Subscribe to our RSS Feed

မလိမ်ရရင်မနေနိုင်တော့ဘူးလား သစ်ထူးလွင် (ခ) သစ်ထူးလိမ်

“ဦးအောင်သောင်းနှင့်အဖွဲ့ စစ်ကိုင်းတိုင်းဝက်လက်ကျေးရွာသို့ မဲဆွယ်စည်းရုံးရေးဆင်းစဉ် နတ်နွားတော်ပို့ရွာ အနီး ဦးကံစိန် (အသက် ၃၈ နှစ်) ကို စည်းရုံးရေးယာဉ်တန်း ကားတစီးက တိုက်မိပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်ရပ်”

“ဦးအောင်သောင်းပါမစ်နဲ့ ထိုင်းနယ်စပ်မှတစ်ဆင့် မိသားစုစီး ဂျပန်တစ်ပတ်ရစ်ကားတွေတင်သွင်းနေ”

ရေးထားလိုက်တာများဗျာ တကယ့်ကို သတင်းထူး၊ သတင်ဦးကြီးပါပဲ။ ဖတ်လို့လဲတော်တော်ကောင်းပါတယ်။ ဒါပေမဲ့ အဖြစ်မှန်နဲ့နည်းနည်းလေးမှကို မနီးစပ်ဘူး။

ပထမသတင်းအကြောင်းကိုပြောရမယ်ဆိုရင် ဦးအောင်သောင်းဟာ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဖြစ်ပါ တယ်။ ကြားဖြတ်ရွေးကောက်ပွဲနီးနေတဲ့အချိန်မှာ ကိုယ်တာဝန်ယူထားတဲ့တိုင်းကိုပစ်ထားပြီး စစ်ကိုင်းတိုင်းကို စည်းရုံးရေးသွားစရာအကြောင်း လုံးဝမရှိပါဘူး။ နောက်ပြီး သစ်ထူးလွင်မှာ ဦးအောင်သောင်းဟာ သူ့ဇာတိ တောင်သာနယ်တစ်ဝိုက်ကို စည်းရုံးရေးဆင်းနေတယ်လို့ရေးထားပြန်တယ်။ ဘယ်ဟာအမှန်လဲ။ ကိုယ်ဟာ ကိုယ်လည်း ပြန်ကြည့်ကြပါအုံး။




ဒုတိယသတင်းအတွက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးကိုဦးတည်ပြီး ဆောင်ရွက်နေတဲ့အဖွဲ့သာဖြစ်ပါတယ်။ သစ်ထူးလွင်ရေးသလို ကားပါမစ်ထုတ်ပေးတဲ့အဖွဲ့မဟုတ်ပါဘူး။ ထုတ်ပေးခွင့်လည်းမရှိသလို၊ ထုတ်လည်းမပေးခဲ့ပါဘူး။ ဒါဟာ သတင်းအမှန်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှာ တိကျတဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေရှိပါတယ်။ ကားပါမစ်ထုတ်ပေးရန်လို့တော့မပါပါဘူး။

ဒါတွေဟာ တစ်ဖက်သားကို ထိခိုက်နစ်နာစေလိုတဲ့ဆန္ဒနဲ့ရေးထားတယ်လို့ယူဆပါတယ်။ ဒီလို အခြေအမြစ် မရှိတဲ့သတင်းတွေနဲ့ သူတပါးရဲ့ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင်မလုပ်သင့်ပါဘူး၊ ရေးတဲ့သူကလည်း မမှန်သတင်းမှန်သိရက်နဲ့ မရေးသင့်သလို ဖော်ပြတဲ့ Website ကလည်း နည်းနည်းပါးပါး ချင့်ချိန်ဖို့ ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို မီဒီယာလို့သဘောထားရင် ပြည်သူအကျိုးရှိမဲ့ သတင်းမှန်တွေကိုသာ ထုတ်ပြန်သင့်ပါတယ်။ ခုလို မမှန်သတင်းကို ရေးသားထုတ်ပြန်နေမယ်ဆိုရင် ပြည်သူတွေကြားမှာ သို့လော သို့လော သံသယစိတ်တွေဖြစ်ပွားလာပြီး အထင်အမြင်လွဲမှားမှုများသာဖြစ်လာမှာဖြစ်ပါတယ်။ ထိကျမှန်ကန်တဲ့ သတင်းတစ်ပုဒ်ကို ရေးချင်တယ်ဆိုရင် ကာယကံရှင်များကို ဆက်သွယ်မေးမြန်းပြီး ရေးသင့်ပါတယ်။ ဒါမှလည်း မိမိရဲ့သတင်းတစ်ပုဒ်ဟာ တန်ဖိုးရှိပြီး ပြည်သူများရဲ့နားမျက်စိမှာ အမှန်တရားကို မြင်ရကြားရမှာဖြစ်ပါတယ်။ မိမိ Popular ဖြစ်ရေးကိုသာအဓိကထားဖို့မသင်ပါဘူး။

ပထမသတင်းပါလာကတည်းကရေးဖို့ပါ ဒီတစ်ခါတော့ မဖြစ်တော့ဘူး အမှားဆိုတာကြာရင်အမှန်ဖြစ်ကုန်မှာ စိုးတဲ့အတွက် ကြားထဲက မနေနိုင်မထိုင်နိုင်ဝင်ရေးလိုက်ရကြောင်းပါ သစ်ထူးလိမ်ကြီးခင်ဗျား။ ခင်ဗျား Site မှာ တင်ထားသမျှသတင်းတွေထဲမှာ အမှန် ဘယ်နှစ်ရာခိုင်နှုန်းလောက်များပါသလဲလို့သိချင်ပါတယ်။

Myanmar Express 


9 comments:

ဟုတ်ပါတယ် ဒီဆိုက်က ရေး တာတွေက တော်တော်ဖတ်လို့ ကောင်း ပါတယ် ဒါပေမယ့် အမှန်ရှားပါတယ်

Good information. Keep it up the good work.

YOu guys are always doing like that. So when they have a chance, they kick you back like that. No strange for me. So always remember that whatever you guys are doing bad things, it will always bite you back. Don't bark when they hit you back.

ဟုတ်ပါတယ်... ဧရာဝတီနဲ့ voa လည်းအတူတူပါဘဲ...သတင်း source ကိုသေချာမမေးမြန်းဘဲနဲ့သတင်းမှားတွေ
ရေးတာတွေ့နေရတယ်...သိတဲ့လူကဖတ်မိတော့
ရယ်စရာကြီးဖြစ်နေတယ်... ကိုယ်ရေးတဲ့သတင်းကိုတော့ ကိုယ်တာဝန်ယူရမှာပေါ့...သတင်းဖတ်တဲ့သူတွေကိုတော့လေးစားသင့်တယ်... သတင်းဖြစ်ရင်ပြီးရော ရေးနေတာတွေ တွေ့ရတယ်

သစ် ထူး လွင် သ တင်း ဆိုဒ် အ မည် ခံ အ တင်း ဆိုဒ် ဖြစ် နေ ပါ ပြီ၊ အ စ ပိုင်း က တော့ ဟုတ် မ လို နဲ့ ခု နောက် ပိုင်း မှာ သ တင်း မှား အ တင်း အ ဖျင်း ပု ဂ္ဂို လ် ရေး မ လို တ မာ တွေ ကို တောင် မ စုံ စမ်း မ စစ် ဆေး ပဲ တင် နေ တာ ကျ နော် တို့ သ တင်း စိတ် ၀င် စား လေ့ လာ နေ သူ တွေ ကို စော် ကား နေ သလို ဖြစ် နေ ပါ ပြီ ။ စာ ဖတ် သူ တွေ ကို လေး စား သင့် ပါ တယ် ၊ ကိုယ့် ဆိုဒ် ရဲ့ မူ လ ရည် ရွယ် ချက် လည်း ပျောက် သွား ပါ လိမ့် မယ်။ ကြာ ရင် ပု ဂ္ဂိုလ် ရေး မ လို တ မာ အ တင်း ပြော ကြ တဲ့ အ တင်း ဆိုဒ် ပဲ ဖြစ် သွား လိမ့် မယ် ဆို တာ သ တိ ပြု သင့် ပါ တယ် ။ ခု သစ် ထူး လွင် ဟာ သ တင်း အ မှား တွေ ကို ဖေါ် ပြ တဲ့ ဆိုဒ် ဖြစ် နေ ပြီ။ နယ် သ တင်း ဆို ရင် ပို ဆိုး ပါ တယ် ၊ နယ် မြို့ တွေ က ကျဉ်း တော့ သ တင်း တစ် ခု မှား ရင် လှောင် စ ရာ ပါ၊

စစ်မှန်တဲ့မွတ်စလင်မ်၊အစ်စလာမ်၇ဲ့ ကိုအ၇င်ကြည့်ပြီးမှ ကျန်လူတွေကို အမည်တစ်ခုပေး ပေးပါ။စစ်မှန်တဲ့မွတ်စလ်မာန် တစ်ယောက်၇ဲ့အ၇ည်အချင်းက ဘေး၈ှိလူအိပ်နေ မယ်ဆို၇င် သူ့၇ဲ့လှူပ်၈ှားမှုကြောင့်ဘေးလူမနိုးစေပါဘူး ဒီစကားနဲ့ပတ်သက်လို့အသက်ကိုအာမခံ အဖြစ်ပေးနိုင် ပါတယ်.......ဒီကနေ့သောင်းကျန်းနေတာ terrorist တွေပါ နိုင်နင်းနိုင်ဖို့ ကျွှန်တော် ဒိုအာပြုဆုတောင်းပေးနေပါတယ် ....ကျေးဇူးတင်ပါတယ် ခင်ဗျား။

အသက်အာမခံစရာမလိုပါဘူး ၊၊ မက္ကာကကျောက်တုံးထဲမှာ ဘာရှိလဲဆိုတာပဲသိချင်တယ်

Everything sucks! So does every participant. We, Burmese, are always good at stirring things up. Of course, not every media group would be able to be accurate in their news. But it is YOU who needs to consider every piece you read. I am so sick of reading all these immature pea-brained airy words of wisdom. They really bore me.

ဘါ ဘဲ ပြော် ပြော် လူ ဟာ လူ ဘဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်