Subscribe to our RSS Feed

၂ဝ၁၅ ဒီချုပ်အလားအလာ ဦးဌေးဦး ပြောကြား



၂ဝ၁၅ ခုနှစ် မြန်မာ့လွှတ်တော် အသိုက်အဝန်း အတွင်း လွှမ်းမိုးမှုရာခိုင်နှုန်းမှာ ယင်းပါတီ ရှေ့ဆက်၍ ပြည်သူ့အကျိုး မည်မျှလုပ်ဆောင်သည့်အပေါ် မူတည် နေေ ကြာင်း ပြည်ခိုင်ဖြိုးအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက မေလ ၂ ရက်နေ့က ပြည်သူ့လွှတ်တော် ခန်းမဆောင်ရှေ့တွင် မီဒီယာများအား ပြောသည်။
 ”သူဒီနေ့အချိန်မှာ ပြောဆိုခဲ့၊ ကတိပေးခဲ့တာတွေ ရှိကောင်းရှိပါမယ်။ ဒီကတိတွေ အပေါ်တည်မြဲမယ်။ ထိန်းသိမ်း နိုင်မယ်ဆိုရင် ပါတီအတွက် ဆက်ရန်ပေါ့”ဟု ၄င်းက   ပြော သည်။၂ဝ၁၅ အတွက် ထိုသို့ သုံးသပ်ပြောကြားသော်လည်း ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်းတွင်မှု NLD ပါတီက ပြည်သူ့အားပေးထောက်ခံမှု အပြည့်အဝရရှိခဲ့သည်ဟု ဝန်ခံပြောဆိုခဲ့သည်။ ကြားဖြတ် ရွေးကောက်ပွဲကာလအတွင်း ပြည်သူ့ ထောက်ခံမှု အပြည့်အဝ ရရှိပုံ ရရှိနည်းနှင့် လူထုက မည်သည့်အတွက် မဲပေးသည်ကို ဦးဌေးဦးက ” Wave  ကြောင့်ပေါ့ဗျာ။ Wave   ဆိုတာ လှိုင်းပေါ့။ Wave အနေနဲ့ဆိုရင် သူတို့က လွှမ်းမိုးတာအမှန်ပဲ။ လွှမ်းမိုးလို့နိုင်တာပေါ့။ သို့သော် ဒါကို တည်တံ့ခိုင်မြဲအောင် သူတို့ထိန်းသိမ်းနိုင်ရင် မြဲမယ်။ မထိန်းနိုင်ရင် မမြဲဘူး။ ဒီလိုပဲ ကျွန်တော် မြင်ပါတယ်”ဟု ဆိုသည်။

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်