Subscribe to our RSS Feed

တောင်ကိုရီးယား သမ္မတ နှစ်ရက်ကြာ အလည်အပတ်လာရောက်မည်

From : Popular


ကိုရီးယားသမ္မတနိုင်ငံ(တောင်ကိုရီးယားနိုင်ငံ)၏ (၁၇)ဦးမြောက်သမ္မတ မစ္စတာလီမြောင်ဘတ်သည် မြန်မာနိုင်ငံသို့ ယခုလ ဒုတိယအပတ်အတွင်း တွင် နှစ်ရက်ကြာ အလည်အပတ်ခရီး လာရောက်မည်ဟု သိရသည်။
သမ္မတ လီမြောင်ဘတ်သည် အလည်အပတ်ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ကိုရီးယားနိုင်ငံဆိုင်ရာ အဖွဲ့ အစည်းများ၊ မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့်ပါ တွေ့ဆုံသွားမည်ဟု သိရသည်။
မေလ ၂ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုရီးယားသမ္မတနိုင်ငံ ၏ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Kim Sung-Hwan လာရောက်တွေ့ဆုံခဲ့သေးသည်။
ထိုသို့တွေ့ဆုံခဲ့ရာဝယ် နှစ်နိုင်ငံချစ်ခင်ရင်းနှီးစွာ အတူတကွပူးပေါင်း ဆက်ဆံမှုများ တိုးမြှင့်ခိုင်မာရေး၊ နည်းပညာ၊ အင်ဂျင်နီယာပညာရပ်များနှင့် အခြားအဆင့်မြင့်ပညာ ကဏ္ဍများ၊ အားကစားကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ စွမ်းအင်ကဏ္ဍ၊ သတ္တုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများနှင့် ရေနက်ဆိပ်ကမ်းများ၊ အထူးစီးပွားရေးဇုန် များတွင် လာရောက်ရင်းနှီးမြှုပ်နှံခြင်းင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြ သည်။

  
Myanmar Express



0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်