Subscribe to our RSS Feed

မြောက်ကိုရီးယားမှ ဂြိုဟ်တုများ အား ဆက်လက် လွှတ်တင်မည်

From : MRTV4


မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့အာကာသ လေ့လာရေးအစီအစဉ်တွေကို ဆက်လက်လုပ် ဆောင်မှာဖြစ်ပြီး နောက်ထပ် ဂြိုဟ်တုတွေကိုလည်း
လွှတ်တင်သွားဦးမှာဖစ်ကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အာကာသ နည်းပညာဟာ နိုင်ငံရဲ့ကြွယ်ဝ ချမ်းသာမှုကို ထင်ဟပ်ပြတဲ့ ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ မြောက်ကိုရီးယားရဲ့အာကာသ အစီအစဉ်ဟာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးလာဖို့နဲ့ အချုပ်အချာ အာဏာကို ကာကွယ်ဖို့ ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက တရားဝင်ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ကြေညာချက်ထဲမှာ ချုပ်အချာအာဏာ ပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ အာကာသကို ငြိမ်းချမ်းစွာ အသုံးပြုခွင့်ရှိကြောင်း၊ မြောက်ကိုရီးယား ရဲ့ အာကာသ အစီအစဉ်ကို တားမြစ်ပိတ်ဆို့လို့ ရနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။ မြောက်ကိုရီးယား နိုင်ငံဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံတည်ထောင်သူ ခေါင်းဆောင်ကြီး Kim Il Sung ရဲ့နှစ် ၁၀၀ပြည့်မွးနေ့အထိမ်း အမှတ်အဖြစ် ပြီးခဲ့တဲ့ ဧပြီလ ၁၃ရက်နေ့မှာ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုတစ်ခု လွှတ်တင်ခဲ့ပါတယ်။

အဲဒီဂြိုဟ်တုကို လွှတ်တင်ခဲ့တဲ့ ဒုံးပျံဟာ တ်တင်ပြီး မကြာခင်မှာပဲ ပင်လယ်အတွင်း ပျက်ကျသွားခဲ့ပါတယ်။ ဧပြီလ ၁၆ရက်နေ့မှာတော့ ကုလသမဂ္ဂ လုံခြုံရေးေ ကာင်စီက မြောက်ကိုရီးယားတို့ရဲ့ ဒုံးပျံလွှတ်တင်မှုကိုရှုံ့ချပြီး မြောက်ကိုရီးယား အစိုးရအနေနဲ့ ထုတ်ပြန်ထားတဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့နဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်နဲ့ ပတ်သတ်တဲ့ ပ်ရှားမှုတွေကို မလုပ်ဖို့ တိုက်တွန်းထားတဲ့ ကြေညာချက် တစ်စောင်ကို တ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်