From :
..dvb
ေ
..
www.MyanmarExpress.net
ေ
အာက်တိုဘာ ၁ ရက်နေ့က ဂျပန်
All Nippon Airway(အေအန်အေ) လေကြောင်းလိုင်း၊ စင်ကာပူအခြေစိုက် Tiger Air
လေကြောင်းလိုင်းနဲ့ ထိုင်းအခြေစိုက် Bangkok Airway၊ လေကြောင်းလိုင်း ၃
လိုင်းဟာ ခရီးစဉ်အသစ်တွေ ပြေးဆွဲခဲ့ကြကြောင်း လေယာဉ်လက်မှတ် အရောင်းဌာနတွေက
ပြောပြပါတယ်။
အရင်က
ထိုင်ခုံ ၃၈ ခုံပါ လေယာဉ်ငယ်တွေနဲ့ ရန်ကုန်-တိုကျို ၁ ပတ် ၃ ကြိမ်
ပြေးဆွဲနေတဲ့ ဂျပန် အေအန်အေလေကြောင်းလိုင်းဟာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး
ထိုင်ခုံ ၂၀၀ ပါတဲ့ ဘိုးရင်း ၇၆၇ လေယာဉ်ကြီးနဲ့ နေ့စဉ် ပြေးဆွဲပါတယ်။
ဈေးနှုန်းသက်သာတဲ့ တိုက်ဂါးလ်အဲယား လေကြောင်းလိုင်းဟာလည်း အဲဒီနေ့မှာပဲ
ရန်ကုန် – စင်ကာပူ ခရီးစဉ်ကို နေ့စဉ်ပြေးဆွဲပါတယ်။
လက်ရှိ အချိန်ထိ ရန်ကုန် –
ဘန်ကောက် တနေ့ ၃ ကြိမ်ပြေးဆွဲနေတဲ့ ဘန်ကောက်အဲယားဝေးဟာလည်း အောက်တိုဘာ ၁
ရက်နေ့က နေပြည်တော် – ဘန်ကောက် ခရီးစဉ်တွေကို စ ပြီးပြေးဆွဲခဲ့ပါတယ်။
ခုအခါ ရန်ကုန်မှာ
နိုင်ငံတကာလေကြာင်းလိုင်းတွေ ပြေးဆွဲမှု များလာတာမို့ ညအချိန် ပြေးဆွဲ
ဆင်းသက်မှုတွေကိုပါ လုပ်နေရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဒုဝန်ကြီး ဦးဟံစိန်က အမျိုးသားလွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်