပ် ရေး မူး တွေ ဖြစ် စေ ချင် တယ်
ယခု လက် ရှိ အုပ် ခူပ် ရေး မူး တွေ က တ အား လဒ် စား တယ် လဒ် စား တော့ ပြည် သူ တွေ စိတ် ညစ် ရတယ် အ မှန် တ ရား မ ရှိ ဘူး နိုင် ငံ တော် အ တွက် လည်း နစ် နာ တယ် တ ရား ဝင် လုပ် ငန်း ဘဲ ဖြစ် ဖြစ် တရား မ ဝင် လုပ် ငန်း ဘဲ ဖြစ် ဖြစ် သူ တို့ ကို ငွေ ပေး ရတယ်
တိုင်း ပြည် အ တွက် နစ် နာ လှပါ တယ်
ပြင် ပေး ကြ ပါ မြန် လေ ကောင်း လေ ပါ
နိုင် ငံ တော် အ စိုး ရက ကောင်း အောင် လုပ် ပေ မဲ့ သူ တို့ ကြောင့် နိုင် ငံ တော် အ စိုး ရ မျက် နှာ ပျက် ပါ တယ် တော် သင့် ပါ ပြိ

တပ် မ တော် ကို တော့ မ ပြစ် ပါယ် ကြ ပါ နဲ့
တိုင်း ပြည် အ ခြေ အ နေ သိ ကြ ပါ

အ ခြေ ခံ ဥ ပ ဒေ ပြင် မယ် ဆို ရင် ဒီ တ ချက် ပြင် ပေး ကြ ပါ ပြည် သူ တင် မြှောက် တဲ့ အုပ် ခူပ် ရေး မူး တွေ ဖြစ် စေ ချင် တယ်
ဒါ ကို တောင်း ဆို တဲ့ ဘယ် ပါ တီ မ ဆိုေ



ထာက် ခံ ပါ တယ် လေး စား ပါ တယ်

PKU TT

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်