Subscribe to our RSS Feed

မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ လုပ်နေတာ၊ ငါတို့က ဘာစောက်တစ်ပြားမှမရပဲ ထောင်ကျခံပြီးနိုင်ငံရေးလုပ်နေတာ၊ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူး

"မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ လုပ်နေတာ၊ ငါတို့က ဘာစောက်တစ်ပြားမှမရပဲ ထောင်ကျခံပြီးနိုင်ငံရေးလုပ်နေတာ၊ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကို ပြောလိုက်... ငါ -ိုး မှ သားရဲ့"

ဟု

NLD ပါတီဝင် လုံခြုံရေး ဒလဝမ် များက Express Times သတင်းစာ သတင်းထောက် နှစ်ဦးကို လက်ရောက်မှု ကျူးလွန်ကာ ဆဲရေးတိုင်းထွာ စော်ကား ပြောဆို ခဲလို့ Express Times အယ်ဒီတာချုပ်မှ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထံသို့ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။



NLD လုံခြုံရေးတာဝန်ရှိသူက Weekly Express Times မှသတင်းထောက်အားကိုယ်ထိလက်ရောက်ကျုးလွန်ခြင်းနှင့်မီဒီယာသမား
များကိုစော်ကားပြောဆိုခြင်းကိုညှိနှိုင်းဆောင်ရွက်ပေးရန်NLDသို့ ပေးပို့ထားသောစာ


မြန်မာ သတင်းဂျာနယ်အားလုံးကို ချနင်းနေသော အမေစုရဲ့ ခွေးလေး

ဗြိတိန်ပေါက် ခွေးလေး အိပ်ဖို့ ဂျာနယ် ဝယ်လာတဲ့ အမေစု

ယခုကိစ္စဟာ မြန်မာသတင်းမီဒီယာ သမား အားလုံးကို စော်ကားခြင်းဖြစ်ပြီး သတင်းသမား အခွင့်အရေးနှင့် လူ့အခွင့်အရေးကို စော်ကား ကျူးလွန်ခြင်းဖြစ်တာကြောင့် မြန်မာ သတင်းသမား အားလုံးက မကျေမနပ်ဖြစ်နေကြကြောင်း သိရပါတယ်။ ဒါ့အပြင် ယခင်တုန်းကလည်း အလားတူ ဖြစ်စဉ်မျိုး အများအပြားရှိခဲ့ကြောင်းလည်း သိရပါတယ်။

Myanmar Express

7 comments:

မီဒီယာ ကို သမတ ကြီးကိုယ်တိုင်တောင် အားပေးနေတာ ပါ ဒါကတော့ လွန်လွန်းအားကြီပါတယ်။ အမေစု တပည့်များ ဂရုစိုက်ပါ။

လုပ်ကြလေကွာ တခြားသူပြောရင် မင်းတို့က တရားစွဲမှာမဟုတ်လား -ာသည်မနဲ့ ပတ်သက်တာကြတော့ ညှိနှိုင်းစာဘဲ ပို့တယ်လား

မှတ်ပလား...ထပ်မေးဦးမယ်..မှတ်ပလား.. သမတက မျက်နှသာ ပေးတိုင်း ဖင်ခေါင်းကျယ်တဲ့ ကောင်တွေ နဲတောင်နဲသေးတယ်။

ကြားလူတစ်ယောက်အနေဖြင့် ပြောပါမည်..။
ကွန့်မင့် အားလုံးကို ၀င်ဖတ်ပါသည်..။ စိတ်မကောင်း ဖြစ်မိသည်က..
တစ်ယောက်သော သူက ပြည်တွင်းမီဒီယာတွေက အခုမှရေးရဲကြပြီးတော့၊
အရင်က အင်န်အယ်ဒီ ဆိုရင် ကြောက်ချေးပါနေကြတဲ့ သူတွေ ဟူသော စကား..။
နောက်တစ်ခုက ယခုဖြစ်ရပ် အားဖြစ်ပွားသော ကာယကံရှင် ၀ိကလီးအိတ်စပရက်စ်တိုင်း နှင့်
လက်ရှိဖြစ်ရပ်အားတင်ပြထားသော မက်ဆင်ဂျာ သတင်းဂျာနယ် တို့အား
အထင်အမြင်လွဲမှားစေနိုင်ရန်
ရေးသားလာကြသော အင်န်အယ်လ်ဒီ လူငယ်တို့၏ ကွန့်မင့်များ စသည့် အချက်
သုံးချက်ဖြစ်သည်..။
ထို့ကြောင့် ကြားလူအနေဖြင့် ကွန့်မင့် ၀င်ပေးပါသည်။
သတင်းဂျာနယ်များ ဘက်လိုက်ကြပါသည်။
မည်သည့်ဘက်သို့ လိုက်ပါသနည်း..။ ပြည်သူလူထု ဘက်၊ ပြည်သူလူထု အား
ကောင်းကျိုးပြုမည့် အဖွဲ့အစည်းများဘက် သို့ တိမ်းပါသည်။ ယိမ်းကြပါသည်။
ယခု မက်ဆင်ဂျာ သတင်းဂျာနယ်မှာလည်း
အင်န်အယ်လ်ဒီ နှင့် ပတ်သက်လျှင် အင်န်အယ်လ်ဒီမှ ထုတ်ဝေသော
ဒီလှိုင်းဂျာနယ်ထက်ပင် ဒီလှိုင်းမထွက်ခင် ကတည်းက အများဆုံးရေးသားနေသော
သတင်းဂျာနယ်တစ်စောင်ဖြစ်သည်ကို လေ့လာဖတ်ရှုရပါသည်..။
ပြည်သူ့ကိုအကျိုးပြုမည့် အဖွဲ့အစည်း ဟု အများနည်းတူ ၉၉.၉
ရာခိုင်နှုန်းယုံကြည်ပြီး အင်န်အယ်လ်ဒီ နှင့် ၈၈ ကျောင်းသားများ
သတင်းတို့ကို ရေးသားနေသော သတင်းဂျာနယ်တစ်စောင် ဟု နားလည်လက်ခံမိပါသည်..။
ယင်းအတွက် ကြောင့် မက်ဆင်ဂျာ ဂျာနယ် အပေါ် အထင်အမြင်လွဲမှားစွာ
ရေးသားဖော်ပြနေသော မက်ဆေ့ခ်ျ တို့အပေါ် စိတ်မကောင်း ဖြစ်ရပါသည်..။

ဝိကလီး အိတ်စပရက်တိုင်း ဂျာနယ် ကို လေ့လာလျှင်လည်း ထိုနည်းနှင်နှင်..။
ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်းတွင်လည်း ဖယောင်းသုတ်သော ကိစ္စ၊ မဲမသမာမှု
နှင့် ကြံ့ဖွံ့ကို မဲမပေးပါက ဆောက်လက်စကျောင်းအား ဖျက်သိမ်းမည် ဟူသော
သတင်းများအပါအ၀င် လက်ရှိသမ္မတ အနားယူမည်ဟူသော သတင်းတို့ကို စာပေစိစစ်နှင့်
မှတ်ပုံတင်ဌာန ခွင့်ပြုချက်မရဘဲ ဖော်ပြခဲ့ခြင်းကြောင့် ယက်ကန်ယက်ကန်
သွားနေရသော ဂျာနယ် တစ်စောင်ဖြစ်ပါသည်..။

မှတ်ချက်ပြုရလျှင် ယင်းဂျာနယ်နှစ်စောင်စလုံးတွင်
ဦးဆောင်လုပ်ဆောင်နေသူများအားလုံးမှာ အားလုံးလိုလို လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်အားပေးထောက်ခံသူများဖြစ်ကြပြီး
ငါးခုံးမတစ်ကောင်ကြောင့် အင်န်အယ်လ်ဒီ သိက္ခာမကျစေရန် ရည်ရွယ်ချက်ဖြင့်
အင်န်အယ်ဒီမှ တာဝန်ရှိသူများအပါအ၀င် စာနယ်ဇင်းမှ တာဝန်ရှိသော
အဖွဲ့အစည်းများထံသို့ ယင်းစာကို ထုတ်ပြန်ကြခြင်းဖြစ်သည်ဟု
ယုံကြည်ပါသည်..။

ရည်ရွယ်ချက်မှာ ..တစ်ဦးတစ်ယောက်ကြောင့် အင်န်အယ်လ်ဒီ
သိက္ခာမကျစေရန်ရည်ရွယ်ချက်ဖြင့် မှန်သည်ကို မှန်သည့်အတိုင်းဖော်ပြသည်ဟု
ယုံကြည် ခြင်းကြောင့်၊ နောက်တစ်ချက်မှာ အင်န်အယ်ဒီကို ထိလျှင်
အထင်အမြင်လွဲခံရနိုင်သည် ကို သိသော်လည်း ရဲရဲဝံ့ဝံ့
ကြေညာချက်ထုတ်ပြန်ရဲခြင်းကြောင့်
စသော...စသော... အကြောင်းအရာများကြောင့် မက်စင်ဂျာ သတင်းဂျာနယ်ကိုရော..၊
ဝိကလီး အိတ်စပရက်တိုင်းမ် ဂျာနယ်ကို ရော...ထောက်ခံပါကြောင်း
ဖော်ပြအပ်ပါသည်.။

အင်န်အယ်လ်ဒီကို ထောက်ခံပါသော်လည်း..ဦးကျော်စိုးနိုင်နှင့် ပတ်သက်ပြီး
မီဒီယာသမား အတော်များများ လည်းထိုကဲ့သို့ ခံထားရကြောင်းသိရှိရသဖြင့်
ဦးကျော်စိုးနိုင်၏ လုပ်ရပ်အား လုံးဝ(လုံးဝ)ကန့်ကွက်ပါကြောင်း
ဖော်ပြအပ်ပါသည်..။

နောက်ဆုံးသော တစ်ချက်မှာ ပြည်တွင်းမီဒီယာသမားများ အရင်ကတော့
ကြောက်ချေးပါနေကြပြီးတော့ ဟု ရေးသားခဲ့သော ကွန့်မင့်အတွက် သိသလောက်
ပြောပြလိုသည်မှာ ယခင်စစ်အစိုးရလက်ထက်ကတည်းက ပြည်ပမီဒီယာများသို့
သတင်းများပေးပို့ရေးသားဖော်ပြနေကြသော သူများမှာလည်း ယခု လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အနား
တစ်ဝဲ၀ဲလည်နေကြသော..ပြည်တွင်းမီဒီယာသမားများတစ်ဖြစ်လည်း ယခုလူများပင်
ဖြစ်နေကြောင်း ..... ....နိုင်ငံရေးသမားများထောင်နန်းစံရသကဲ့သို့
ထောင်အကျခံရသော မီဒီယာသမားများစွာ ရှိပါကြောင်းနှင့် လူနှင့်မူ ၊
ကောင်းသောအဖွဲအစည်းနှင့် ငါးခုံးမ...စသဖြင့်
ခွဲခြားမြင်ပေးစေလိုပါကြောင်း...။ ကျေးဇူးတင်လျက်..။

အကြောက်တရားတွေ ကင်းဝေးစေဘို့ တဲ့ ဒေါ်စုပြောတာရှိတယ်...အခုတော့ ဂျာနယ်တွေက ဒေါ်စုကို ကြောက်လို့ ဒီသတင်းကို မဖေါ်ပြရဲကြပါဘူး ဒါလား...ဒီမိုကရေစီ။

အမြဲတမ်း သတင်းဦး၊ သတင်းထူးတွေတင်နေကျ Eleven Journal ဒီသတင်းကို ဘာလို့မတင်ပါလိမ့်၊ ???
ခိုင်မာတဲ့ သတင်းအရင်းအမြစ် မရလို့လား။ သူတို့ကို မဖိတ်လို့လား။ Eleven ရယ် အံ့ရော၊ အံ့ရော

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်