ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း နှင့် ..... တောင်ငူမြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများအား ..... KNU တပ်ဖွဲ့ဝင် အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း .... KNU အရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။ ဗုံးဖောက်ခွဲများနှင့် ပတ် သက်ပြီး CCTV ကင်မရာများနှင့် သက်သေခံပစ္စည်းများအရ KNU မှ စောမြင့်လွင် အပါအဝင် အခြား ၂ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး၊ မန္တလေးနှင့် စစ်ကိုင်းမြို့များ၌ ဖောက်ခွဲခဲ့ သူမှာ KNU တပ်မဟာ (၅) မှ ဗိုလ်နေ တိုးဖြစ်ကြောင်း သတင်းများထွက်လာပြီးနောက် အခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။
“ဖြစ်တာက ဖြစ်နိုင်ပါတယ်.. KNU နယ်မြေမှာက ကရင်တိုင်းရင်းသားတွေနဲ့ KNU ရဲဘော်တွေက ခွဲမရ ဘူးလေ.. တပ်ထဲဝင်လိုက်.. ထွက်လိုက် လုပ်နေကြတာပဲ… ဒါပေမယ့် အခု ဖောက်ခွဲတဲ့လူတွေက အခုလောလော ဆယ်မှာ KNU တပ်ဖွဲ့ဝင် နာမည်စာရင်း ရှိ/
လတ်တလောအားဖြင့် KNU နဲ့ ကာချုပ်မင်းအောင်လှိုင်တို့ ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သလို အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ KNU ခေါင်းဆောင်များမှာလည်း အကြိမ်ကြိမ်တွေ့ဆုံညှိနိုင်းခဲ့ပြီြး
“အစိုးရ နဲ့ ရော မြန်မာစစ်တပ်နဲ့ပါ ကျွန်တော်တို့ သဘောတူညီချက်တွေရပြီးသားပါ.. အခုဖြစ်တာကလည်း တပ်မဟာ(၅)က အောက်ခြေတပ်ဖွဲ့ဝင်တွေ ဖြစ်ပါလိမ့်မယ်.. ဒီတပ်တွေက လက်ရှိ ဒီက(KNU) ခေါင်းေ ဆာင်တွေနဲ့ သိပ်ပြီးအဆင်မပြေဘူးဆိုတာ အစိုးရဖက်က နားလည်ပြီးသား.. အစိုးရနဲ့ KNU ကြားက ငြိမ်းချမ်းရေးကိုတော့ ထိခိုက်စရာအကြောင်း မရှိပါဘူး….” လို့ ဆိုပါတယ်။
ရန်ကုန် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တရားခံကို အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲ အချိန်တွင် မွန်ပြည်နယ် ဖာပွန်ကားလမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်ခဲ့သူမှာ စောမြင့်လွင် အသက် (၂၇)နှစ် ကရင်လူမျိုးဖြစ်ပြီး KNU တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိရပ
.. www.MyanmarExpress.net
2 comments:
လူမှားနေပြီ နေမျိုးဝေဖြစ်နိုင်တယ်
The problem is the existence of worthless, Myanmar media oppositions weekly 11 media group, voice, BBC, VOA, RFA, DVB, NLD, Muslims like Ko Ni 88s and kun-yets and wife of kalar Daw Su who encourage instability and terror of the country to implement their political agenda.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်