Subscribe to our RSS Feed

သြစတြေးလျတွင် ဂျပန် ကုမ္ပဏီမှ သဘောဝဓာတ်ငွေ့ စက်ရုံတည်ဆောက်မည်

From : MRTV4


ဂျပန်ကုန်သွယ်ရေး ကုမ္ပဏီ ၂ ခုဖြစ်တဲ့ မစ်ဆူဘစ်ရှီနဲ့ မစ်ဆူအီတို့ဟာ  သြစတြေးလျ သဘာဝဓာတ်ငွေ့ရည် ထုတ်လုပ်ရေး စီမံကိန်းမှာ
 ရင်းနှီးမြှုပ်နှံ ဖို့အတွက် ရှယ်ယာတွေ ပူးပေါင်းဝယ်ယူမယ်လို့ သိရပါတယ်။ အဆိုပါ ကုမ္ပဏီ ၂ ခုဟာ သြစတြေးလျနိုင်ငံ အနောက်ဘက် ကမ်းလွန်ပင်လယ်ပြင်ရှိ ဘရောက်စ် အယ်လ်အန်ဂျီ စီမံကိန်းရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်နိုင်ဖို့အတွက် အမေရိကန် ဒေါ်လာ ၂ ဘီလီယံနဲ့ ၀ယ်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ သဘောတူညီမှုဟာ မစ်ဆူဘစ်ရှီ၊ မစ်ဆူအီနဲ့ ဒေသခံ သြစတြေးလျ ကုမ္ပဏီတို့အကြား ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
အဆိုပါ သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် စက်ရုံတည်ဆောက်ရေးကို လာမယ့် ၂၀၁၃ ခုနှစ် ၊ ဇွန်လမှာ စတင်ဖို့ စီစဉ်ထားပြီး အဲဒီ စီမံကိန်းကနေ တစ်နှစ်ကို ဓါတ်ငွေ့ရည် တန်ချိန် ၁၂ သန်း ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဂျပန်နိုင်ငံမှာ သဘာဝဓာတ်ငွေ့ ၀ယ်လိုအား မြင့်တက်နေတဲ့အတွက် မစ်ဆူဘစ်ရှီနဲ့ မစ်ဆူအီကုမ္ပဏီတို့က ဂျပန်နိုင်ငံနဲ့ အခြားနိုင်ငံတွေကို နှစ်စဉ် ဓါတ်ငွေ့ရည် တန်ချိန် ၁.၅ သန်း တင်ပို့နိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ မစ်ဆူဘစ်ရှီနဲ့ မစ်ဆူအီ ကုမ်္ပဏီတို့ဟာ သဘာဝဓါတ် ငွေ့ရည် ၀ယ်ယူခြင်းကိုလည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး ဓါတ်ငွေ့ရည်များများ ထုတ်လုပ်နိုင်တဲ့ အမေရိကန် ပြည်ထောင်စုကနေ သဘာဝဓါတ်ငွေ့ ၀ယ်ယူဖို့ စီစဉ်လျက် ရှိကြောင်းလည်း သိရပါတယ်။
 
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်