From :
..the voice
ပါတီဥက္ကဋ္ဌရာထူး ရယူထားခြင်းကြောင့် ဝေဖန်မှုများ ခံနေရသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရာထူးမှ နုတ်ထွက်လိုက်သဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူ လိုက်ကြောင်း အဆိုပါ ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက The Voice သို့ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌရာထူး တရားဝင်လွှဲပြောင်း ရယူကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် ကြံ့ခိုင်ရေး ပါတီလူငယ် ညီလာခံတွင် တရားဝင်ကြေညာခဲ့ခြင်း ဖြစ်သည်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်သိန်းလင်း ကလည်း အတည်ပြုပြောကြားသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေး ပါတီ ဗဟိုညီလာခံတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခံခဲ့ရပြီး အခြေခံဥပဒေ ပုဒ်မ ၆၄ အရ နိုင်ငံတော်သမ္မတသည် ပါတီတစ်ခု၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခွင့် မရှိသောကြောင့် သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များ လွှဲအပ်ထားခဲ့သည်။
ယနေ့ကျင်းပသော ဗဟိုကော်မတီ အစည်းအဝေးတွင် သမ္မတဦးသိန်းစိန် ပါတီ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုက်သဖြင့် သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌရာထူးကို တရားဝင် ရယူခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီခေါင်းဆောင် များက ဆိုသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပါတီဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ရန် ဇန်နဝါရီလ ကတည်းက ကြံ့ခိုင်ရေးပါတီထံ စာပို့ထားခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။
"ပါတီဥက္ကဋ္ဌရာထူးက လွှဲပြောင်းစရာ မလိုပါဘူး။ တစ်ယောက်က မလုပ်ဘူးဆိုရင် ဒုတိယဥက္ကဋ္ဌကို အစားထိုးပြီးသားပါ"ဟု ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ပါတီဥက္ကဋ္ဌရာထူး ရယူထားခြင်းကို အခြေခံဥပဒေနှင့် ညီမညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးသို့ တင်ပြသင့်ကြောင်း ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က အဆိုတစ်ရပ် တင်သွင်းထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ
ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံခဲ့သည်။
.. www.MyanmarExpress.net

10 comments:
၂၀၁၅သမ္မတကဒေါ်စုမဟုတ်ပြန်ဘူးလား
Daw Su get out.
ဒေါ် စု ဟုတ် လား ဘယ် သူ ပြော တာ လဲ
It is sure and Myanmar people hope NLD will win around the country at 2015 while other parties got few seats in Parliment. Do not worry, president of Myanmar will be from NLD at 2015.
အမေစု သမ္မတဖြစ်မှ မင်းတို့တတွေအထုပ်ကြီးအထုပ်ငယ် ခြင်းတွေပလုန်းတွေနဲ့
အမေ အမေလို့ခေါ်ပြီး မျက်စိနောက်အောင်မလုပ်နဲ့နော် လောကမှာ မြတ်စွာဘုရားကလည်း တစ်ဆူပဲရှိတယ် အမေဆိုတာလည်းတစ်ယောက်ပဲရှိတယ်
အမေစုသာ သမ္မတဖြစ်သွားခဲ့ရင် အမေအမေလို့ခေါ်ခေါ်ပြီး ဖားနေလို့ရှိရင် မင်းတို့ဆရာ
တင်ခဲ့တဲ့ ဒို့နိုင်ငံအနှစ်၂၀ခေါင်းမရှိပဲအုပ်ချုပ်ခဲ့တဲ့ မင်းတို့ရဲ့ဆရာကြီး 5star သူ့ရောဂါနဲ့မသေပဲ ရင်ကွဲနာကျသေနေပါအုံးမယ် ခြင်္သေ့ဆိုတာ ဘုရားရှေ့မှာပဲနေတာပါ
ရှေ့မှာဆိုလို့ အထင်မကြီးနဲ့နော် တစ်နည်းအားဖြင့် အပေါက်စောင့်ရတာပါ တံခါမှုးတွေပေါ့ ကြံဖွတ်ဆိုတဲ့နာမည်မကြိုက်ရင် စွမ်းအားရှင်အာဏရပါတီလို့ ပေးလိုက်ပါ ခင်လို့ပါတီအမည်ရွေးပေးတာပါ
ကုလားစုတ်တွေ ထောင်ထွက်တွေ ကလေကချေခုတ်ခွာတွေကပြောနေတာ သူငယ်ချင်းရ။
ပြည်သူ
တိုင်းသားပြည်သူ လူအများကို တ၇ားမင်းများ စောင့်ပါစေ။
ဒေါ်စုကိုယ်တိုင်ပြောတာလေသမ္မတနဲ့လုပ်ချင်တယ်လို့
၂၀၁၅ အတွက် သူရဦးရွှေမန်းကို သမ္မတ အဖြစ် ကြိုဆိုပါ၏။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်