Subscribe to our RSS Feed

မန္တလေး-မြစ်ကြီးနား လမ်းပိုင်း မိုင်တိုင် ၆၄၄ အနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွား

From : ခေတ်လူငယ်


မန္တလေး- မြစ်ကြီးနားလမ်းပိုင်း နမ္မားနှင့် မြို့သစ်ကလေးကြား မိုင်တိုင်အမှတ် ၆၄၄၊ ၂၀-၂၁ အကြားတွင် မေလ ၉ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မီးရထားသံလမ်းအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ ပျက်စီးသွားသော မီးရထားသံလမ်းကို မိုးညှင်းမြို့ မီးရထားကြီးကြပ်ရေးမှူးရုံးမှ ပြန်လည်ပြင်ဆင်မှုများ ပြလုပ်ခဲ့ပြီး မန္တလေး- မြစ်ကြီးနား မီးရထားခရီးစဉ်များကို ရပ်နားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ “ကနေ့မနက်ပိုင်း ထွက်ခွာမယ့် ခရီးစဉ်နှစ်ခုက ပုံမှန်အတိုင်း ထွက်ခွာခဲ့ပါတယ်။ ညနေပိုင်းထွက်ခွာမယ့် ၅၇ အဆန် မန္တလာရထားနဲ့ ၄၁ အဆန် ဒုတိယအထူအမြန်ရထား ခရီးစဉ်နှစ်ခုကတော့ မြစ်ကြီးနားဘက်က ဆိုက်ရောက်မယ့် မီးရထားခရီးစဉ်ပေါ်မူတည်ပြီး ထွက်ခွာချိန် အနည်းငယ် နောက်ကျနိုင်ပါတယ်”ဟု မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်