Subscribe to our RSS Feed

ဒုတိယသမ္မတသီဟသူရ ဦးတင်အောင်မြင့်ဦးဘာလို့နှုတ်ထွက်သလဲ?



ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် မေလ (၃)ရက်နေ့က နှုတ်ထွက်စာတင်ကြောင်း သတင်းများ ပလူပျံအောင်ထွက်ပေါ်လာခဲ့ပါတယ်။ ကျန်းမာရေးကြောင့် နှုတ်ထွက်တယ်လို့ပြောသူက ပြောကြ တယ်။ တကယ်လို့ ကျန်းမာရေးကြောင့်နှုတ်ထွက်တယ်ဆိုရင်လည်း ကျေကျေလည်လည် ပွင့်ပွင့်လင်းလင်း ပြောပြပြီးမှ နှုတ်ထွက်သင့်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အခုတော့ ကျန်းမာရေးကြောင့်လို့ပဲဆိုပါတယ်။ လည်းပင်းက၊ အူလမ်းကြောင်းကဖြစ်လို့ဆိုပြီးတော့ လူချင်းလည်းအတွေ့မခံ၊ အပြောမခံ၊ ဖုန်းဆက်လို့ လည်းမရ၊ နှုတ်ထွက်စာတင်တယ်လို့သာ ပြောသံကြားရပါတယ်။ ကျန်းမာရေးအရဆိုရင် တစ်ဦးနှင့်တစ်ဦး ကျေကျေ လည်လည်ပြောပြကြရမှာဖြစ်ပါတယ်။ တကယ် ကျန်းမာရေးအရ တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိ ကြောင်း ပြောဆိုသံ၊ ဆရာဝန်၏မှတ်ချက်ပြသံမကြားရ၍ ထူးဆန်းအံ့သြဖွယ်ကောင်းနေပါတယ်။ သို့သော်လည်း မပြေးသော် ကန်ရာရှိဆိုသလို အခြားအကြောင်းများရှိနေမည်မှာ ဧကန်မလွဲပါ။
ထိုအကြောင်းများက အဘယ်နည်း။
ရုတ်တရက်ချက်ချင်း စေ့ဆော်တိုက်တွန်းလိုက်သောအချက်လည်း ရှိလိမ့်မည်။ အချိန်အတန်ကြာ ကပင် မခံမရပ်နိုင်၊ မကျေလည်သောကိစ္စများလည်းရှိမည်ဟု ထင်ပါတယ်။ ချက်ချင်းလက်ငင်းပြဿနာကတော့ အခြားအကြောင်းမဟုတ်ပေ။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းခြင်းပင်ဖြစ်လိမ့်မည်။ ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းရာတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို တာဝန်ပေးမည်ဆိုသောသတင်းများ ထွက်ပေါ်နေပါတယ်။ ပြီးတော့ ပြည်ထောင်စုဝန်ကြီးများ၊ အချို့သော လွှတ်တော်ကိုယ်စားလှယ်များ၊ အချို့သော တိုင်းရင်းသားများ၊ အချို့သော ပညာရှင်များပါဝင်မည်ဟု ကြားသိ ရပါတယ်။ သို့ရာတွင် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရဘွဲ့ရရှိသော ဦးတင်အောင်မြင့်ဦးအား အဖွဲ့တွင် ထည့်သွင်းရွေးချယ်ခြင်းမရှိပါ။ တာဝန်မပေးပါ။
ဤရွေးချယ်မှုသည် ဦးတင်အောင်မြင့်ဦးနှုတ်ထွက်ရန် စေ့ဆော်တိုက်တွန်းလိုက်သောအချက်ဖြစ်နေ မလားလို့တောင် သံသယဖြစ်နေမိပါတယ်။ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဒုတိယသမ္မတဖြစ်သည်။ ရှမ်း တိုင်းရင်းသားလူမျိုးဖြစ်သည်။ စစ်ရေးစစ်ရာအတွေ့အကြုံမရှိ၊ နယ်မြေတိုင်းလည်းကျွမ်းကျင်သူမဟုတ်၊ လက်နက်ကိုင်တိုင်းရင်းသားများအားလုံးနှင့်လည်း ထိတွေ့ဖူးခြင်းမရှိ။ ကိုယ်တိုင်အတွေ့အကြုံမရှိ၊ ကြားဖူး နားဝသာရှိကောင်းရှိမည်။ ရှေ့ကြောင်း နောက်ကြောင်း၊ နိုင်ငံရေးကျွမ်းကျင်မှုလည်း အားနည်းသေးသည်ဖြစ်၍ ဒုတိယသမ္မတ (၁)ကို တာဝန်ပေးရွေးချယ်ရန် မသင့်တော်ဘူးလားလို့ စဉ်းစားစရာဖြစ်လာပါတယ်။ ဒုတိယ သမ္မတ (၁)နဲ့ (၂)သည် ဤကိစ္စအပေါ်မှာ ဆောင်ရွက်နိုင်စွမ်း၊ ကျွမ်းကျင်မှု၊ သင့်တော်မှု များစွာကွာခြား ပါလျက် တာဝန်ပေးသင့်သူကို မပေးဘဲ၊ ဖြစ်ပေါ်လာသောအစီအစဉ်သည် ပြဿနာဖန်တီးရာမရောက်ပေဘူးလား။ ဤအစီအစဉ်သည် သမ္မတ၏ကိုယ်ပိုင်အယူအဆပဲလား။
ဝိုင်းဝန်းစေ့ဆော်တိုက်တွန်းမှုကြောင့်ပဲလား။
ကာလအတန်ကြာကမကျေလည်မှုများလား။
ရှစ်လုံးလို့နာမည်ကြီးခဲ့သော သီဟသူရ ဦးတင်အောင်မြင့်ဦးအား နယက အစိုးရလက်ထက် အတွင်းရေးမှူးဘ၀ကတည်းက လုပ်ကိုင်ခွင့်အများဆုံးရရှိထားသော လူပုဂ္ဂိုလ်အနေဖြင့် ကျော်ကြားခဲ့သည်။ ၀န်ကြီးဌာနများကိုလည်းပဲ အတော်တင်းတင်းကြပ်ကြပ်ဖြင့် အမုန်းခံ၍ စီမံဆက်ဆံခဲ့သူအဖြစ်လည်း နာမည် ကြီးခဲ့သည်။ ၀န်ကြီးများနှင့်လည်း အဆင်မပြေမှုအလွန်များခဲ့သည်။ အချို့ဝန်ကြီးများဆိုလျှင် ဖြစ်လေရာဘ၀ သူ(ဦးတင်အောင်မြင့်ဦး)နဲ့ မတွေ့ရပါစေနဲ့၊ မကြုံရပါစေနဲ့၊ သူရှိတဲ့နေရာလည်းမရောက်ရပါစေနဲ့၊ ကိုယ်ရှိတဲ့ နေရာလည်းပဲ သူမရောက်လာပါစေနဲ့လို့ ဆုတောင်းဆန္ဒပြုခဲ့ဝန်ကြီးများလည်း ရှိခဲ့ပါတယ်။ ထိုဝန်ကြီးများ ထဲတွင် -
(၁) ဦးအောင်မင်း (ယခု မီးရထားဝန်ကြီး)
(၂) ဦးစိုးသိန်း (ယခု စက်မှုဝန်ကြီး)
(၃) ဦးဇော်မင်း (လျှပ်စစ် ၁ ၀န်ကြီး)
(၄) ဦးခင်မောင်မြင့် (ဆောက်လုပ်ရေးဝန်ကြီး) တို့သည်
အခံစားရဆုံးဖြစ်ပြီး အကြိမ်ကြိမ်ဆုတောင်းသူများဖြစ်ကြသည်။
ဦးသိန်းစိန်အစိုးရဖွဲ့စည်းပြီးသည့်အခါ ပွင့်လင်းလာမှု၊ အရှိန်အ၀ါနည်းလာမှုကြောင့် ဆက်လက်တာဝန် ထမ်းဆောင်ခွင့်ရကြသောဝန်ကြီးများသည် ရှစ်လုံးခေါ် ဦးတင်အောင်မြင့်ဦးကို မထေမဲ့မြင်ပြုလာကြသည်။ ယခင်က မလုပ်ရဲခဲ့ဖူးသော မလေးမစာလုပ်မှုများ ပြုလုပ်လာကြသည်။ အာခံလာကြသည်။ ရှစ်လုံးပြောသမျှ အမိန့်ကို မတရား၊ မမှန်ကန်ဟုယူဆလာကြသည်။ ရှစ်လုံးအမိန့်သာနာခံရရင်၊ ရှစ်လုံးနဲ့သာ အလုပ်လုပ်နေရ မယ်ဆိုရင် ဆက်မလုပ်တော့ဘဲ ၀န်ကြီးတာဝန်မှအငြိမ်းစားယူမည်၊ ထွက်စာအဆင်သင့်ရေးထားသည်၊ အိတ်ကပ်ထဲမှာထွက်စာပါသည်ဟု သမ္မတကို အကြိမ်ကြိမ် ချွဲပြသည်၊ နွဲ့ပြသည်၊ ခြိမ်းခြောက်ပြသည်၊ ကြိမ်ဖန် များလာတော့ သမ္မတက သနားလာသည်။ လက်ခံယုံကြည်လာသည်။ သူ့ရဲ့ ယုံကြည်ရသောပုဂ္ဂိုလ်များ ဖြစ်လာပြီဟုသတ်မှတ်လာသည်။ အားကိုးလာသည်။ ဤတွင် ထိုဝန်ကြီးများ၏အကွက်ထဲကို သမ္မတကျင်လည် ရတော့သည်။ ထိုဝန်ကြီးများသည် သမ္မတကို ပြောချင်သလိုပြောလို့ရနေပြီး ပိုင်နိုင်လာသဖြင့် ဒုတိယသမ္မတကို လုံးဝအရေးစိုက်ခြင်းမရှိတော့ပေ။
စက်တင်ဘာမတိုင်မီက ဒုတိယသမ္မတ ရှစ်လုံးရဲ့စက်ကွင်းကလွတ်ကင်းအောင် ရုံးထွက်လာခဲ့ ကြသည်။ စက်တင်ဘာနောက်ပိုင်းမှာ သမ္မတ၏အရိပ်အာဝါသအောက်မှာ ကောင်းကောင်းမွန်မွန်ခိုလှုံနိုင် ခဲ့ကြသည်မှစ၍ ဒုတိယသမ္မတ၏လမ်းညွှန်ချက်၊ တာဝန်ပေးချက်တို့ကို ဘေးဖယ်ထားလိုက်ကြသည်။ အလေး ဂရုမပြုတော့ချေ။ အထူးသဖြင့် ၀န်ကြီး အောင်မင်းနဲ့ စိုးသိန်းတို့သည် ဒုတိယသမ္မတကို လုံးဝဂရုမစိုက်၊ ရှိလေသည်တောင် မထင်တော့ပေ။ အရာရာမှာ ရှစ်လုံး ဒုတိယသမ္မတကို ဘေးဖယ်ထားရေး၊ အရေးမပါရေး၊ တာဝန်မပေးရေးကိုသာ ကြိုးပမ်းအားထုတ်တော့သည်။ သမ္မတသည်လည်းပဲ ရိုးသားသည်ဖြစ်သော်ငြားလည်း ၎င်းတို့ (၂)ဦး၏ အစီအမံ အတိုင်း မလွဲမသွေလိုက်ခဲ့ရပေတော့သည်။ ဤကဲ့သို့သောဖြစ်ရပ်များစွာတို့သည် ၂၀၁၁ တစ်ခုလုံးမှာ ကြိမ်ဖန်များစွာပေါ်ပေါက်ခဲ့၍ သံမဏိကဲ့သို့ နာမည်ကြီးခဲ့သော ရှစ်လုံးသည်လည်း အရည်ဘ၀ ကူးပြောင်း ရတော့သည်။
ဤအကြမ်းဖျဉ်းအခြေအနေကိုကြည့်ရင်ကိုပဲ အစိုးရအဖွဲ့အတွင်းမှာ မညီညွတ်မှုတွေရှိနေသည်။ ဂိုဏ်း ဂဏတွေကွဲနေသည်။ မီဒီယာအမျိုးမျိုးကလည်း သတင်းတွေရေး၊ ဝေဖန်သံတွေထွက်ပေါ်လာခဲ့သည်မှာ အခု ဒုတိယသမ္မတ(၁) နှုတ်ထွက်စာတင်သည့်အခြေအနေက အဖြေပေးလိုက်ပါပြီ။


Myanmar Express

13 comments:

မှန်ကန်သောသူသည်မမှန်ကန်သောသူများ.များလာလျင်ယင်းရဲ့ကိုယ်ပိုင်နေရာကျဉ်းမြောင်းလာသည်။အရက်သမားများကြားတွင်ဘုရားဒကာသည်နေရခက်ပေလိမ့်မည်.တိုင်းပြည်အတွက်နစ်နာပေသည်.ဒီမိုကရေစီသည်လူတော်များ များမှတိုင်းပြည်တိုးတက်မည်.လူညံ့တွေများလျင်တိုင်းပြည်သည်ဒီမိုကရေစီ
ချောက်ထဲကျပေလိမ့်မည်။တပါတီချောက်မှတက်လာပြိးဒီမိုချောက်ထဲကျ
တော့မည်။ဦးသိန်းစိန်ရဲရင့်သောရှစ်လုံးကြီးအားတိုင်းပြည်အတွက်စည်းရုံးသင့်ပေ
သည်။

It is not good for pyi khaing phyo party . anyway , must be united . If not people think your organization is broken.

ကျွန်တော်တို့ ကတော့ စစ်ကောင်းကောင်းတိုက် တတ်တဲ့
သူက နိုင်ငံခေါင်းဆောင်လုပ်သင့်ပါတယ်....ဒေါ်စုက အင်္ဂလိပ်
စကားပဲပြောတတ်တာ စစ်မှမတိုက်တတ်တာ...ဘယ်လိုသမတ
လုပ်မှာလဲ...

ဒေါ် စု စစ် မ တိုက် တတ် ရင် ကျိုက် ထီး ရိုး က ၀ါး သေ နတ် လေး တွေ ၀ယ် ပေး ပြီး အိမ် မှာ က ဂျား ခိုင်း လိုက်

ဘယ်လောက်ပဲတော်တော် ဘယ်လောက်ပဲတော်ကီကောင်းကောင်း
သူကသမ္မတ မဖြစ်နိုင်ဘုး..။ ဒါကြောင့်အခြေခံဥပဒေကျု ပြင်ချင်နေတာ
ဒါပဲ.. ရှင်းရှင်းလေး.. သူလဲ အာဏာရူးပါပဲ....။ ၀မ်းတွင်းပေါ့

Anonymous !
U r Suck! Don't u feel boring for what u doing?
I really feel pity for u!
Good Luck for what u doing!

ဒီ နိုင် ငံ မှာ ဦး တင် အောင် မြင်. ဦး လို ခေါင်း ဆောင် တ ဦး ရှိ သင်. ပါ တယ်။

right . leader must be fitted with most of the leadership criteria.

Are you all supporting for return of army government?? You all are such a barking dogs.Shut up your lunatic thinking in politic. If you all really love Armies background,why dun't you all give your mommies to make armies' children,Boners.

ဦးတင်အောင်မြင့်ဦး လိုစိတ်ဓာတ်ကောင်းတဲ့သူ ဒီနိုင် ငံမှာ ရှိသင့်တယ်ထင်
ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်