၎ နှစ် အတွင်း ၃ ခေါက် လာခဲ့တဲ့ ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကို မြန်မာနိုင်ငံသို့ တစ်လ တစ်ခေါက်လောက် အနည်းဆုံး လာစေချင်ပါတယ်။ မစ္စတာ ဘန်ကီမွန်းဟာ မြန်မာပြည်သူတွေအပေါ်မှာ မြန်မာအစိုးရအဖွဲ့ နှင့် တစိတ်တည်း တစ်ဆန္ဒတည်း ရှိပြီး ကောင်းမွန်တိုးတက်စေချင်သူ ဖြစ်ပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ မြန်မာအစိုးရနဲ့ ပြည်သူ တစ်ရပ်လုံးရဲ့ ဆန္ဒကိုလည်း သိရှိသူ ဖြစ်တာကြောင့် မြန်မာပြည်သူတို့ရဲ့ လူမှုဘဝ တိုးတက်ရေးနဲ့ ဆင်းရဲမွဲတွေမှု ပပျောက်ရေးအတွက် အကူအညီတွေ ပေးကြဖို့နဲ့ ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။
"“ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ တခြား ဒဏ်ခတ်အရေးယူထားတာတွေကို နောက်ထပ် ရုပ်သိမ်း ပေးဖို့၊ ဆိုင်းငံ့ပေးဖို့ ဒါမှမဟုတ် ဖြေလျှော့ သက်သာပေးဖို့ နိုင်ငံတကာ အသိုက်အ၀န်းကို ကျနော် တိုက်တွန်း ပါတယ်။ ဒုတိယအနေနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နိုင်ငံတကာ ရဲ့ အကူအညီကိုရော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုတွေပါ အလုံးအရင်းနဲ့ တိုးမြှင့်ဖို့ မြန်မာနိုင်ငံက လိုအပ်ပါတယ်”"
“မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကျယ်ပြန့်ပြီး ထူးခြားတဲ့ အပြောင်းအလဲတွေက ကမ္ဘာကြီး ကို အားတက်စေ ပါတယ်။ လူကြီးမင်းတို့ရဲ့ အနာဂတ်ရည်မှန်းချက်တွေ ပိုပြီးမြင့်မားနေတုန်းပဲဆိုတာ ကျနော်တို့သိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုက်အ၀န်းကြားမှာ လေးစားခံရပြီး တာဝန်ယူမှု ရှိတဲ့ နိုင်ငံတခု ရဲ့ နေရာကို အလျင်အမြန်ပဲ ပြန်ရောက် လာလိမ့်မယ်ဆိုတာ ကျနော် သံသယမရှိပါဘူး”
လို့ ပြည်ထောင်စုလွှတ်တော်မှာ ဘန်ကီမွန်း ပြောကြားခဲ့ပါတယ်။ ဘန်ကီမွန်းရဲ့ ပြောဆိုချက်များက အစိုးရနဲ့ ပြည်သူတို့အတွက် အပြုသဘောဆောင်ပေမယ့် အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ မအီမသာ ဖြစ်စေခဲ့ပါတယ်။
အကောင်းဆုံး အချက်ကတော့ ဘန်ကီမွန်း မြန်မာနိုင်ငံ ရောက်ပြီး နောက်တစ်နေ့မှာပဲ လွှတ်တော်မတက်ပဲ ဘူး ခံ ငြင်းနေတဲ့ NLD ပါတီမှာ အရေးပေါ် အစီးအဝေး ကျင်းပလိုက်ရပြီး လွှတ်တော်တက်မယ်လို့ ရုတ်တရပ် ကြေညာလိုက်ရတာပဲ ဖြစ်ပါတယ်။ ဘန်ကီမွန်း နောက်တစ်ခေါက်လာလျှင် စီးပွားပိတ်ဆို့မှု ကို အားပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် နောက်တစ်ခေါက် အရေးပေါ် အစည်းအဝေး လုပ်ပြီး "ငါ အာဏာရမှ စီးပွားဖွင့်ရမယ်" ဆိုတဲ့ ခံယူချက်ကို အပြောင်းအလဲတွေ လုပ် လာနိုင်တယ်လို့ လွှတ်တော် အမတ်များက သုံးသပ်ကြပါတယ်။
Myanmar Express

သတင်းစာရှင်းလင်းပွဲတွင် မျက်နှာမကောင်းသော ဒေါ်စု

2 comments:
ဒေါ်စုနဲ့ ၈၈ တွေကို အရင်က ဖမ်းတယ်။ ဒီတော့ သူရဲကောင်းတွေ ဖြစ်လာတယ်။ အခုဟာ မဖမ်းတော့ဘူးဆိုတာ့ သူရဲ ကောင်းဖြစ်ဖို့က ကိုယ့်ဖါသာကိုယ် ဆက်လုပ်ကြရမယ်။ လုပ်ကိုင်နိုင်စွမ်း Capacity က အရေးကြီးလာကြမယ်။ စီမံခန့် ခွဲမှု (Management) တွေက စကားပြောလာမယ်။
ဆိုလိုတာက ပိုပြီးအလုပ်လုပ်၊ အရေအသွေးကို ပိုပြီး မြှင့်တင်၊ ပိုပြီး မဟာမိတ်တွေနဲ့ ပိုပြီး ပူးပေါင်းဆောင် ရွက်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဦးသိန်းစိန် က ပိုပြီး နာမည်ရနေတယ်။ ပိုပြီး အလုပ်လုပ်နေတာ နားထောင်တာ၊ ပူး ပေါင်းဆောင်ရွက်တာတွေ ရှိနေတယ်။ သူတို့ထဲမှာ ပြုပြင်မှုတွေ လုပ်နေကြတယ်။
ဒီချုပ်နဲ့ ပတ်သက်လို့လူတွေက ဝေဖန်မှုတွေတဖြေးဖြေး နက်ရှိုင်းလာနေတယ်။ ဦးကျော်ဆန်းလို ခံစားချက်ဖြစ်သွားတဲ့ လူတွေရှိနေတယ်။ လူသစ်လူဟောင်း ခံစားချက်တွေ ဖြစ်လာနေတယ်။ အနားပြာတွေကများပြီး အရေအသွေးက ကျ ဆင်းနေတယ်။ ဒါတွေကအစ ပြင်ရမယ်။ (မိုးသီးဇွန်)
ဟားဟား.. ငါဘာကောင်လဲဆိုတာ သူတို့ကိုယ်သူတို့မြင်လာပြီဟ
လူတွေက အရင်လို ငတုံးတွေ မဟုတ်တော့ဘူး
ဒီမိုကရေစီအော်တိုင်း အဟုတ်ထင်သူတွေ မဟုတ်တော့ဘူး
-
We agree with you, the more Daw Suu Kyi did(opposed) to Government, the more Mr. President Sein goes up. The more Daw Suu Kyi is angry and disappointed the more Mr. President is smiling and successful. She shows her bad attitude and He shows his forgiveness and his gentleness.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်