Subscribe to our RSS Feed

ကမ္ဘာ အနှံ့ရှိ ကင်ဆာ ၆ ခုလျှင် ၁ ခုမှာ ကူးစက်ရာမှ ဖြစ်လာ

From : MRTV4


ခြောက်ဦးလျင် တစ်ဦး သို့မဟုတ် တစ်နှစ်လျှင် နှစ်သန်း ပမာဏရှိသော ကင်ဆာ ဝေဒနာရှင်များမှာ ကောင်းစွာ ကုသနိုင်သော သို့မဟုတ် ကာကွယ်နိုင်သော
ကူးစက်မှု များမှ တစ်ဆင့် ရောဂါ အရင့်ပိုင်း ရောက်လာပြီး ကင်ဆာအဖြစ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု လေ့လာချက် အသစ် တစ်ခုတွင် ဖော်ပြသည်။ Lancet Infectious Diseases  ခေါ် ဆန်းစစ်ချက် အရ  နိုင်ငံပေါင်း ၁၈၄ ခုတွင် ရှိသည့် ကင်ဆာ၂၇ မျိုးတွင် လေးမျိုးမှာ အဆိုပါ အဖြေကို ထောက်ပံ့နေခြင်း ဖြစ်သည်။

အဆိုပါ လေးခုမှာ အသည်းရောင် အသားဝါ ဘီနှင့်စီ ၊ human papillomaviruses နှင့်  Helicobacter pylori (အူကင်ဆာတစ်မျိုး ဖြစ်စေသည့် ရောဂါ)တို့ ဖြစ်သည်။ ယင်း ရောဂါများ အများစုမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွင်းတွင် ဖြစ်ကြောင်းနှင့်  ယခုလို ဖြစ်ရပ်ကြောင့် ပြင်သစ် နိုင်ငံရှိ International Agency for Research on Cancer မှ အဖွဲ့က ပြောရာ တွင် ယင်းသို့သော ရှောင်လွှဲနိုင်သည့် ဖြစ်ရပ်များကို တိုက်ဖျက်ရန် အားစိုက် ထုတ်မှုများ ပိုမို ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်