From : MRTV4
အီတလီနိုင်ငံရဲ့အလုပ်လက်မဲ့နှုန်းဟာ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ၉.၈ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို မြင့်တက်ခဲ့တာဟာ
ဖေဖော်ဝါရီလအတွင်းက ၉.၆ရာခိုင်နှုန်းကနေ မြင့်တက်လာခဲ့တာဖြစ်ပြီး ဥရောပဇုန်ရဲ့ တတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံကို စီးပွားရေး ကျဆင်းမှု ပိုမိုဆိုးဝါးသွားစေခဲ့ပါတယ်။ အခုလို အီတလီနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းထား မြင့်တက်လာတာဟာ ပြီးခဲ့တဲ့နွေရာသီမှာ စီးပွားရေး စတင်ကျဆင်း လာချိန် ကတည်းက အမြင့်ဆုံးစံချိန်အဖြစ် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံအတွင်း အသက် ၁၅နှစ်နဲ့ ၂၄နှစ်အကြား လူငယ်တွေရဲ့ အလုပ်လက်မဲ့နှုန်းဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာ ၃၃.၉ရာခိုင်နှုန်းအထိ မြင့်တက်သွား ခဲ့ပါတယ်။ အီတလီနိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့ရဲ့တတိယ ၃လ ပတ်အတွင်းမှာ ၀.၂ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး စတုတ္ထသုံးလပတ် အတွင်းမှာတော့ ၀.၇ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ အခုနှစ်မှာတော့ စီးပွားရေး ၁.၂ရာခိုင်နှုန်း ကျဆင်းသွားနိုင်ကြောင်းနဲ့ ၂၀၁၃ခုနှစ်မှာ ၀.၅ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း အီတလီအစိုးရက ခန့်မှန်းထားတယ်လို့ သိရပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်