Facebook CEO မာ့ခ်ဇူကာဘတ်ဂ် (Mark Zuckerberg) နှင့် ၎င်း၏ချစ်သူ ပရီဆီလီယာချန်းတို့နှစ်ဦးသည် တရားဝင်လက်ထပ်လိုက်ပြီ ဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ လက်ထပ်လိုက်သည့် သတင်းကို စနေနေ့မွန်းလွဲပိုင်းတွင် မာ့ခ်ဇူကာဘတ်ဂ်က Facebook status မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
Facebook ရှယ်ယာများအား ရှယ်ယာတစ်စုလျှင် ၃၈ အမေရိကန်ဒေါ်လာဖြင့် စတော့ဈေးကွက်တွင် ရောင်းချမှု စတင်ခဲ့ပြီး နောက်တစ်နေ့တွင် ဇူကာဘတ်ဂ်စုံတွဲ လက်ထပ်လိုက်ခြင်းလည်း ဖြစ်သည်။ စတော့ဈေးကွက်တွင် ရှယ်ယာများ စတင်ရောင်းချပြီးနောက် Facebook ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၄ ဘီလျထိ ဖြစ်လာသည်။
ဇူကာဘတ်ဂ်နှင့် ချန်းတို့နှစ်ဦးသည် ဟားဗတ်တက္ကသိုလ်တွင် ပညာသင်ကြားစဉ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ၉ နှစ်ကြာ အတူတကွ လက်တွဲခဲ့ကြသော်လည်း စေ့စပ်ကြောင်းလမ်းသည့် သတင်းမျိုး မရှိခဲ့ချေ။
ဇူကာဘတ်ဂ်နှင့်ချန်းတို့၏ မင်္ဂလာပွဲကို ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်လ်တိုရှိ ဇူကာဘတ်ဂ်၏နေအိမ်တွင် အကျဉ်းချုံး ကျင်းပခဲ့ခြင်း ဖြစ်သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်