ကုန်သည်ကြီးများ ဟိုတယ်မှာ မနေ့ည
သန်းခေါင်ကျော် ပေါက်ကွဲမူမှာ အဓိက တရားခံလို့ ယူဆရတဲ့ သူကို
ဖော်ထုတ်ရရှိထားပြီလို့ သက်ဆိုင်ရာက ထုတ်ဖော်ပြောဆိုထားပါတယ်။
ပေါက်ကွဲမှု မဖြစ်ပွားခင် ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အခန်းမှာ နောက်ဆုံး တည်းခိုခဲ့တဲ့ သူဟာ အသက် ၂၇ နှစ် အရွယ် အမျိုးသားတဦးဖြစ်ပြီး မှတ်ပုံတင်အမှတ် ၃ /ဖမန (နိုင် )၀၂၂၅၇၆ ၊ အမည်က စောမြင့်လွင်(ဘ) ဦးကိုညွန့် ဖြစ်တယ်လို့ လတ်တလော စုံးစမ်းမှုအရ သိရပါတယ်။
"သူက ဖောက်ခွဲ ရေးပစ္စည်းတွေ ထားပြီး Taxi ကို ခုနှစ်သောင်းပေးပြီး လစ်တာ၊ Taxi ပေါ်မှာ သူ့ မှတ်ပုံတင် ကျန်နေခဲ့တယ်"ဟု တာဝန်ရှိသူ အရာရှိတစ်ဦးက ပြောပါတယ်။
အဲဒီ သံသယရှိသူအပေါ် သာကေတ နဲ့ အလုံမြို့နယ်တို့ တွင်တွေ့ရှိသည့် ဖောက်ခွဲ ရေးပစ္စည်းတွေနဲ့ လဲ ဆက်ဆပ်နေနိုင်တယ်လို့ ရန်ကုန်မြို့လုံခြုံရေး တာဝန်ယူထားတဲ့ တပ်မတော် အရာရှိ တစ်ဦးက သုံးသပ်ပြောထားပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ Traders' Hotel ကုန်သည်ကြီးများဟိုတယ်ရဲ့ အလွာ တစ်ထပ်လုံးပြောင်းရွေ့ ထားပြီး ဒဏ်ရာရရှိတဲ့ အမေရိကန် အမျိုးသမီးနဲ့ အတူတည်းခိုးသူကိုလည်း အခန်းပြောင်းရွှေ့ထား ကာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
အမေရိကန်ဇနီးမောင်နှံရဲ့ လက်ရှိကိုင်ဆောင်ထားသော နိုင်ငံကူး လက်မှတ်များမှာ pp 488927770 နှင့် pp 488932812 ဖြစ်ကာ အခင်းဖြစ်တဲ့ နေ့လည် ၁ နာရီလောက်က မှ ထရိတ်ဒါးစ် ဟိုတယ်မှာ စတင် တည်းခိုတာဖြစ်တယ်လို့ သိရပါတယ်။
လုံခြုံရေးတွေ ၀င်လာစဉ်၊ ဓာတ်ပုံ/ ဧရာဝတီ

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်