မူးယစ်ဆေးဝါးအမှုနှင့် လွန်ခဲ့တဲ့ ၉ နှစ်ခန့်က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ အတွက် ကလို့ထူးဘော ခေါင်းဆောင် မူးယစ်ရာဇာ စောလားပွယ်(ခေါ်) ဗိုလ်နှုတ်ခမ်းမွှေးကို ထိုင်းတရားရုံးမှာ တရားရင်ဆိုင်ဖြေရှင်းရန် လွှဲပြောင်းပေးဖို့ မြန်မာအစိုးရကို ထိုင်းဒုဝန်ကြီးချုပ်က The Nation (http://nationmultimedia.com) သတင်းစာကနေတဆင့် တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ စောလားပွယ်နဲ့ ထိုင်းအစိုးရကြားမှာ အခုလို တင်းမာမှုတွေရှိလာတာကြောင့် အမှတ်(၃)စစ်ဒေသတိုင်းမှူး ဒုဗိုလ်ချုပ်ကြီး ချန်ချိုင်နရွမ်ထနာရုန်က KNLA စစ်ဦးစီးချုပ် မူတူးဆေးဖိုးနဲ့ KNU က စိုးစိုးတို့ကိုခေါ်ပြီး ကလို့ထူးဘောတပ်ဖွဲ့ရဲ့ အင်အား၊ လှုပ်ရှားမှုအခြေအနေတွေကိုမေးမြန်းတယ်လို့လည်း သိရပါတယ်။
ကလို့ထူးဘောနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ KNLA တပ်မဟာ ၆ ကလည်း သူ့တပ်ဖွဲ့ဝင်တွေကို ကလို့ထူးဘောတပ်ဖွဲ့လှုပ်ရှားနယ်မြေအတွင်း မသွားရောက်ရန်နှင့် ကလို့ထူးဘောတပ်ဖွဲ့ဝင်များကိုလည်း တပ်မဟာ ၆ နယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားသွားလာခြင်းနှင့် နေထိုင်ခြင်းမပြုကြရန် အမိန့်ထုတ် ထားကြောင်း သိရှိရပါတယ်။

မြန်မာအစိုးရ အနေနဲ့ မူးယစ်ရာဇာ စောလားပွယ်ကို အခုလို ထိုင်းအစိုးရက တရားဝင်တောင်းဆိုလာတော့ ဘယ်လိုလုပ်မလဲဆိုတာကို တခြားအဖွဲ့အစည်းတွေကလည်း စိတ်ဝင်စားနေကြပါတယ်။
Myanmar Express
2 comments:
ပေးလိုက်ပါ.. နိင်ငံကို သူများတွေ အထင်သေးအောင် လုပ်တဲ့ကောင် တွေကို ထိုင်း အာဏပိုင် တွေဆီ ပေးလိုက် .. သေ သွားလဲ နားအေးတယ်
ဒီ ထိုင်းဆိုတဲ့ အကောင်တွေက လိုရင်တမျိုး မလိုရင်တမျိုး ဘာဘဲဖြစ်ဖြစ် မြန်မာတိုင်းရင်းသားတဦးကို သူတို့ပေးစရာ
မလိုဘူး။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်