Subscribe to our RSS Feed

ယာဉ်အစီး ၂၀ ကျော်၏ တာယာများ ထပ်မံထိုးဖောက်ခံရမှု တာယာဆိုင်မှ လူငယ်တစ်ဦးကို ဖမ်းမိ

From : ..the voice


ကမာရွတ်မြို့နယ်ရှိ လမ်းမများတွင် ညအိပ် ရပ်နားထားသည့် ယာဉ်အစီး ၂၀ ကျော်၏ ဘီးတာယာများ ဒုတိယအကြိမ်မြောက် ထိုးဖောက်ခံရမှု အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်က ထပ်မံဖြစ်ပွားခဲ့ရာ တာယာဆိုင်တွင် အလုပ်လုပ်ကိုင်နေသော လူငယ်တစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ကမာရွတ်မြို့နယ် အမှတ် (၄) ရပ်ကွက် ကွမ်းခြံ (၁) လမ်းတွင် ရပ်နားထားသည့် ယာဉ်များအနီးတွင် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးကို နံနက် ၂ နာရီ ၃၀ မိနစ်အချိန်က ဘောလုံးပွဲ ကြည့်ရှု နေသူတစ်ဦးက တွေ့မြင်ခဲ့ရာက မသင်္ကာသဖြင့် ရပ်ကွက်အတွင်းရှိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာ အဆိုပါ လူငယ်မှာ ထွက်ပြေးသွားခဲ့သော်လည်း လုံခြုံရေး ကင်းစောင့်နေသည့် ရဲအရာရှိတစ်ဦးက ဆိုင်ကယ်ဖြင့် လိုက်လံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များက The Voice သို့ ပြောဆိုသည်။
“ကျွန်တော်က ဘောလုံးပွဲ ကြည့်နေရာက အမှတ်တမဲ့ မြင်လိုက်တာ၊ ကျွန်တော့်ကားကို အရင်ဖောက်တာ၊ အဲဒီတုန်းကတော့ မသိလိုက်ဘူး။ ဘီးကိုဖောက်လိုက်တဲ့ အသံတော့ကြားလို့ မသင်္ကာတာနဲ့ စောင့်ကြည့်နေတာ။ နောက်တစ်စီးကို ထပ်ဖောက်တော့မှ ဝိုင်းဖမ်းကြတာ” ဟု အမှတ် (၄) ရပ်ကွက်၊ ကွမ်းခြံ (၁) လမ်းတွင် နေထိုင်သူ ဦးသိန်းထိုက်က ပြောကြားသည်။

ဖမ်းဆီးရမိသူသည် အသက် ၁၈ နှစ်အရွယ် ဟိန်းထက်အောင် ဆိုသူဖြစ်ပြီး အမှတ် (၈) ရပ်ကွက် ဗဟိုလမ်းရှိ ပြည့်ဖြိုးစံ တာယာဆိုင်တွင် အလုပ်လုပ်ကိုင်သူ ဖြစ်ကြောင်း ကမာရွတ် မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့သော် ပြည့်ဖြိုးစံ တာယာရောင်းဝယ်ရေး ဆိုင်သို့ The Voice က သွားရောက် မေးမြန်းရာ အဆိုပါ လူငယ်မှာ ၎င်းတို့ဆိုင်တွင် လုပ်ကိုင်သူဖြစ်ပြီး ယမန်နေ့ကအထိ အလုပ်ဆင်းကြောင်း ဆိုင်ရှိ ဝန်ထမ်းတစ်ဦးက ပြန်လည် ဖြေဆိုခဲ့ကာ ဆိုင်ပိုင်ရှင်ကို ထပ်မံမေးမြန်းရာ ဟိန်းထက်အောင်သည် ၎င်းတို့ဆိုင်တွင် အလုပ်လုပ်ကိုင်သူ မဟုတ်ကြောင်း အရောင်းဝန်ထမ်းနှင့် ကွဲပြားစွာ ဖြေကြားခဲ့သည်။

ယင်းကားဘီး တာယာများ ထိုးဖောက်ခံရမှုတွင် ပါဝင်သည့် ယာဉ်များမှာ ကမာရွတ်မြို့နယ် အမှတ် (၈)၊ အမှတ် (၆)၊ အမှတ် (၄) နှင့် အမှတ် (၃) ရပ်ကွက်တို့ရှိ ဇေယျာလမ်း၊ မင်္ဂလာလမ်း၊ ပြည်ရိပ်မွန် အိမ်ရာလမ်း၊ ကွမ်းခြံ (၁) လမ်းနှင့် ပန်းခြံလမ်းတို့တွင် ညအိပ်ရပ်နားထားသည့် ယာဉ်များလည်း ပါဝင်ကြောင်း၊ ယာဉ်များ၏ လမ်းအတွင်းဘက်ပိုင်းဘီး (ရှေ့နောက်) တာယာများကို သံချွန်ဖြင့် ထိုးဖောက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“ကျွန်တော့်ကားတော့ တာယာနှစ်လုံးစလုံး အသစ်လဲလိုက်ရတယ်။ အရင်တစ်ခါတုန်းကလည်း အဖောက်ခံထားရတာ ဆိုတော့ ပြန်ဖာလို့ မရတော့ဘူးလေ” ဟု အဝေရာလမ်းနှင့် ဇေယျာလမ်းထောင့်တွင် ရပ်နားထားသည့် TOYOTA အမှတ်တံဆိပ် BB ယာဉ်ပိုင်ရှင် ဦးဝင်းခိုင်ဖြိုး က ပြောကြားသည်။

အဆိုပါ ကားဘီးများ ထိုးဖောက်ခြင်းနှင့် ပတ်သက်၍ ဟိန်းထက်အောင် (ခ)၊ ဟိန်းဇော်ထက် (ခ) ချစ်ကောင်းကို (ပ) ၄၅၇၊ ပြစ်မှုပုဒ်မ-၃၇၉/၅၄ ဖြင့် ကမာရွတ် ရဲစခန်းက အမှုဖွင့် ဆောင်ရွက်နေကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်ပွားမှုသည် ကမာရွတ် မြို့နယ်တွင် ဒုတိယအကြိမ် ဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီ ဝန်းကျင်ကလည်း အမှတ် (၈) နှင့် အမှတ် (၃) ရပ်ကွက်တို့တွင် ယာဉ်စီးရေ ၄၀ ခန့် ယခုကဲ့သို့ ဘီးတာယာများ ထိုးဖောက်ခံခဲ့ရကြောင်း ဇွန်လအတွင်းကလည်း ယင်းမြို့နယ်တွင် ယာဉ်စီးရေ ၂၀ ဝန်းကျင်၏ ယာဉ်တွင်း နောက်ကြည့်မှန်များ၊ ယာဉ်အမှတ်တံဆိပ်များနှင့် အခြားပစ္စည်းများကို တစ်ချိန်တည်း၊ တစ်ညတည်းတွင် ခိုးယူခံခဲ့ရကြောင်း ယင်းရပ်ကွက်ရှိ ယာဉ်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

.. www.MyanmarExpress.net
 

14 comments:

လူဆိုတာ မွေးခါစက ဘာပညာမှမပါသလို ချစ်စရာကောင်းပြီး ဖြူစင်ပါတယ်။ ဒါလေးတွေကို အရောင်ဆိုးတာ စောက်သုံးမကျတဲ့ ဒါကျက်ဒါဖြေ အအောင်ပေးပြီး အရည်အချင်းနိမ့်ကျအောင် လုပ်သွားတဲ့ ပညာရေးစနစ်ရယ်၊ စောက်သုံးမကျတဲ့ မိဘအုပ်ထိန်းမှု စနစ်ရယ်လို့ ထင်ပါတယ်။ ပညာရေး စနစ်ကို ပြန်သုံးသပ် ကြည့်ရင် ပါမောက္ခကြီးက ကျွန်တော့ရဲ့ ဘွဲလက်မှတ်မှာ လက်မှတ် ထိုးပေးတဲ့ အတွက် ကျွန်တော်ဟာ အနူတောမှာတော့ လူချော ဖြစ်ခဲ့ရပေမယ့် ဟင်္သာ အလယ်မှာတော့ မတင့်တယ်တဲ့ ကျီးငယ် သဖွယ် ဖြစ်ခဲ့ရပါတယ်။ ပါမောက္ခကြီးရဲ့ စေတနာ ဆိုတာ ဒါလား။ ဒီလို စေတနာမျိုးတော့ ကျွန်တော် မလိုချင်ပါဘူးဗျာ။ ဘာလိုလဲဆိုတော့ ပါမောက္ခကြီး လက်မှတ်ထိုးပေးလိုက်တဲ့ ဘွဲ့လက်မှတ်ကို အိမ်က ကြွက်တွေ ခွေးတွေကတောင် တန်ဖိုး မထားလို့ပါ။ ကျွန်တော်တို့အပေါ် စေတနာထားရင် တစ်ကယ် အရည်အချင်း ရှိသူရဲ့ ဘွဲ့ လက်မှတ်ကိုသာ လက်မှတ်ထိုးပေးပါ။ လောကကြီးနဲ့ နိုင်ငံတော်အပါအဝင် လူသားတွေ ကောင်းစေလိုသော ဆန္ဒနဲ့ နားကိုက်မိတဲ့ အတွက် တောင်းပန်ပါတယ်။ အရည်အချင်း မရှိသူများရဲ့ ဘွဲ့လက်မှတ်မှာ လက်မှတ်ထိုးပေးသူတိုင်း ရှက်တတ်ပါစေဗျာ။

လူဆိုတာ မွေးခါစက ဘာပညာမှမပါသလို ချစ်စရာကောင်းပြီး ဖြူစင်ပါတယ်။ ဒါလေးတွေကို အရောင်ဆိုးတာ စောက်သုံးမကျတဲ့ ဒါကျက်ဒါဖြေ အအောင်ပေးပြီး အရည်အချင်းနိမ့်ကျအောင် လုပ်သွားတဲ့ ပညာရေးစနစ်ရယ်၊ စောက်သုံးမကျတဲ့ မိဘအုပ်ထိန်းမှု စနစ်ရယ်လို့ ထင်ပါတယ်။ ပညာရေး စနစ်ကို ပြန်သုံးသပ် ကြည့်ရင် ပါမောက္ခကြီးက ကျွန်တော့ရဲ့ ဘွဲလက်မှတ်မှာ လက်မှတ် ထိုးပေးတဲ့ အတွက် ကျွန်တော်ဟာ အနူတောမှာတော့ လူချော ဖြစ်ခဲ့ရပေမယ့် ဟင်္သာ အလယ်မှာတော့ မတင့်တယ်တဲ့ ကျီးငယ် သဖွယ် ဖြစ်ခဲ့ရပါတယ်။ ပါမောက္ခကြီးရဲ့ စေတနာ ဆိုတာ ဒါလား။ ဒီလို စေတနာမျိုးတော့ ကျွန်တော် မလိုချင်ပါဘူးဗျာ။ ဘာလိုလဲဆိုတော့ ပါမောက္ခကြီး လက်မှတ်ထိုးပေးလိုက်တဲ့ ဘွဲ့လက်မှတ်ကို အိမ်က ကြွက်တွေ ခွေးတွေကတောင် တန်ဖိုး မထားလို့ပါ။ ကျွန်တော်တို့အပေါ် စေတနာထားရင် တစ်ကယ် အရည်အချင်း ရှိသူရဲ့ ဘွဲ့ လက်မှတ်ကိုသာ လက်မှတ်ထိုးပေးပါ။ လောကကြီးနဲ့ နိုင်ငံတော်အပါအဝင် လူသားတွေ ကောင်းစေလိုသော ဆန္ဒနဲ့ နားကိုက်မိတဲ့ အတွက် တောင်းပန်ပါတယ်။ အရည်အချင်း မရှိသူများရဲ့ ဘွဲ့လက်မှတ်မှာ လက်မှတ်ထိုးပေးသူတိုင်း ရှက်တတ်ပါစေဗျာ။

မင်းက ရော ဘွဲ့နဲ့တန်အောင် အားထုတ်မှု လုပ်လို့လား။ မင်းတို့ စောက်သုံးမကျ မကြိုးစားဘဲ ဆရာတွေ ကို စောက်ပြစ်မတင်နဲ့။ ခေတ်တွေ စနစ်တွေ လည်းမလွှဲ ချနဲ့ ။ ထူးချွန်မှု ကြိုးစားမှု ရှိရင် မင်းတွက် နေ ရာရှိတယ်။

ကိုယ်တိုင်အသုံးမကျဘဲ သူများအပြစ်လိုက်တင်နေတာ မရှက်ဘူးလား ....ငါလိုအဝေးသင်ဘွဲ့ရ တစ်ယောက်တောင် သူများနိုင်ငံတွေမှာ မျက်နှာမငယ် ဘဲ ပညာရှင်တစ်ယောက်အနေနှင့် အလုပ်လုပ်နေဆဲပဲ..

ကားတာယာရောင်းတဲ့ကွင်းဆက်တွေကနေဆက်လက်ဖော်ထုတ်သင့်တယ်တာယာတွေရောင်းချင်တာနဲ့လိုက်ဖျက်ဆီးနေတာပဲ

ဒါကျက်ဒါဖြေခိုင်းတာတောင်
ဒါကိုမကျက်နိုင် မလေ့လာနိုင်လို့ ခိုးချတဲ့ကောင်တွေ အများကြီးပဲ
တကယ်လေ့လာချင်ရင် တတ်ချင်ရင် ဒီခေတ်ကြီးမှာလေ့လာစရာနေရာတွေ အများကြီး
ဖွံဖြိုးပြီးနိုင်ငံတွေမှာတောင် ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေ အများကြီး
ဘွဲ့ရတိုင်းအလုပ်ရမယ်လို့ ဘယ်သူမှမပြောဘူး တကယ်အလုပ်လုပ်ချင်မှ တော်မှ(eg english စာတော်တယ်ဆိုရင် နိင်ငံခြာသားနှင့် အပြိုင်ပြောနိင်မှ) အလုပ်ရမှာပေါ့ မင်းတို့က ပြောမောရုံပဲ ရှိမဲ့ကောင်တွေ

အဲဒီကောင်က်ု လက်ဖြတ်ပစ်လိုက်။ တဘဝလုံး အတွက် ကျက်စရာမလိုဘဲ စွဲမြဲနေအောင်။

ဘွဲနဲ့တန်အောင် မကြီုးစားတဲ့အရည်အချင်း မပြည့်ဝတဲသူကို လီးဖြစ်လို့ အအောင်ပေးတာလား ?။ ဘွဲ့ပေးတာလား ?။ အဲဒါ ခေတ်စနစ်ကို မပြောရင် အရည်အချင်း မပြည့်ဝဘဲ ဘွဲ့ပေးတဲ့ နိုင်ငံတော်ရဲ့ လု့စွမ်းအား အရင်းအမြစ်တွေကို ဖျက်ဆီးတဲ့ မအေလိုးတွေကိုပဲ ပြောဖို့ပဲ ရှိတော့တယ်။

ကားတာယာဖောက်တဲ့အကြောင်းနဲ့မင်းတို့ပြောတဲ့ပညာရေးစံနစ်အကြောင်းဘာဆိုင်လို့လဲသောက်ရူးတွေရဲ့ဒါကြောင့်မင်းတို့ညံ့နေကြတာ

ကားတာယာဖောက်တဲ့အကြောင်းနဲ့မင်းတို့ပြောတဲ့ပညာရေးစံနစ်အကြောင်းဘာဆိုင်လို့လဲသောက်ရူးတွေရဲ့ဒါကြောင့်မင်းတို့ညံ့နေကြတာ

သဘာဝ သယံဇာတတွေ ပေါကြွယ်ဝ တဲ့မြန်မာနိုင်ငံမှာ တွေကရလူ ပါရဂူ။ မြင်မြင်သမျှ ပါမောက္ခတွေ ဖြစ်နေပြီးတော့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေတာ ပညာရေး စနစ်ကြောင့် မဟုတ်ရင် ဘယ်သူ့ကြောင့်လဲ။

မင်းတော် မင်းတတ်နေရင်လည်း ပညာရေး ဝန်ကြီးဖြစ်အောင် ကြိုးစား ဒီမှာ လာဟောင်မနေနဲ့ နှုတ်သီးဖြတ် ရိုက်လိုက်မယ်

ပညာ ​ရေးဝန်​ ကြီးလုပ်​ တာလွယ်​လွယ်​ ​လေး ပါ လွှတ်​​တော်​ မှာ အလွတ်​ ကျက်​လာ တဲ့ စာ​တွေ ထပ်​ခါတလဲလဲ ရွတ်​ ပြလို့ ​အ​အော်​ ခံရတယ်​ တဲ့ ကြက်​တူ​ရွေး ​တောင်​ ​စိတ်​ဝင်​ စား ရင်​ဖြစ်​ နိင်​ တယ်​ ကြိုးစား ဆို တဲ့ စကား ​တော မှာ သွား ​ပြော

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်