Subscribe to our RSS Feed

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားမည်


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ဟာ လာမယ့် ဇွန်လမှာ ဘင်္ဂလးဒေ့ရှ် နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်နေပြီး အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မြန်မာနိုင်ငံကို သွားရောက် လည်ပတ်အပြီးမှာ ဆက်ဆံရေး ပိုကောင်းလာကြောင်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ စီးပွားရေး ကိစ္စရပ်တွေကို အဓိက အလေးပေး ဆွေးနွေးကြမှာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကတော့ မြန်မာနိုင်ငံကို ဖြတ်ပြီး မီးရထားလမ်း၊ ကားလမ်း ဖေါက်လုပ် သွယ်တန်းကာ တရုတ်နဲ့ ကုန်သွယ်မှု တိုးချဲ့ရေး ကိစ္စကို အလေးပေး ဆွေးနွေးမယ်လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ ကမ္ဘာ့နိုင်ငံ အသီးသီးမှ အရေးကြီးပုဂ္ဂိုလ်အများအပြား လာရောက်တွေ့ဆုံ တာတွေ ရှိခဲ့ပြီး ဖိတ်ခေါ်ခြင်းကြောင်း သွားရောက်ရတာတွေ အများအပြားရှိခဲ့ရာ ယခုလက်ရှိအချိန်မှာလည်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် မှာ ဂျပန်နိုင်ငံ သို့ရောက်ရှိနေပြီး ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းမှာလည်း ဂျာမနီနိုင်ငံ သို့ရောက်ရှိနေပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်