From : MRTV4
အီရန်နိုင်ငံ Khuzestan ပြည်နယ် အနောက်တောင်ပိုင်းမှာ သဘာဝဓာတ်ငွေ့တွင်း တစ်တွင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ
Myanmar Express
အီရန်နိုင်ငံ Khuzestan ပြည်နယ် အနောက်တောင်ပိုင်းမှာ သဘာဝဓာတ်ငွေ့တွင်း တစ်တွင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ
သဘာဝဓာတ်ငွေ့ တွင်းဟာ ပါရှန် ပင်လယ်ကွေ့အတွင်းမှာရှိတဲ့ South Pars ဓာတ်ငွေ့တွင်းလိုပဲ ဓါတ်ငွေ့ပမာဏ အများအပြား ထုတ်ယူနိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။ အဆိုပါ ဓာတ်ငွေ့တွင်းကို ခူဇက်စတန် ပြည်နယ် အတွင်းရှိ အကြီးဆုံး ရေနံတွင်းတွေထဲက တစ်ခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး တွင်းထဲမှ ထုတ်ယူရရှိနိုင်မယ့် ဓာတ်ငွေ့ ပမာဏကို ခန့်မှန်းဖို့အတွက် မီတာ ငါးထောင် အနက်ရှိတဲ့ တွင်းတစ်တွင်းကို တူးဖော်သွားမယ်လို့ အီရန် အမျိုးသားရေနံကုမ္ပဏီ NIOC မှ အမှုဆောင်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
ပါရှန်ပင်လယ်ကွေ့ အတွင်း မှာရှိတဲ့ South Pars သဘာဝဓာတ်ငွေ့တွင်းဟာ ကမ္ဘာ့အကြီးဆုံး ဓာတ်ငွေ့တွင်း တစ်တွင်းဖြစ်ပြီး အီရန်နဲ့ ကာတာနှစ်နိုင်ငံ ပိုင်ဆိုင်တဲ့ တွင်းတစ်တွင်းလည်း ဖြစ်ပါတယ်။ အဆိုပါ ဓာတ်ငွေ့တွင်းမှာ ဓါတ်ငွေ့ပမာဏ ၅၁ထရီလီယံ ကုဗမီတာရှိပြီး စတုရန်းကီလိုမီတာ ကိုးထောင့်ခုနှစ်ရာ ကျယ်ဝန်းတယ်လို့ သိရပါတယ်။ အဲ့ဒီဓါတ်ငွေ့တွင်း အကျယ်ရဲ့ စတုရန်းကီလိုမီတာ သုံးထောင့်ခုနှစ်ရာဟာ အီရန် ရေပိုင်နက်ထဲမှာတည်ရှိပြီး ကျန်တဲ့ စတုရန်းကီလိုမီတာ ခြောက်ထောင် ကတော့ ကာတာရေပိုင်နက်ထဲက တည်ရှိကြောင်း သိရပါတယ်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်