Subscribe to our RSS Feed

မန္တလေး တွင် ကုလား-မြန်မာ ပဋိပက္ခ မဖြစ်သေး

From : ..Ye Htut


ယနေ့ ညနေ ခြောက်နာရီလေးဆယ့်ငါးမိနစ်ခန့်မှာ မန္တလေးမြို့ ၃၅ လမ်း၊ ၇၄/ ရ၅ လမ်းကြားမှာ ရှိတဲ့ အစ္စလမ်ဘာသာဝင်အိမ်များရှေ့မှာ ဆိုင်ကယ်သုံးစီးဖြတ်မောင်းပြီး ဘုန်းကြီးတွေ မီးရှို့ဖို့ လာနေပြီ၊ ထွက်ကြ လို့ အော်ဟစ်သွားတဲ့အတွက် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပါတယ်။

၎င်းနေရာကို လုံခြုံရေးတပ်ဖွဲ့များချက်ခြင်းသွားရောက်ပြီး သတင်းမှန်ကန်မှုမရှိတဲ့အကြောင်း၊ လုံခြုံ စိတ်ချရမှုရှိကြောင်းရှင်းလင်းပြောကြားခဲ့တဲ့အတွက် အေးအေးဆေးဆေးဖြစ်သွားခဲ့ကြောင်း သိရ ပါတယ်။ အဲဒီလို ထိတ်လန့်အောင်လှုံ့ဆော်သွားသူများကိုဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးနေပါတယ်။

ဖားကန့်မှာလည်း ရေမဆေးကျောက်ရှာသူအချို့က ဆိုင်ကယ်များပေါ်ကနေ ဈေးဆိုင်အချို့ကို ခဲနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့များက လိုက်လံဖမ်းဆီးခဲ့ရာမှာ နှစ်ဦး ဖမ်းဆီး ရမိခဲ့ပါတယ်။

မိမိတို့ရပ်ကွက်များအတွင်း ပြည်သူလူထုထိတ်လန့်အောင် လှုံ့ဆော်သူများ၊ လုယက်ဖျက်ဆီးသူ များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းတားဆီးဖော်ထုတ်ကြဖို့၊ ကောလာဟလများ၊ သတင်းမှားများကို ယုံကြည်ပြီး တုန့်ပြန်ဆောင်ရွက်ခြင်းမပြုဖို့လိုအပ်ပါတယ်။


 .. www.MyanmarExpress.net
 

၂၀၁၅ သမ္မတ ဟု နာမည်ကြီးနေသည့် သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌရာထူး ရယူ

From : ..the voice

ပါတီဥက္ကဋ္ဌရာထူး ရယူထားခြင်းကြောင့် ဝေဖန်မှုများ ခံနေရသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရာထူးမှ နုတ်ထွက်လိုက်သဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူ လိုက်ကြောင်း အဆိုပါ ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက The Voice သို့ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌရာထူး တရားဝင်လွှဲပြောင်း ရယူကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် ကြံ့ခိုင်ရေး ပါတီလူငယ် ညီလာခံတွင် တရားဝင်ကြေညာခဲ့ခြင်း ဖြစ်သည်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်သိန်းလင်း ကလည်း အတည်ပြုပြောကြားသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေး ပါတီ ဗဟိုညီလာခံတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခံခဲ့ရပြီး အခြေခံဥပဒေ ပုဒ်မ ၆၄ အရ နိုင်ငံတော်သမ္မတသည် ပါတီတစ်ခု၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခွင့် မရှိသောကြောင့် သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များ လွှဲအပ်ထားခဲ့သည်။

ယနေ့ကျင်းပသော ဗဟိုကော်မတီ အစည်းအဝေးတွင် သမ္မတဦးသိန်းစိန် ပါတီ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုက်သဖြင့် သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌရာထူးကို တရားဝင် ရယူခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီခေါင်းဆောင် များက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပါတီဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ရန် ဇန်နဝါရီလ ကတည်းက ကြံ့ခိုင်ရေးပါတီထံ စာပို့ထားခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

"ပါတီဥက္ကဋ္ဌရာထူးက လွှဲပြောင်းစရာ မလိုပါဘူး။ တစ်ယောက်က မလုပ်ဘူးဆိုရင် ဒုတိယဥက္ကဋ္ဌကို အစားထိုးပြီးသားပါ"ဟု ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ပါတီဥက္ကဋ္ဌရာထူး ရယူထားခြင်းကို အခြေခံဥပဒေနှင့် ညီမညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးသို့ တင်ပြသင့်ကြောင်း ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က အဆိုတစ်ရပ် တင်သွင်းထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ
ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံခဲ့သည်။
 


.. www.MyanmarExpress.net
 

အချိုးကျ ကိုယ်စားလှယ်စနစ် (PR) ကို မတူကွဲပြား ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ထောက်ခံ

From : http://myanmar-election.blogspot.com/2013/05/pr.html

 
PR ဆိုတဲ့ အချိုးကျ ကိုယ်စားလှယ်စနစ်ကို ကျနော်ထောက်ခံလိုက်ပါပြီ
ဟိုးလွန်ခဲ့တဲ့ ၂၀၁၁ ခု နှစ်လောက်ကတည်းက PR ကိစ္စ အသံစထွက်လာတော့ ကျနော်တို့ ပါတီက စပြီးပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ် ။
အခုတော့ ထောက်ခံပြီဗျာ ။ ဒါပေမဲ့ ကျနော်တို့ ထောက်ခံပုံထောက်ခံနည်းကို ရှင်းပြရရင် PR သမားတွေကော - PR ဆန့်ကျင်သူတွေကော - သာမန်ပြည်သူတွေကော က သောက်ညင်ကပ်ကြ မလားဘဲ ။
PR ဆိုတာက တော့ ဒီလိုပါ - -
ရွေးကောက်ပွဲကျင်းပတဲ့အခါ ပါတီ ကိုဘဲမဲပေးရတယ်ဗျ -
ပါတီ ၅၀ ၀င်ပြိုင်တယ် တစ်နိုင်ငံလုံး အမတ် ၁၀၀၀ လိုတယ် မဲပေးသူ သန်း ၃၀ ရှိတယ် ဆိုပါတော့ - -
အမှတ်(၁) ပါတီက တစ်နိုင်ငံလုံးမှာ ထောက်ခံ မဲ ၁၀ သန်းရတယ် ဆိုပါစို့
အမှတ် (၂) ပါတီက တစ်နိုင်ငံလုံး ထောက်ခံ မဲ ၅ သန်းရတယ်ဆိုပါ စို့
အမှတ်(၃) ပါတီက တစ်နိုင်ငံလုံး ထောက်ခံမဲ ၄ သန်းရတယ်ဆိုပါစို့
ကျန် ၄၇ ပါတီကလည်း တစ်နိုင်ငံလုံးမှာ ထောက်ခံမဲ ၁၁ သန်းကို မျှတပြီးရကြတယ်ပေါ့ - -
အဲဒီအခါမှာ ထောက်ခံမဲရတဲ့အချိုးအလိုက် ပါတီ ၅၀ ကနေပြီး လွှတ်တော်ကိုယ်စားလှယ်တွေအချိုး ကျ စေလွှတ်ပေးရတဲ့စနစ်ပေါ့

တစ်ချိန်က ဘာလို့ဆန့်ကျင်ရသလည်း
တစ်ချိန်ကကျနော်တို့ PR ကို ဆန့်ကျင်ခဲ့ပါတယ် ။ ဒီနိုင်ငံအတွက် စောလွန်းသေးတယ် ထင်လို့ပါ
ဒေါ်စု နဲ့ NLD ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်းမှာ
PR စနစ်မဟုတ် ရင်
တစည ပါတီဟာ နိုင်ငံလုံးချီ ထောက်ခံမဲ အရေအတွက် မနည်းပေမဲ့ လွှတ်တော်ကိုယ်စားလှယ်ကျတော့ နည်းပါလိမ့်မယ် ။
ကြံခိုင်ရေးပါတီဟာ တစ်နိုင်ငံလုံးထောက်ခံမဲ အရေအတွက် မနဲလှပေမဲ့ NLD ကို မနိုင်ဘဲ လွှတ်တော်ကိုယ်စားလှယ်ကျတော့နည်းပါလိမ့်မယ်
ဒီလိုပါဘဲ ပြည်မက ပါတီပေါက်စလေးတွေဟာလည်း လွှတ်တော်ကိုယ်စားလှယ် အလွန်နဲပါလိမ့်မယ် ရဖို့တောင်မသေချာပါဘူး ။
တိုင်းရင်းသားဒေသက အမာခံ တိုင်းရင်းသား ပါတီတွေကတော့ မဲရမယ် လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရပါလိမ့်မယ်
အဲဒါကြောင့် - NLD ရဲ့ ရွေးကောက်ပွဲရလာဒ်ကို ကြိုကြောက်လို့ PR လုပ်တာလို့ တွက်ချက်နိုင်ပါတယ် ။
ဒါဟာ အဲဒီတုံးက PR ကို ကန့်ကွက် ရတဲ့ ပထမတစ်ချက်ပါ ။

နောက်ပြီးတော့ - - ပါတီသေးလေးတွေ အကွဲကွဲ ထောင်ပြီး ပါတီခေါင်းဆောင်တွေလုပ်လို့ PR ထဲ ပါဝင်ချင်လို့ အမတ်ဖြစ်ချင် တဲ့ ပါတီတွေပေါများလာမှာကိုလည်း မြင်လို့
ဒါဟာ အဲဒီတုံးက PR ကို ကန့်ကွက် ရတဲ့ ဒုတိယ တစ်ချက်ပါ ။
အခုတော့ လက်ရှိနိုင်ငံရေးအခြေအနေအရ အမြင်တစ်မျိုးပြောင်းပါတယ် -
………………………………………………………………………………….

အခု PR ကို ထောက်ခံပါတယ် အကြောင်းရင်းက
(၁) ဘယ်နှယ့် လူကိုကြည့်ပြီးမဲပေးတယ်ဗျာ ပေါ်လစီကိုမကြည့်ဘူး ပြီးတော့ လူက နေရာလည်းရရော ဘာမှမထူးဘူး
(၂) NLD မှာလည်း ဒေါ်စု ပုံရိပ်ကို အဓိကထားပြီးမဲဆွယ်တာမျိုးကိုတွေ့ရလွန်းလို့
(၃) လူထုက သေချာ မဆန်းစစ်ဘဲ ကတိက၀တ်မတောင်းဘဲ မဲ စွတ်ပေးရင် ဘယ်သူတက်တက် ဘာမှမထူးလို့
(၄) နိုင်ငံရေးပါတီတွေမှိုလိုပေါက်လည်း ကောင်းတာဘဲ ဒါမှ နိုင်ငံရေးစကားပြောမဲ့သူရှိလာတော့ မယ် ။
(၅) မကြေနပ်တဲ့ ပြည်သူတွေက ဘယ်ပါတီမှမဲမပေးနဲ့
(၆) သိပ်မကြေနပ်ရင် ကိုယ်တိုင်ပါတီထောင်
(၇) ပါတီတွေရဲ့ မူဝါဒလေးဘာလေးဖတ်တတ်ဖို့အချိန်တန်ပြီ - - မဖတ်ဘဲပြစ်ထားတဲ့ပြည်သူတွေမျက်မှောက်မှာ PR နဲ့ ခွဲတမ်းသာ ချကြတော့

နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီ

.. www.MyanmarExpress.net
 

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းမည့် ကုမ္ပဏီများ ဆွေးနွေးညှိနှိုင်း

From : ..ခေတ်လူငယ်


ဧပြီလ ၂၉ ရက်နေ့ ကျင်းပသည့် ဆွေးနွေးညှိနှိုင်းပွဲသည် ဆက်သွယ်ရေးလုပ်ငန်းအား မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်မည်၊ မည်သည့်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ဆန္ဒရှိသည်ကို တရားဝင် ခေါ်ယူရှင်းပြခြင်း ဖြစ်ကြောင်း၊ ဆက်သွယ်ရေးဆိုင်ရာ ပြည်သူလူထု၏ လိုအပ်ချက်နှင့် အစိုးရယန္တရားကြား ဖြည့်ဆည်းပေးနိုင်မှု ကွာဟချက်ကို ကျဉ်းနိုင်သမျှ ကျဉ်းအောင် မိမိတို့အပိုင်းက ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ ဆက်သွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ ကောင်းသည်ထက် ကောင်းအောင် လုပ်ပေးရန်အတွက် ငွေကြေး၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်တို့ လိုအပ်ချက်ရှိသည်မှာ မှန်သော်လည်း ၄င်းတို့အားလုံးအတွက် ဝန်ကြီးဌာန တစ်ခုတည်းက ပြည့်စုံအောင် မဆောင်ရွက်နိုင်ပါကြောင်း၊ ယခုနှစ် ဇွန်လကုန်လောက်တွင် ဆက်သွယ်ရေး လုပ်ငန်းအတွက် နိုင်ငံတကာ အော်ပရေတာ နှစ်ဦးကို အပြီးသတ် ရွေးချယ်ပြီးနောက် ရှစ်လမှ တစ်နှစ်အတွင်း ၄င်းအော်ပရေတာများဘက်က ဆက်သွယ်ရေးကွန်ရက် တပ်ဆင်မှုပြီးစီးလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ဆက်သွယ်ရေး လုပ်ငန်းပိုင်း၌ လုံခြုံရေးအရ ကန့်သတ်မှုရှိသည့် လုပ်ငန်းများမှလွဲ၍ ကျန်သည့် လုပ်ငန်းများကို လွတ်လွတ်လပ်လပ် ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ဆောင်ရွက်ကြရမည် ဖြစ်သဖြင့် ဆက်သွယ်ရေးကဏ္ဍ တိုးတက်ရေးအတွက် ပူးပေါင်းပါဝင် ညှိနှိုင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများအား အသုံးပြုရာ၌ ကောင်းသော အရည်အသွေးရှိသည့် ဝန်ဆောင်မှုများကိုသာ ရွေးချယ်အသုံးပြုခွင့်သည် မကြာမီကာလအတွင်း ပြည်သူလက်ဝယ်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ အားလုံးက ညီညွတ်စွာဖြင့် တိုင်ပင်ဆောင်ရွက်ကြလျှင် မအောင်မြင်စရာအကြောင်း မရှိပါကြောင်း၊ သတ်မှတ်သည့် နည်းလမ်း၊ ပုံစံများဖြင့် အရည်အသွေး ကောင်းအောင် ဆောင်ရွက်ကြမည့် အဖွဲ့အစည်းများကို ကြိုဆိုပါကြောင်းဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ဧပြီလ ၂၉ ရက်နေ့ နံနက် ၁ဝ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။ ထို့နောက် ကုမ္ပဏီ ၁၈ ခုမှ ကိုယ်စားလှယ်များက အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအတွက် မေးမြန်းဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဦးသောင်းတင်နှင့် ဌာနအကြီးအကဲများက ပြန်လည် ရှင်းလင်း ဖြေကြားကြသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ Website (http://www.mcit.gov.mm) ၌ လွှင့်တင်ထားကြောင်း သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

 .. www.MyanmarExpress.net
 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဧပြီလကုန် ရေဒီယို မိန့်ခွန်း (အပြည့်အစုံ)

From : ..သမ္မတရုံး



နေပြည်တော် ဧပြီ ၂
မိဘပြည်သူများခင်ဗျား-
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းမှာ ကျွန်တော့်အနေနဲ့ နယူးဇီလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံနဲ့ ဥရောပနိုင်ငံများကို ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အခုလို ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ရခြင်းဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးတက်လာစေဖို့ သာမက ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေဟာ ကျွန်တော်တို့ နိုင်ငံကို နားလည်လာဖို့၊ ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်နေတဲ့ နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ ပူးပေါင်းပါဝင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုခရီးစဉ်မှာ နယူးဇီလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဥရောပနိုင်ငံတွေနဲ့ မိတ်ဆွေများအဖြစ် နည်းပညာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်ဆိုတဲ့အကြောင်း မိဘပြည်သူများကို ဝမ်းမြောက်စွာ အသိပေး ပြောကြားလိုပါတယ်။

နိုင်ငံတကာနဲ့ ယခုလို ခင်မင်ရင်းနှီးစွာ ကူးလူးဆက်ဆံခြင်းအားဖြင့် မြန်မာနိုင်ငံသားများ အတွက် ပိုမိုအကျိုးရှိလာစေဖို့၊ ကုန်စည် ကူးသန်းရောင်းဝယ်မှုတွေ တိုးတက်လာစေဖို့နဲ့ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိနားလည်စေဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံတွင်းကို စီးဝင်လာတာနဲ့အမျှ အဆင့်မြင့်နည်းပညာတွေကို ကျွန်တော်တို့ နိုင်ငံသားတွေ ရရှိလာနိုင်ပါတယ်။ ထိပ်တန်း နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ အလုပ်လုပ်ကိုင်နိုင်တဲ့ စီးပွားရေး လုပ်ငန်းများ ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဧပြီလအတွင်းမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ဆက်ဆံရေးကောင်းတွေ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး အလွန်အရေးကြီးတဲ့ အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာ ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုက လွဲပြီး အခြားပိတ်ဆို့အရေးယူမှုအားလုံးကို ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပိတ်ဆို့အရေးယူမှုတွေရဲ့ အကျိုးဆက်ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှု များကို ဖြေရှင်းနိုင်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာတော့မှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဧပြီလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဗန်ကောက်မှာကျင်းပတဲ့ အာရှနှင့် ပစိဖိတ်စီးပွားရေးနဲ့ လူမှုရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင် UN ESCAP က ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲကို တက်ရောက်ပြီး ဒေသတွင်း စီးပွားရေးနဲ့ လူမှုရေးရာကိစ္စများ၊ မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များမှာ UN ESCAP နဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာ များနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။ ဒီအစည်းအဝေးကပဲ မြန်မာ ပြည်သူများအတွက် UN ESCAP ရဲ့ ဂုဏ်ပြုဆုကိုလည်း ရရှိခဲ့ပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် လာနိုင်တာနဲ့အမျှ ကမ္ဘာ့ဈေးကွက်နဲ့ ပိုမိုချိတ်ဆက်လာနိုင်ပြီး ကျွန်တော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမှာ ဖြစ်သလို တစ်ဖက်မှာလည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတွေ၊ မထင်မှတ်တဲ့ ရိုက်ခတ်မှုတွေကိုလည်း ကြံ့ကြံ့ခံကျော်လွှားနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကျွန်တော့်အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ အမှတ်တရ ဖြစ်စေခဲ့တာကတော့ ဟိုင်နန်ကျွန်းမှာ ကျင်းပတဲ့ စီးပွားရေး ဖိုရမ်ကို တက်ရောက်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ဒီခရီးဟာ သာမန်ခရီးစဉ်တစ်ခု ဆိုတာထက် ဟိုင်နန်ကျွန်းဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းမှာ အချိုးအကွေ့တစ်ခုမှာ ပါဝင်ခဲ့ပြီး ရဲဘော်သုံးကျိပ် စစ်ပညာသင်ကြားခဲ့တဲ့ နေရာလည်း ဖြစ်တဲ့အတွက် အခြား ခရီးစဉ်များထက် ပိုပြီး အမှတ်တရရှိတဲ့ ခရီးစဉ်တစ်ခုလို့ ဆိုရခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ဖြစ်တယ်ဆိုတဲ့ အခြေအနေကို အားသာချက်အဖြစ် ရှုမြင်ပြီး ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများကို ဖန်တီးသွားရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေး အတွက် မူဝါဒများ၊ ဦးတည်ချက်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက်နေပါတယ်။ ဒီစီမံကိန်းများထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ် ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖော်ဆောင်လျက်ရှိသလို ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာနဲ့ Human Capital လို့ ခေါ်တဲ့ လူသား အရင်းအမြစ်များ တည်ဆောက်နိုင်ရေးက အရေးကြီးပြီး အထူးသဖြင့် စွမ်းဆောင်ရည် ပြည့်ဝတဲ့ လူသားအရင်းအမြစ်အတွက် အနာဂတ်မျိုးဆက်သစ် လူငယ်များဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အလျဉ်းသင့်လို့ ပြောရရင် ကျွန်တော်တို့ အစိုးရအနေနဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု များကို ဖော်ဆောင်လျက်ရှိတဲ့အထဲမှာ ကျောင်းပညာရေး ထူးချွန်ရုံသာမက နိုင်ငံတည်ဆောက်ရေးအတွက် ဘက်စုံထူးချွန်တဲ့ လူငယ်လူရွယ်များ ပေါ်ထွက်လာရေးကိုလည်း အထူးအာရုံစိုက် အလေးထားပါတယ။် လက်ရှိမှာ အခြေခံပညာသင်ကျောင်း များမှာ ယခင်က ရှိခဲ့ဖူးတဲ့ ကင်းထောက် လူငယ်အဖွဲ့များကို ပြန်လည် အသက်သွင်း ဖွဲ့စည်းလျက် ရှိပါတယ်။ ဒါဟာ ညှိနှိုင်း တိုင်ပင်ခြင်း၊ အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့  ဒီမိုကရေစီ အလေ့အကျင့်ကို ငယ်စဉ်ကတည်းက အလေ့အကျင့်ရစေဖို့ ပျိုးထောင်ပေးခြင်းလည်း ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့် ဖွဲ့စည်းပေးခြင်းအားဖြင့် မျိုးဆက်သစ် ရင်သွေးငယ်များဟာ တိုင်းပြည်အတွက် စိတ်ကောင်းစေတနာရှိပြီး တာဝန်သိတဲ့၊ တာဝန်ယူတတ်တဲ့၊ တာဝန်ကျေတဲ့ ခေါင်းဆောင်များ၊ နိုင်ငံသားများဖြစ်လာမှာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားစည်းလုံး ညီညွတ်မှု တည်ဆောက်ရေးကို ရှေးရှုပြီး တစ်နိုင်ငံလုံးက အကျဉ်းထောင်များမှ အကျဉ်းသား ၉၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး မိသားစုများနဲ့ ဆုံစည်းခွင့် ရစေဖို့ ဆောင်ရွက်ခဲ့တာကိုလည်း မိဘပြည်သူများ ဝမ်းမြောက်စေဖို့ အသိပေးပြောကြားလိုပါတယ်။

ဒီ ၂၀၁၃ ဧပြီလဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် သမိုင်းဝင်တဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့သလို မြန်မာတို့ရဲ့ ကျင်းပမြဲဖြစ်တဲ့ နှစ်သစ်ကူးသင်္ကြန်ကာလနဲ့လည်း တိုက်ဆိုင် နေပါတယ်။ ပြီးခဲ့တဲ့ နှစ်သစ်ကူး မဟာသင်္ကြန်အခါသမယမှာ ကျွန်တော်တို့ နိုင်ငံသား အားလုံးဟာ လူမျိုး၊ ဘာသာမခွဲခြားဘဲ၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ရိုးရာ အစဉ်အလာဖြစ်တဲ့ သင်္ကြန်ပွဲတော်ရဲ့ ယဉ်ကျေးမှုဓလေ့ကို ချစ်ချစ်ခင်ခင်နဲ့ ပါဝင်ဆင်နွဲပြီးတော့ ယဉ်ကျေးတဲ့ မြန်မာလူ့အဖွဲ့အစည်းဆိုတဲ့ ပုံရိပ်ကို ဖော်ဆောင်နိုင် ခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း အလေးအနက် ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။

.. www.MyanmarExpress.net
 

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အာဆီယံခေါင်းဆောင်များက ဆက်လက်အားပေးမည်

From : ..ခေတ်လူငယ်


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အာဆီယံ ခေါင်းဆောင်များက ဆက်လက်အားပေး ထောက်ခံသွားမည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh က ဧပြီ ၂၅ ရက် ညနေပိုင်းတွင် ဘရူနိုင်းနိုင်ငံ၊ ၀န်ကြီးချုပ်ရုံး အဆောက်အအုံတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဧပြီ ၂၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သော (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ Retreat Meeting တွင် အာဆီယံ ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် အားပေးသွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောသည်။ ထို့အပြင် မြန်မာအစိုးရ အနေဖြင့် ပြည်သူများ၏ လိုအပ်ချက်နှင့် တောင်းဆိုချက်များကို အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ရယူခွင့် ရရှိသည့်အတွက် မြန်မာအစိုးရ အနေဖြင့် ကျေနပ်ပျော်ရွှင်နေကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ခြင်းဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ရပိုင်ခွင့်များကို ခံစားခွင့် ရရှိစေမည် ဖြစ်ကြောင်း Le Luong Minh က ပြောသည်။ ''မြန်မာသမ္မတက သူတို့လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားတာကို ရုပ်သိမ်းပေးလိုက်တာကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်'' ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောသည်။ အာဆီယံသည် ရှင်သန်နေသော အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံသည် အာဆီယံ ပြည်သူများ၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးမည့် အာဆီယံဖြစ်ကြောင်း ကမ္ဘာကိုပြသရန် လိုအပ်မည်ဟု သမ္မတဦးသိန်းစိန်က ဧပြီ ၂၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သော အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် ပြောသည်။ ''၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေဟာ အရေးကြီးဆုံး နှစ်များဖြစ်ပါတယ်။ လက်ရှိဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဦးဆောင်မှု အောက်မှာ ချမှတ်မယ့် ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတဲ့အခါ အဖွဲ့ဝင် အားလုံးနဲ့အတူ အပြည့်အ၀ အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်'' ဟု သမ္မတဦးသိန်းစိန်က ပြောသည်။ (၂၂) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို ဧပြီ ၂၄ ရက်နှင့် ၂၅ ရက်များတွင် ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီ ဘန်ကာဝန်မြို့ ၀န်ကြီးချုပ်ရုံး အဆောက်အအုံတွင် ပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံအလွန် ကြုံတွေ့လာနိုင်သည့် အခြေအနေများနှင့် တောင်တရုတ်ပင်လယ် အရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟု ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

 .. www.MyanmarExpress.net
 

မြန်မာ နိုင်ငံသည် သယံ ဇာတ ပေါကြွယ် ဝပြီး ပထဝီ နိုင်ငံရေး အရ အရေး ပါသည့် နေရာတွင် တည်ရှိ ၊ကိုရီးယား သမ္မတ နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ၌ လာရောက် ရင်းနှီး မြှုပ်နှံပါက ကူညီ ဆောင်ရွက် ပေးသွားမည်

From : ..မြဝတီ

နေပြည်တော်   ဧပြီ  ၂၈
ကိုရီးယား သမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. KANG  Chang- hee ၏ ဖိတ် ကြားချက်အရ ကိုရီးယား သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော ပြည်သူ့  လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် အဖွဲ့ဝင် များနှင့် အတူ ကိုရီးယား သမ္မတ နိုင်ငံ သမ္မတ H.E. Ms. Park Geum Hye နှင့် သမ္မတ အိမ်တော် (BLue  House) ၌ ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီက သွားရောက် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင်  ကိုရီးယား သမ္မတ နိုင်ငံ သမ္မတက အဆွေတော် ဦးဆောင်သော မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့အား ကိုရီးယား သမ္မတ နိုင်ငံမှ လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ အထူးသဖြင့် အဆွေတော် တို့သည် မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်းစဉ် များတွင် အရေးပါသော နေရာမှ ဆောင်ရွက်နေသည့် အတွက် ဖြစ်ပါကြောင်း၊ ကိုရီးယား သမ္မတ နိုင်ငံသို့   ချစ်ကြည်ရေးနှင့်  လေ့လာရေး ခရီးစဉ်မှ တစ်ဆင့် မြန်မာနိုင်ငံ အတွက် အကျိုးကျေးဇူး များစွာ ဖြစ်ထွန်း စေမည်ဟု ယူဆပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆွေတော် သမ္မတကြီး၏ လှိုက်လှဲ နွေးထွေးစွာ ကြိုဆို နှုတ်ခွန်းဆက်ခြင်း အတွက် ကျေးဇူး အထူး တင်ရှိပါကြောင်း၊ အဆွေတော်သည်  ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား ခေါင်းဆောင်၏ သမီး ဖြစ်ပြီး ကိုရီးယား သမ္မတ နိုင်ငံ၏ ပထမဦးဆုံး   အမျိုးသမီး သမ္မတ ဖြစ်သည့် အတွက် ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ မိမိ တို့နိုင်ငံ၏  ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက် နေချိန်တွင် ယခုလို လာ ရောက် လည်ပတ် လေ့လာခွင့် ရရှိသည့် အတွက် ဝမ်းသာအားရ ဖြစ်မိပါကြောင်း၊ အဆွေတော် သမ္မတ ကြီးအား နိုင်ငံတော် သမ္မတ  ဦးသိန်းစိန် ကလည်း နှုတ်ခွန်း ဆက်သ လိုက်ပါကြောင်း၊ အဆွေတော် တို့နိုင်ငံတွင် များစွာ လေ့လာ အတုယူဖွယ် ရာများ ရှိပါကြောင်း ပြောကြားသည်။
ထို့နောက်  ကိုရီးယား သမ္မတ နိုင်ငံ သမ္မတက အဆွေတော်တို့ မြန်မာ နိုင်ငံ တွင် နိုင်ငံတော် သမ္မတကြီးနှင့် အဆွေတော် ဥက္ကဋ္ဌကြီး တို့၏ ဦးဆောင်မှုဖြင့် ပြုပြင် ပြောင်းလဲမှုများ များစွာ ဆောင်ရွက်နိုင်ခဲ့၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ များစွာ အားရလျက် ရှိပါကြောင်း၊ ကိုရီးယား-မြန်မာ နှစ်နိုင်ငံသည် ၁၉၇၅ ခုနှစ်မှ စ၍ သံတမန် ဆက်ဆံရေး ထူထောင် ခဲ့ပါကြောင်း၊ လက်ရှိ အခြေအနေတွင် နှစ်နိုင်ငံ အဆင့်မြင့် အရာရှိများ အပြန် အလှန် လည်ပတ်ခြင်းမှ တစ်ဆင့် ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး တိုးတက် လာမည်ဟု မျှော်လင့် ပါကြောင်း၊ ကိုရီးယား- မြန်မာ နှစ်နိုင်ငံ စီးပွားရေး ကဏ္ဍတွင်   ပူးပေါင်း ဆောင်ရွက်ရန် အခွင့်အရေး များစွာ ရှိပါကြောင်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုမှ တစ်ဆင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း  ပြောကြားသည်။
ယင်းနောက်  ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက မြန်မာ နိုင်ငံသည် သဘာဝ သယံ ဇာတများ ပေါများ ကြွယ်ဝပြီး ပထဝီ နိုင်ငံရေး အရလည်း အရေးပါသည့် နေရာတွင် တည်ရှိ ပါကြောင်း၊  ကိုရီးယား သမ္မတ နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံနှင့်  ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ တိုးချဲ့ခြင်း၊  စီးပွားရေး ပူးပေါင်း ဆောင်ရွက်ခြင်း၊ နည်းပညာ ဖလှယ်ခြင်း၊ ကုန်သွယ်ရေး လုပ်ငန်းများ မြှင့်တင်ခြင်းများ ဆောင်ရွက် သွားပါက ကိုရီးယား- မြန်မာ   နှစ်နိုင်ငံ အတွက် သာမက  ကမ္ဘာ့နိုင်ငံများ အတွက်ပါ အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန် ကဏ္ဍ များစွာနှင့် အခွင့်အလမ်း များစွာ ရှိပါကြောင်း၊  နယ်ပယ် အသီးသီး ကဏ္ဍ အသီးသီးတွင် လာရောက် ရင်းနှီး မြှုပ်နှံ နိုင်ပါကြောင်း၊ လာရောက် ရင်းနှီး မြှုပ်နှံပါက  မိမိတို့ အနေဖြင့်  ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊  မြန်မာ နိုင်ငံတွင် ကျေးလက်နေ ပြည်သူ ၇ဝ ရာခိုင်နှုန်းကျော် ရှိပါကြောင်း၊  သက် ဆိုင်ရာ အဖွဲ့အစည်းများ၏   စစ်တမ်းများ အရ ဆင်းရဲမှု ရာခိုင်နှုန်း  ၂၆ ရာခိုင် နှုန်းရှိသည် ဟု သိရှိရပါကြောင်း၊  အစိုးရ အနေဖြင့်ရော လွှတ်တော် အနေဖြင့်ပါ ဆင်းရဲမှု လျှော့ချရေး အတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လွှတ်တော်၏ ဆောင်ရွက်ချက် အနေဖြင့် ကျေးလက်နေ ပြည်သူများ အများစုမှာ တောင်သူ လယ်သမားများ ဖြစ်သဖြင့် ၄င်းတို့၏ အကျိုးအတွက်  ဥပဒေ တစ်ရပ် ပြဋ္ဌာန်း ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ငွေကြေး နှင့် နည်းပညာများ လိုအပ်မည် ဖြစ်ပါ ကြောင်း  ပြောကြားသည်။
ထို့နောက်  ကိုရီးယား သမ္မတ နိုင်ငံ သမ္မတက Korea Development In-stitute(KDI) ကဲ့သို့သော အဖွဲ့အစည်းများ မြန်မာ နိုင်ငံတွင် ဖွဲ့စည်း သွားမည် ဆိုပါက ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊  ကိုရီးယား သမ္မတ နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အဆွေတော်၏  ဆွေးနွေးချက် များကို ကြည့်ပါက ကိုရီးယား- မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်လိုသည့် ဆန္ဒများ ရှိသည်ကို တွေ့ရသကဲ့သို့  မိမိတို့ အနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အနာဂတ် ကာလတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး  အပြန် အလှန်ဆက်သွယ်မှု များ  တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း ပြောကြားသည်။
ယင်းနောက်   ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက မိမိတို့ အနေဖြင့်  ပြည်တွင်း ငြိမ်းချမ်းမှု ရရှိရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး၊ အမျိုး သား ပြန်လည် စည်းလုံး ညီညွတ်မှုရရှိရေး အတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံရေး ပါတီပေါင်းစုံနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆွေတော် သမ္မတကြီး  မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်ရန်လည်း   မိမိတို့ အနေဖြင့် ဆန္ဒ ရှိပါကြောင်း ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ   သူရ ဦးရွှေမန်းနှင့် အဖွဲ့သည် ကိုရီးယား သမ္မတ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးညွန့်လှိုင် လိုက်ပါလျက် ဧပြီ ၂၂ ရက် ညနေ ၄ နာရီက ကိုရီးယား သမ္မတ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန  ဧည့်ခန်းမဆောင်၌   ကိုရီးယား သမ္မတ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H.E.Mr. Yun Byung-se နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
ဧပြီ ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အဖွဲ့အား Ulsan မြို့တော်ဝန် Bak  Maeng-woo  က Ulsan မြို့ရှိ Lotte ဟိုတယ်၌ နေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
နံနက် ၈ နာရီခွဲတွင်   ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် Busan Port သို့ ရောက်ရှိပြီး Busan ဆိပ်ကမ်း၌ သင်္ဘောကြီးများ ဆိုက်ကပ် နေမှု၊ ကုန်တင်ကုန်ချ ပြုလုပ် နေမှုများကို ကြည့်ရှု လေ့လာ ခဲ့သည်။
ထို့နောက် ဟွန်ဒိုင်း မော်တော်ယာဉ် စက်ရုံသို့ ရောက်ရှိပြီး မော်တော်ယာဉ်များ ထုတ်လုပ်နေမှုနှင့် ထုတ်လုပ်ပြီး မော်တော်ယာဉ် များအား ဆိပ်ကမ်းမှ ပြည်ပသို့ တင်ပို့မှု အခြေအနေများကို ကြည့်ရှု လေ့လာခဲ့သည်။
ဆက်လက်၍ Incheon Interna-tional Airport သို့ရောက်ရှိရာ လေဆိပ် ဧည့်ခန်းမ ဆောင်၌ Incheon International Airport မှ တာဝန် ရှိသူများက လေဆိပ် တည်ဆောက်ထားရှိမှု အခြေ အနေများနှင့် ပတ်သက်၍  ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် ကိုရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့ Incheon International Airport မှ မြန်မာ နိုင်ငံသို့ ပြန်လည် ထွက်ခွာလာရာ  မြန်မာ သံအမတ်ကြီး ဦးညွန့်လှိုင်၊  စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ဟိန်းနှင့် သံရုံး ဝန်ထမ်းများ၊ ကိုရီးယား သမ္မတ နိုင်ငံ National Assembly မှ တာဝန် ရှိသူများက လေဆိပ်၌ လိုက်လံ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

.. www.MyanmarExpress.net
 

သြစတြေးလျ ဥပဒေပြု အထက် လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့ ရွှေတိဂုံ စေတီတော်အား ဖူးမြော် ကြည်ညို

From : ..မြဝတီ


ရန်ကုန်မြို့၌ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော သြစတြေးလျ ဥပဒေပြု အထက်လွှတ်တော် ဥက္ကဋ္ဌ  ဆီနိတ်တာ Hon.  John  Joseph  Hogg ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မြို့  ဗိုလ်အောင်ကျော် လမ်းရှိ စိန်မေရီ ကာသီဒြယ် (ရန်ကုန်) ဘုရားကျောင်းသို့ ယနေ့ နံနက် ၈ နာရီတွင် သွားရောက်ပြီး    ဧည့်သည်တော်   မှတ်တမ်း၌   လက်မှတ် ရေးထိုးကာ ဝတ်ပြု ဆုတောင်းကြသည်။
ထို့နောက် ဧည့်ခံ တန်ဆောင်းရှိ ဧည့်သည်တော် မှတ်တမ်း စာအုပ်၌ လက်မှတ် ရေးထိုးကာ စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ကပ်လှူ ပူဇော် သည်။
စေတီတော် ဂေါပကအဖွဲ့က   ဧည့်သည်တော် Hon.   John   Joseph  Hogg  အား ရွှေတိဂုံ စေတီတော် ပုံတူ ကျောက်စီ ပန်းချီကားနှင့် စေတီတော် သမိုင်းစာအုပ် တို့ကို  ဓမ္မလက်ဆောင် အဖြစ် ပေးအပ်ပြီး ဧည့်သည်တော် ကိုယ်စားလှယ် အဖွဲ့သည် ရွှေတိဂုံ စေတီတော် အား လှည့်လည် ကြည်ညို ကြကြောင်း သိရသည်။ 
 .. www.MyanmarExpress.net
 

တစ်တိုင်းပြည်လုံးသို့အိတ်ဖွင့်ပေးစာ

From : .နိုင်မင်း


ဒီစာကိုရေးရတဲ့အကြောင်းအရင်းကတော့ ၁၉-၂၅ရက်နေ့ မြန်မာတိုင်းစ်သတင်းစာမှာ ပါတဲ့" ကေအိုင်အေသို့အိတ်ဖွင့်ပေးစာ"ဆိုတဲ့ ဆောင်းပါးကိုမြင်လိုက်လို့ပါ။ရေးချင်စိတ်ပိုတိုး လာတာကဖေ့ဘုတ်မှာကျွန်တော်ကစာနယ် ဇင်းကကေအိုင်အေအကြောင်း၊ဖက်ဒရယ် အကြောင်းမသိသေးဘူးလို့တင်လိုက်တယ် လေ။ဒါကိုလူတစ်ယောက်ကမင်းကဆရာကြီး လားလို့မေးသဗျ၊အင်းပညာတော့အစော်ကား မခံနိုင်ဘူးဒီတော့ကေအိုင်အေကိုဖယ်ဒရယ် မပေးသင့်တဲ့အကြောင်း၊ဖယ်ဒရယ်အ ကြောင်း၊ကချင်တွေကတိမတည်တဲ့ကိစ္စ အကြောင်းတွေတစ်တိုင်းပြည်လုံး( ကေအိုင် အေကကချင်တွေပိုဖတ်စေချင်တယ် )ကိုပြော ပြမယ်။ကဲမေးမယ်ကေအိုင်အေ- -မင်းတို့ကဖက်ဒရယ်လိုချင်တယ်ဆိုပြီးလက် နက်ကိုင်တယ်၊လက်နက်ကိုင်တိုက်မှဖယ်ဒ ရယ်ရမှာလား -ပြည်သူတွေဒုက္ခရောက်အောင်လုပ်၊ဒါဖက် ဒရယ်လား -ထိုးစစ်ပိတ်ပေးထားတဲ့စစ်တပ်နဲ့သမ္မတကို အပြစ်ဖို့၊ဒါဖက်ဒရယ်လား -ပေးချင်မှန်းမသိပေးချင်မှန်းသိလက်ဖက် ရည်ဆိုင်လေးတစ်ဆိုင်ကိုတောင်မှသိန်းပေါင်း များစွာဆက်ကြေးတောင်း၊ဒါဖက်ဒရယ်လား -ဘိန်းစားကချင်တွေကပဲအမျိုးချစ်တာလိုလို၊ ဂျိမ်းဖောကာဆာဘလော့ဆိုဒ်လုပ်ပြီးမဟုတ် မမှန်ဝါဒဖြန့်၊သမ္မတနဲ့ကာချူပ်ကိုဆောက်ပြစ် ပြောဒါဖက်ဒရယ်လား -မနောပွဲလုပ်နေကြမနောကွင်းမှာမနောပွဲ လုပ်မယ်ဆိုပြီးရှင်းလင်းရေးလုပ်ရင်ကွင်းထဲ မှာနံပါတ်ဖိုးထိုးတဲ့ဆေးထိုးအပ်တွေပဲရှင်းနေ ရတယ်။ဒါကောကောင်းမွန်သောလူမျိုးတွေရဲ့  စရိုက်လက္ခဏာလား၊ဖက်ဒရယ်ကိုအကျိုးပြု့  လို့လား -စစ်တပ်ကိုမနိုင်တာနဲ့ကာမိုင်းရဲစခန်းကိုဝင် စီး၊မိုင်းတွေခွဲ၊ခံရတာလည်းကချင်တွေပဲ၊ဒီလို လုပ်ရင်ဖက်ဒရယ်ရမှာလား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ တိုင်းရင်းသားညီညွှတ်ရေးနဲ့သာတူညီမျှနေ ထိုင်ရေးကျင့်သုံးတဲ့နေရာမှာပါဝင်လာတာက တော့Fedaral Systemပြည်ထောင်စုမှုပါ။ Federationဗဟိုအစိုးရနဲ့သီးခြားပြည်နယ် များကြားအာဏာခွဲဝေဖွဲ့ စည်းမှု့ လို့ခေါ်တဲ့ Federalism(ဖက်ဒရယ်ဝါဒ)ဟာကမ္ဘာပေါ်မှာ နိုင်ငံတော်တော်များများကကျင့်သုံးနေကြ တယ်။U.S.A , Anstralia , Canada , South Africa , India စတဲ့နိုင်ငံတွေကျင့်သုံးနေ တာFederalမှုပဲဖြစ်ပါတယ်။ဥပမာပေးတာပါ။ မှုကွဲတွေလည်းရှိပါတယ်။Unitary Republic စုပေါင်းပြည်ထောင်စုအစိုးရနဲ့Confederatio -n Republic အပြန်အလှန်အကျိုးစီးပွား အတွက်ပူးပေါင်းထားတဲ့မဟာမိတ်နိုင်ငံများ အဖွဲ့ ဆိုတာလည်းရှိတယ်။Federalismမှာက Legislationဥပဒေပြု့ ရေး၊Govermance အုပ်ချူပ်ရေး၊Defenceကာကွယ်ရေး၊Foregin Relationနိုင်ငံခြားဆက်ဆံရေးစတာတွေကို National Govenmentလို့ခေါ်တဲ့ဗဟိုအစိုးရ ကရယူဦးဆောင်စီမံဆောင်ရွက်ပြီးတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကကျန်တဲ့ကဏ္ဍတွေ္မ မှာဗဟိုအစိုးရနဲ့ပူးပေါင်းစီမံအုပ်ချူပ်ပါတယ်။ Myanmarနိုင်ငံမှာFederalismမပီပြင်ဖူးဆို ရင်ဘာကိစ္စပြည်နယ်အစိုးရတွေရှိနေတာလဲ။ ပြည်နယ်ဝန်ကြီးချူပ်တွေကပြည်နယ်အစိုးရ နဲ့ဘာများကွာလဲ။လုပ်ပိုင်ခွင့်အတူတူလောက် ပဲ။ကချင်ကဦးလဂျွန်ငန်ဆိုင်း၊ကယားကဦးဘူး ရယ်၊ကရင်ကဦးဇော်မင်း၊ချင်းကဦးဟုန်းငိုင်း၊ မွန်ကဦးအုန်းမြင့်၊ရခိုင်ကဦးလှမောင်တင်၊ရှမ်း ကဦးစဝ်အောင်မြတ်ဆိုတဲ့လူတွေကသူ့တာ ဝန်ကျရာဒေသမှာပြည်နယ်အစိုးရတွေပဲ။ ဒါဆိုဖက်ဒရယ်မပီပြင်ဘူးလို့ပြောလို့မရတော့ ဘူး။ဘဏ္ဍာရေး၊လူမျိုးရေး၊တရားစီရင်ရေး တွေမှာလည်းမျှမျှတတရှိအောင်ဆောင်ရွက် နေလို့အထက်ပါကိစ္စတွေမှာမညီမျှလို့၁၉၈၈ မှာပြိုကွဲသွားတဲ့Yugoslaviaလိုမြန်မာနိုင်ငံ အဆုံးသတ်သွားစရာမလိုဘူး။Dictatorship Rulingဆိုတဲ့အာဏာရှင်စနစ်နဲ့မြန်မာနိုင်ငံကို အုပ်ချူပ်တာမဟုတ်တဲ့အတွက်၁၉၉၀မှာဆိုဗီ ယက်လိုဖြစ်ရပ်နဲ့လည်းကြုံစရာမလိုတော့ဘူး ဒါပေမယ့်မေးစရာတစ်ခုရှိသွားပြန်ပြီဒါကအာ ဏာရှင်စနစ်(ခင်ဗျားတို့အခေါ် )တုန်းကဖက် ဒရယ်ဆိုပြီးရအောင်တိုက်ပါလား။အဲ့ဒီတုန်းက အသေလုပ်ခံရမှာမှန်းသိလို့လိုင်စင်မှာဌာန ချူပ်တည်ပြီးအစိုးရကိုတော်လှန်တဲ့ ဦးဇော် မှိုင်း ( KIO )တို့လူတသိုက်ကရောဘာကိစ္စ ၂၄။၂။၉၄မှာအလင်းဝင်ခဲ့တာလဲ။ဖက်ဒရယ်ရ အောင်တိုက်ပါလား။အခုငါတို့သမ္မတကြီးက ငြိမ်းချမ်းရေးလိုချင်စိတ်ပြင်းပြနေလို့မင်းတို့ ကိုစေတနာနဲ့တပ်ကိုထိုးစစ်ပိတ်ပြီးစစ်သား တွေအသေခံပြီးငြိမ်းချမ်းရေးဆွေးနွေးခဲ့တာ။ စစ်တပ်ကရော။သမ္မတကြီးပါလူစိတ်မရှိရင် မင်းတို့ကေအိုင်အေစာလုံးတောင်ကျန်မှာ မဟုတ်ဘူး။ဖက်ဒရယ်အကြောင်းမပြောချင် ကေအိုင်အေဘာလဲအရင်ကြည့်မယ်။ငြိမ်း ချမ်းရေးရခါနီးမို့ပြဿနာရှာတာမဟုတ်ဘူး နော်။ကချင်တွေအမြင်မှားနေတာကိုသတိပြု့  မိစေချင်ယုံသက်သက်ပဲ။အရင်ကမဟုတ်မ ဟတ်သတင်းလွှင့်ခဲ့တာတွေမပြောဘူး။နယ် ခြားစောင့်တပ်ဖွဲ့ခိုင်းတာလက်မခံခဲ့တဲ့ကေ အိုင်အေကဖက်ဒရယ်ကျင့်သုံးမယ်တဲ့။ကချင် တွေမင်းတို့ဗိုလ်ချူပ်အောင်ဆန်းကိုပေးခဲ့တဲ့ ကတိကိုမေ့သွားပြီလား။မင်းတို့ကချင်တွေက တောင်ပေါ်သားတွေပါကွာ။မြေပြန့်ဒေသတွေ မင်းတို့နဲ့မဆိုင်တာလည်းမင်းတို့သိတယ်။ ပင်လုံမှာလက်မှတ်ထိုးခါနီးမင်းတို့ကလယ် လေးဘာလေးစိုက်ချင်လို့မြေပြန့်ဒေသလေး နည်းနည်းပေးပါလို့ဗိုလ်ချူပ်ကိုကပ်တောင်းခဲ့ တာမေ့နေပြီလား။အေးကောင်းပြီးဆိုပြီးပေး ခဲ့တယ်လေ။ပြီးတော့ဗိုလ်ချူပ်ကကတိတစ်ခု တောင်းခဲ့တယ်။" နိုင်ငံတော်ကနေဘယ်တော့ မှခွဲမထွက်ပါဘူး" ဆိုတဲ့ကတိ။ကချင်တွေက ကတိလွယ်လွယ်ပေးပြီးဖျက်တဲ့လူစားတွေ လား။ဒီမေးခွန်းကိုကချင်တွေပဲသိမယ်။ဒီကိစ္စ ဗမာနဲ့အငြင်းအခုံတွေကိုစိတ်ပါရင်ရေးမယ်။ မပါရင်မရေးဘူး။မျိုးချစ်အမည်ခံကချင်တွေက အုပ်စုဖွဲ့ ပြီးလူမျိုးတူတူခြင်းတောင်မုဒိန်းကျင့် တယ်။မင်းတို့အချင်းချင်းတောင်ဂွန်မော်ကို မျိုးပွားရေးတာဝန်ခံလို့နာမည်ပြောင်ပေးထား တာပဲ။တော်ပြီဆက်ရေးရင်ပြဿနာပိုကြီးနိုင် တယ်ရပ်ပြီ။ပြည်နယ်အစိုးရအကြောင်းနည်း နည်းပြန်ပြောမယ်။ပြည်နယ်အစိုးရဆိုတာအ ဖွဲ့လိုက်ရှိတာနော်၊တစ်ယောက်တည်းမဟုတ် ဘူး။ဥပမာကချင်ပြည်နယ်ဆိုပါတော့ကချင် ပြည်နယ်အစိုးရအဖွဲ့မှာဝန်ဦးချူပ်ဦးလဂျွန်ငန် ဆိုင်း(ဆမားဒူးဝါးဆင်ဝါးနော်၏မြေး)ကရာ ထူးအကြီးဆုံးပဲ။ပြီးတော့ကချင်ပြည်နယ်၏ လွှတ်တော်ဥက္ကဋ္ဌဦးရားဝမ်းဂျုံ ၊ပြီးတော့ တရားသူကြီးချူပ်ဦးတူးချာ၊နောက်မှမပခက တိုင်းမှူးဆရာထွန်းထွန်းနောင်၊ဒါကရာထူး ကြီးစဉ်ငယ်လိုက်ပဲ။အဓိကပြောချင်တာက တော့ပြည်နယ်အစိုးရဆိုတာဝန်ကြီးချူပ်နဲ့ အဖွဲ့ကိုပြောတာတစ်ယောက်တည်းလို့ထင် သွားမှာစိုးလို့ပါ။ပြည်နယ်ဝန်ကြီးချူပ်ကပြည် ထောင်စုဝန်ကြီးတွေနဲ့အဆင့်တူတူပဲ။ဒါဗဟု သုတပြောတာ။သိပြီးသားဆိုလည်းပြီးရော။ Federalismနဲ့ပက်သက်တာနည်းနည်းထပ် ပြောမယ်။နှစ်ရှည်လများစွာသံဆန်ခါအုပ် ဆောင်းထဲမှာသံလက်သီးအုပ်ချူပ်မှု့အောက် မှာနေထိုင်ခဲ့ရတဲ့ဆိုဗီယက်ပြည်သူတွေကို သမ္မတနဲ့ကွန်မြူနစ်ပါတီအထွေထွေအတွင်း ရေးမှူးဖြစ်တဲ့Mikhai Gorbachevကမွန် မြတ်တဲ့စေတနာနဲ့Glasnostပွင့်လင်းခြင်း၊ Perestroikaပြန်လည်ပြု့ ပြင်ခြင်း( Restrctu -ring or Reforming ) , Democratizatsiy -a( Democratization )ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရန်လမ်းဖွင့်ပေးခြင်း၊Nskoreniye စီးပွားရေးဖွံဖြိုးစေရန်ပြု့  ပြင်ပြောင်းလဲပေး ခြင်းAcceleration of economic Develop -mentကို၁၉၈၆ခုနှစ်၊ဖေဖော်ဝါရီလမှာပြု့  လုပ်ခဲ့တဲ့ ၂၇ကြိမ်မြောက်ဆိုဗီယက်ကွန်မြူ နစ်ပါတီကွန်ဂရက်မှာတင်သွင်းလိုက်ရာမှ အခန်းထဲမှာကာလအရှည်ကြာချောင်ပိတ် ထားခံရပြီးမှအတင်းရုန်းထွက်လာသလိုဆန္ဒ တွေကိုမထိန်းကွပ်နိုင်တဲ့အချိန်ဒါမှမဟုတ်ပွင့် ထွက်ခွင့်အနည်းငယ်ရတဲ့လေးပေးလိုက်တာ နဲ့အငမ်းမရမတားနိုင်မဆီးနိုင်အတင်းထိုး ထွက်လာတဲ့လူအုပ်ကြီးလိုနိုင်ငံသားတွေရဲ့  ပြိုဆင်းအုံကြွမှု့ မှာBoris Yelsin လိုပွဲလန့် တုန်းဖျာခင်းချင်တဲ့ဒီမိုကရေစီအတုအယောင် သမားတွေ(မြန်မာနိုင်ငံမှာလည်းရှိတယ်)ရဲ့  အခွင့်အရေးယူတာနဲ့ ကြုံတွေ့ရပြီးဆိုဗီယက် ပြည်ထောင်စုကြီးတဆစီပြိုကွဲသွားခဲ့သလို ပြု့ ပြင်ပြောင်းလဲရေးတွေလုပ်ချင်လို့လမ်းစ ဖွင့်ပေးခဲ့တဲ့Mikhail Gorbachevတောင်ရာ ဇပလ္လင်ပျောက်ရုံတင်မကဘူးသမိုင်းတင်လူ ဆိုးကြီးတောင်ဖြစ်သွားတယ်။( သမ္မတကြီး အတုအယောင်Federalတွေကိုကျေးဇူးပြု့  ပြီးနာမယောင်ပါနဲ့ တောင်းတိုင်းပေးရင်သူ တောင်းစားတွေတိုက်ဆောက်လိမ့်မယ် သ တိထားပါဗျာ )။Federalism ဆိုတာလည်း သုံးတိုင်းမကောင်းဘူး။ဖက်ဒရယ်အတုနဲ့ အစစ်ခွဲခြားတတ်ဖို့လိုသေးတယ်။Yugoslav -ia နဲ့ ဆိုဗီယက်ရုရှားတို့ဟာဖက်ဒရယ်အတု တွေကိုယုံစားမိလို့ပြိုကွဲခဲ့တယ်။ဖက်ဒရယ်အ တုနဲ့တော့မြန်မာနိုင်ငံမြေပုံအပျက်မခံနိုင်ဘူး။ ဒါကကျွန်တော့ရဲ့ စိတ်ရင်းအခံပဲ။ဒါတောင် မကျေနပ်သေးလို့မင်းနဲ့ဆွေးနွေးခြင်တယ်ဆို တဲ့သူများ Chat Boxကိုလာခဲ့ပါ။ဘယ်သူ့ကို မှပိတ်မထားဘူး။လာခဲ့ပါ။ကြိုဆိုနေမယ်။

 ( မှတ်ချက်။ ။ ကေအိုင်အေအနေဖြင့်ဖက် ဒရယ်စနစ်ဖြင့်သမ္မတကြီးကိုမဟုတ်မဟတ် အကျပ်ကိုင်ပြီးငြိမ်းချမ်းရေးဆွေးနွေးပါက ဆွေးနွေးမှု့မအောင်မြင်အောင်လုပ်ပါက မြစ်ကြီးနား-ဗန်းမော်ကိုဘာကိစ္စဖြင့်ကချင် ပိုင်ပေးလိုက်သနည်း။ကချင်တွေမည်သည့် နေရာလောက်သာပိုင်သည်။ဗိုလ်ချူပ်အောင် ဆန်းနှင့်ပြောဆိုခဲ့မှု့များကိုတစ်နိုင်ငံလုံးသိ အောင်ဖောက်ချပစ်မည်။ ။ နိုင်မင်း ) 

 [ ကချင်များကိုညီအကိုလိုချစ်ပါသည်။သို့ သော်ပြည်ထောင်စုပြိုကွဲအောင်ပြု့ လုပ်ပါက တို့တာဝန်အရေးသုံးပါးကိုထိပါးစော်ကားပါ ကရန်သူဟုသတ်မှတ်မည်။ ].

.. www.MyanmarExpress.net
 

ပြန်လည်နိုးထလာမည့် မြန်မာပြည်က သေမင်းတမန်ရထားလမ်း

From : ..7day

.. www.MyanmarExpress.net

မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းများ နယ်လှည့်၍ ဆောင်ရွက်ပေးမည်

From : ..ခေတ်လူငယ်


ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ၂ဝ၁၃ ခုနှစ် မေလအတွင်း မြို့နယ်များသို့ နယ်လှည့်၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်၍ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အသိပေးထားသည်။ အဆိုပါ မြို့နယ်များမှာ- (၁) ရန်ကုန်တိုင်းဒေသကြီးတွင် လှည်းကူး၊ တွံတေး၊ (၂) မန္တလေးတိုင်းဒေသကြီးတွင် မိုးကုတ်၊ ဝမ်းတွင်း၊ နွားထိုးကြီး၊ မြစ်သား၊ (၃) ရှမ်းပြည်နယ်တွင် ရပ်စောက်၊ ဖယ်ခုံ၊ ကွန်ဟိန်း၊သိန္နီ၊ နမ္မတူ၊ မိုင်းတုံ၊ မိုင်းဆတ်၊ (၄) ကချင်ပြည်နယ်တွင် ဝိုင်းမော်၊ ဖားကန့်၊ (၅) ချင်းပြည်နယ်တွင် ဖလမ်း၊ တီးတိန်၊ (၆) စစ်ကိုင်းတိုင်းဒေသကြီးတွင် ကနီ၊ အင်းတော်၊ ကသာ၊ ဗန်းမောက်၊ ထီးချိုင့်၊ ဝက်လက်၊ (၇) တနင်္သာရီတိုင်း ဒေသကြီးတွင် ကျွန်းစု၊ (၈) ပဲခူးတိုင်းဒေသကြီးတွင် ဒိုက်ဦး၊ မင်းလှ၊ ကျောက်ကြီး၊ (၉) မကွေးတိုင်း ဒေသကြီးတွင် တောင်တွင်းကြီး၊ မြို့သစ်၊ မြိုင်၊ ပေါက်၊ ဆော၊ ကန်ပက်လက်၊ ပွင့်ဖြူ၊ အောင်လံ၊ (၁ဝ) ရခိုင်ပြည်နယ်တွင် သံတွဲ၊ တောင်ကုတ်နှင့် (၁၁) ဧရာဝတီတိုင်းဒေသကြီးတွင် မြောင်းမြ၊ ညောင်တုန်း၊ မြန်အောင်၊ ကြံခင်း စသည့်တို့တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

 .. www.MyanmarExpress.net
 

ဗုဒ္ဓဘာသာအတွက် ပထမ အန္တရာယ်သည် မွတ်ဆလင်ဖြစ်သည်၊ ဒုတိယ အန္တရာယ်သည် ဒေါ်စု နှင့် သူမကိုထောက်ခံသူများဖြစ်သည်


The first dangerous thing for Buddhism is Muslim. The second dangerous thing for buddhism is Daw Aung San Suu Kyi. See more photos http://www.xtywebworks.ns.ca/week3.html  created by aung san suu kyi suppoters.




.
ဖော်ပြပါ ဓာတ်ပုံများမှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများက ပြုလုပ်ထားပြီး http://www.xtywebworks.ns.ca/week3.html တွင် တင်ထားသော ဓာတ်ပုံများဖြစ်သည်။ ဘုရားလိုကိုးကွယ်လိုသူများ ယူသွားကာ ဗွီနိုင်းထုတ်၍ ဘုရားစဉ်တွင် ချိတ်ထားနိုင်ရန်ရည်ရွယ်ပုံရသည်။  အခြား ဓာတ်ပုံများကို ဆက်လက်ကြည့်ရှုရန် http://www.xtywebworks.ns.ca/week3.html သို့ သွားပါ။ ကြည့်ပြီးလျှင် ဗုဒ္ဓရုပ်ပွားတော်ကို စော်ကား သဖြင့် မွတ်ဆလင် ကုလား များဖြစ်နိုင်သည်ဟု မယူဆပါနှင့်။ ပြည်တွင်းမှ ဗုဒ္ဓဘာသာဝင် စစ်စစ် ဒေါ်စု ထောက်ခံသူတွေရဲ့ လုပ်ဆောင်မှု တွေကို ပြန်ကြည့်ပါ။ 

ဒေါ်စုထောက်ခံသူများကြောင့် ဗုဒ္ဓဘုရားရှင် ကို ဘာသာခြားများ နှင့် ကမ္ဘာ၏ အမြင်တွင် သိက္ခာ ညိုးနွမ်းစေသဖြင့် ၎င်း တို့ကို ဗုဒ္ဓဘာသာဝင်များအားလုံး မှ သတိဖြင့် ဆက်ဆံကြရန်လိုအပ်ပြီ ဖြစ်ပါကြောင်း Myanmar Express ဝိုင်းတော်သားများမှ နိဗ္ဗာန်အကျိုးမျှော်၍ နှိုးစော်လိုက်ပါသည်။

. www.MyanmarExpress.net

 

၂၀၁၃ ဧပြီလ အတွင်း အထူးခြား လူကြိုက်အများဆုံး သတင်းများ

From : ..

၂၀၁၃ ဧပြီလ  တစ်လအတွင်း လူကြိုက်အများဆုံး ခေါင်းစဉ်များ

 
တရား လက်လွှတ် စကား အတွက် ဒေါ်အောင်ဆန်း စုကြည် ပြန်လည...
http://www.myanmarexpress.net/2013/04/blog-post_8401.html
 Apr 14, 2013, 16 comments 19894

စစ်ဗိုလ် တစ်ယောက် ဒေါ်လာ သုံးဆယ် ဆိုတဲ့ စင်သီယာ ကိ...
http://www.myanmarexpress.net/2013/04/blog-post_5879.html
Apr 6, 2013, 42 comments 14849

မနှစ်က သင်္ကြန်တွင် သင်ဇာဝင့်ကျော် နာမည်ပျက်ထွက်ခြဲ့...
http://www.myanmarexpress.net/2013/04/blog-post_6628.html
Apr 19, 2013, 30 comments 14513

နေမျိုးဇင် ဟီလာထနေသည်
http://www.myanmarexpress.net/2013/04/blog-post_14.html
 Apr 13, 2013, 18 comments 13672

ဆန္ဒပြပွဲ အများဆုံး ရန်ကုန်တွင် အမှိုက်ပစ်သူ ၃၀ ရာခိ...
http://www.myanmarexpress.net/2013/04/blog-post_9048.html
  Apr 21, 2012, 92 comments 11876

"ဥာဏ်ကြီးရှင် ကျော်မင်းဆွေ ရေ ခင်ဗျားရဲ့ ဦးနှေက် န..
http://www.myanmarexpress.net/2013/04/blog-post_8876.html
 Apr 16, 2013, 17 comments 11202

နိုင်ငံအဝှမ်း ရေပြတ်လပ်ရှားပါးသဖြင့် ပြည်သူအများ ဒ..
http://www.myanmarexpress.net/2013/04/blog-post_5689.html
 Apr 15, 2013, 9 comments 10941

ထိုင်းသင်္ကြန် မြင်ကွင်းများ (ဓာတ်ပုံ ၂၁ ပုံ)
http://www.myanmarexpress.net/2013/04/blog-post_8094.html
Apr 23, 2013, 10 comments 10665

ဟောင်ဖွာဟောင်ဖွာ လုပ်နေသည့် နေမျိုးဇင် ရုတ်တရပ် နှု.
http://www.myanmarexpress.net/2013/04/blog-post_8157.html

Apr 15, 2013, 3 comments 10498

ဆရာတော် ဦးသောဘိတ အား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူ ကု...
http://www.myanmarexpress.net/2013/04/blog-post_3414.html
 Apr 16, 2013, 14 comments 9645 


မွတ်ဆလင်များအတွက် အလွန်အင်မတန် ဝမ်းနည်းကြောင်း ဒေါ်...
http://www.myanmarexpress.net/2013/04/blog-post_8634.html

အရည်အချင်းအစစ်ကြောင့် မဟုတ်သော်လည်း Vote ပေးရန် မျ...
http://www.myanmarexpress.net/2013/04/vote-click.html

မြန်မာ Facebook user များကြောင့် ၈၈ အမည်ခံလုပ်စားသ...
http://www.myanmarexpress.net/2013/04/facebook-user.html

http://www.myanmarexpress.net/2013/04/facebook-user.html
http://www.myanmarexpress.net/2013/04/blog-post_3413.html

ဘီဘီစီ နှင့်ပေါင်းကာ အစိုးရကို အပြစ်ပြောသည့် ပြည်ေ...
http://www.myanmarexpress.net/2013/04/blog-post.html

ဗိုလ်ချုပ်အောင်ဆန်းပုံ မီးရို့ တာ ရိုးရိုးမဟုတ် မြ
http://www.myanmarexpress.net/2013/04/blog-post_273.html
   
မဖြစ်ညစ်ကျယ်တာ မီဒီယာလား
http://www.myanmarexpress.net/2013/04/blog-post_9345.html

ဆင်ဆာမရှိသည့်နောက်ပိုင်း စုတ်ပျက်သပ်နေသော မြန်မာမီ..
http://www.myanmarexpress.net/2013/04/myanmar-news-week.html

What is Life? ( ဘဝဆိုတာ = ?? )
http://www.myanmarexpress.net/2013/04/what-is-life.html

တိရိစ္ဆာ ငန်း နှင့် အလှပြိုင်သည့် ဗိုလ်ချုပ်အောင် ဆ..
http://www.myanmarexpress.net/2013/04/blog-post_5457.html
   
ခရိုနီမကြိုက်တဲ့ ခရိုနက် သန်းဖွတ်အောင်
http://www.myanmarexpress.net/2013/04/blog-post_2057.html

ငြိမ်းချမ်းရေး လမ်းလျှောက်သူများအတွက် မိုင်းရှင်းေ.
http://www.myanmarexpress.net/2013/04/blog-post_4915.html
   
ဦးသောဘိတ….. ရေ …… အမျှ….အမျှ
http://www.myanmarexpress.net/2013/04/blog-post_608.html

   
မွတ်ဒေါင်း မင်းကိုနိုင်အတွက် ဦးဇင်း ပညာစက္က၏ ဆုံးမ..
http://www.myanmarexpress.net/2013/04/blog-post_1665.html
   
The First Weekly Journal အားလက်ပံတောင်းဒေသတုံရွာမှ.
http://www.myanmarexpress.net/2013/04/the-first-weekly-journal.html
   
မွတ်ဆလင်နိုင်ငံများတွင် ဗုဒ္ဓ စေတီ၊ ရုပ်ပွားတော်မျာ...
http://www.myanmarexpress.net/2013/04/hrw.html

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ မလိုဟု ဒေါ်စု ပြောသော်...
http://www.myanmarexpress.net/2013/04/blog-post_7398.html

ကုလားမုန်းတာမဟုတ်ဘူးဗျ။ ဘာသာနဲ့ နိုင်ငံရေး ၊ ယဉ်ကေ..
http://www.myanmarexpress.net/2013/04/blog-post_6259.html

   
ရခိုင်ပြည်နယ် ဘူးသီးတောင်တွင် သံဃာတော်တစ်ပါးအား ဘဂ..
http://www.myanmarexpress.net/2013/04/blog-post_6581.html

   
၂၀၁၃ သင်္ကြန်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ဘုရားသွားေ...
http://www.myanmarexpress.net/2013/04/blog-post_409.html

    ဆရာတော် ဦးဝီရသူ ၏ တရားတော်များနဲ့ပတ်သက်ပြီး ရှင်းလ.
http://www.myanmarexpress.net/2013/04/blog-post_7.html

စားပွဲထိုးလုပ်ခဲ့တဲ့ မြန်မာဝန်ကြီး
http://www.myanmarexpress.net/2013/04/blog-post_6482.html

အာဆီယံ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ် ဆုကို မြန်မာ...
http://www.myanmarexpress.net/2013/04/blog-post_6939.html

   
စစ်ဗိုလ် တစ်ယောက် ဒေါ်လာ သုံးဆယ် ဆိုတဲ့ စင်သီယာ ကိ..
http://www.myanmarexpress.net/2013/04/blog-post_5879.html

   
အာဆီယံမှာ ဆင်းကတ်ဈေး အသင့်တော်ဆုံး ဖြစ်လာတဲ့ မြန်...
http://www.myanmarexpress.net/2013/04/blog-post_1529.html

   
အမေရိကန်သံတမန် မှတ်တမ်းများ WikiLeaks ဖွင့်ချမည်
http://www.myanmarexpress.net/2013/04/wikileaks.html

သင့်ကြောင့် အနာဂတ်မျိုးဆက်များ " ဗလီ " မတက်ရပါစေနှ.
http://www.myanmarexpress.net/2013/04/blog-post_3536.html

ဒေါ်စု ဘွဲ့တွေ ဘယ်လောက်ရရ စာမတက်သေးပေ ၊ ပါးစပ်ကသာ ..
http://www.myanmarexpress.net/2013/04/blog-post_21.html

မြန်မာ့ သမိုင်းကိုရော ခင်ဗျားသိရော သိလား ။ မြန်မာ့
http://www.myanmarexpress.net/2013/04/blog-post_502.html
   
မှန်တာပေါ့ သိပ်ဟုတ်တာပေါ့ ကုလားကို ကုလားလို့ခေါ်တာ...
http://www.myanmarexpress.net/2013/04/blog-post_2956.html

   
လူမျိုးဘာသာမခွဲခြား မြန်မာနိုင်ငံသား လှုပ်ရှားနေသူမ...
http://www.myanmarexpress.net/2013/04/blog-post_7612.html
   
   
၈၈ တွင် ကျောင်းမတက်သည့် ၈၈ ခေါင်းဆောင် ဆိုသူများ၏
http://www.myanmarexpress.net/2013/04/blog-post_2480.html

   
လွှတ်တော်အားဝေဖန်ရေးသားသူ ဒေါက်တာဆိတ်ဖွားကို ဖော်ထု...
http://www.myanmarexpress.net/2013/04/blog-post_7921.html

OIC နှင့် ရိုဟင်ဂျာများအား လက်မခံမှုကြောင့် တရားခံ ...
http://www.myanmarexpress.net/2013/04/oic-uk.html

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံပြီး တစ်ပတ်အကြာ နေ...
http://www.myanmarexpress.net/2013/04/blog-post_1068.html

   
ဆန္ဒပြမှ ထမင်းစားရသူများ ခေါင်းစဉ်ပြောင်း ဆန္ဒပြမှုတွ.
http://www.myanmarexpress.net/2013/04/blog-post_759.html

ဥပဒေ ပုဒ်မ ၁၄၄ ကို မလေးစား၊ ဒေါ်စုကို အနီးကပ် ဆန္ဒပြ...
http://www.myanmarexpress.net/2013/04/blog-post_1678.html

မူဆလင် ကို မူဆလင်လို့ မမြင်ပဲ - အဖေလို့ မြင်နေသူေ...
http://www.myanmarexpress.net/2013/04/blog-post_5916.html

ရန်ကုန်မြို့ကို ကယ်တင်ပါ
http://www.myanmarexpress.net/2013/04/blog-post_9396.html

အချစ်ဦး ပါကစ္စတန် ကုလား Tariq Osman Hyder ကြောင့် ..
http://www.myanmarexpress.net/2013/04/tariq-osman-hyder.html

၁၅-နှစ်သမီးလေးကို မွေး-စားသော ကုလားကို တရားစွဲဖို့..
http://www.myanmarexpress.net/2013/04/blog-post_4676.html



၂၀၁၃ ဧပြီလ  တစ်လ အတွင်း ကမ္ဘာအရပ်ရပ်မှ အားပေးကြသူများ

Myanmar [Burma] - 1521399
Singapore - 134670
 Malaysia - 123656
 United States - 92379
Thailand - 83122
South Korea - 21116
China - 18775
Russia - 18682
Japan - 17854
Australia - 5157

 www.MyanmarExpress.net
 

ဘောင်းဘီဖင်ကြပ် ဝတ်ထားသော မွန်ဂိုလီးယားရောက် အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ

 From : ..http://myanmarheadline.blogspot.com/2013/05/blog-post.html



 ထမိန်ပဲ အမြဲဝတ်တယ်လို့ ဘယ်သူပြောလဲ

 မြင်းစီးကောင်းတဲ့ အမေစု

အမေစုရဲ့ နိုင်ငံခြား ခရီးစဉ်တွေက မြန်မာပြည်သူတွေ အတွက်ထွက်နေတာလား၊ ကိုယ်နေချင်သလိုနေ၊ ပျော်ချင်သလိုပျော်ဖို့ ထွက်နေတာလား


၆၇ နှစ်အရွယ် ငယ်မူပြန်ခြင်း


 လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် မြန်မာနိုင်ငံကို မေ့ထားပြီး လင်တော်မောင်နှင့် ပျော်ပါးစဉ်က

.. www.MyanmarExpress.net
 

နိုင်ငံခြားသားများအား မြ၀တီနယ်စပ်ဂိတ်တွင် တစ်ပတ်ဗီဇာထုတ်ပေးမည်

From : ..7day

ရန်ကုန်- မြ၀တီနယ်စပ်ဂိတ်တွင် ထိုင်းနိုင်ငံသားများ အပါအ၀င် ကမ္ဘာလှည့် ခရီးသွားများအား တစ်ပတ်ဗီဇာထုတ်ပေးနိုင်ရန် စီစဉ်
နေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်းက ပြောကြားသည်။

“မြ၀တီ၊ ဘားအံ၊ မော်လမြိုင်နဲ့ ကျိုက်ထီးရိုးတို့ကို လည်ပတ်နိုင်ဖို့အတွက် ခြောက်ညအိပ် ခုနစ်ရက် ဗီဇာ၊ ပြည်ဝင်ခွင့်ပေးဖို့လုပ်နေတာပါ။ တတ်နိုင်သမျှအမြန်ဆုံး လုပ်နေပါတယ်” ဟု ၀န်ကြီးချုပ်ဦးဇော်မင်းက ဧပြီ ၂၈ ရက်တွင် ပြောသည်။

ထိုင်းနိုင်ငံသားများအပြင် မြန် မာနိုင်ငံသားများပါ ထိုင်းနိုင်ငံသို့ မြ ၀တီမဲဆောက်ဝင်ပေါက်မှတစ်ဆင့် သွားရောက်နိုင်ရန် ညှိနှိုင်းထားပြီး လုံခြုံရေးနှင့် ငွေလဲသည့်ကိစ္စသာ ကျန်ရှိတော့ကြောင်း ၀န်ကြီးချုပ်ကပြောသည်။

“မြ၀တီကသာ ဖွင့်ပေးလိုက်ရင် စားရိတ်တော့ တအားသက်သာသွား တဲ့အတွက် တော်တော်များများလာ ကြမှာ။ နယ်စပ်ဖြတ်ကျော် ခရီးသွား တွေကလာကြမှာ” ဟု Tour De Myanmar ခရီးသွားကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ မဒါလီက ပြော သည်။ ယခင်က မြ၀တီကတစ်ဆင့် ထိုင်းဘက်မှ ၀င်လာမည့်ဧည့်သည် များအားကုမ္ပဏီစီစဉ်မှုဖြင့် ဆိုပါက ကြိုတင်ခွင့်ပြုချက်ဖြင့် ၀င်ရောက် ခွင့်ပြုပြီး ကိုယ်ပိုင်အစီအစဉ်ဖြင့် တစ်ဦးချင်း FIT များ၏ ဧည့်သည်များကိုမူ ဆိုက်ရောက်ဗီဇာထုတ်ပေး ခြင်းမျိုးမရှိခဲ့ပေ။

ယင်းကဲ့သို့ ဖွင့်ပေးလိုက်ပါကဘားအံ၊ ကျိုက်ထီးရိုးနှင့် မော်လမြိုင်မြို့များတွင် ဟိုတယ်အခန်း မလုံလောက်မှုများ ဖြစ်လာနိုင်ကြောင်း မဒါလီက သုံးသပ်သည်။

မြ၀တီနယ်စပ်ဝင်ပေါက်မှာက ကမ္ဘာလှည့်ခရီးသွားများ ၀င်ထွက် သွားလာနိုင်ရန် နိုင်ငံကူးလက်မှတ် စစ်ဆေးသည့်စက်များ တပ်ဆင်နေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဖေဖော်ဝါရီလဆန်းတွင် ပြောသည်။

ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံသို့ လာရောက်မှုစာရင်းတွင် အများဆုံးဖြစ်ပြီး ကျိုက်ထီးရိုးဘုရားအား သွားရောက်ဖူးမြော်လေ့ရှိ
သည်။ ယခုနှစ် ဇန်န၀ါရီလမှ မတ်လကုန်အထိ ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသား သုံးသောင်းကျော် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်ဟု စာရင်းဇယားများအရ သိရသည်။


 .. www.MyanmarExpress.net

 

ဗျူဟာအခင်းအကျင်းများနဲ့ ဖုန်းဈေးကွက်လုပွဲ

From : ..7day


.. www.MyanmarExpress.net