Subscribe to our RSS Feed

မြန်မာပြည်သူတို့အပေါ် ပိတ်ဆို့မှု ရုပ်သိမ်းရေး အမေရိကန်အမတ်နှစ်ဦး တောင်းဆို


မြန်မာပြည်သူလူထုအပေါ် ချမှတ်ထားသော စီးပွားပိတ်ဆို့မှု အားလုံးကို ရုတ်သိမ်းရေးအတွက် အမေရိကန်ကွန်ဂရက် အထက်လွှတ်တော်မှာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်နဲ့ အဲဒီ ကော်မတီဝင် တစ်ဦးဖြစ်သူ ဂျိမ်းစ် အင် ဟိုဖ်တို့ ပူးတွဲပြီး မေလလေးရက်နေ့က နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် (Hilary Clinton) ဆီ သို့ သောကြာနေ့က စာရေးသား တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ပိတ်ဆို့မှုတွေကို ကဏ္ဍအလိုက် တစ်ခုချင်းစီ ရုပ်သိမ်းတဲ့နည်းဟာ ရေနံလို လုပ်ငန်းမျိုးအပေါ် ဆက်လက် ကန့်သတ်ထားရာ ရောက်တဲ့အတွက် အိုဘားမားအစိုးရအဖို့ လုပ်ရပ်အမှား တစ်ခု ဖြစ်ပါလိမ့်မယ် လို့လည်း ထောက်ပြ ဝေဖန်ထားပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက် ပွဲ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ညှိနှိုင်းပြီး အမေရိကန်နဲ့ ဥရောပ နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတချို့ကို ယာယီဆိုင်းငံ့လိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံဖက်က နိုင်ငံကုန်သွယ်ရေးနဲ့ တချို့အကူအညီတွေကိုေ ရုတာ့ ဆက်လက်ပိတ်ဆို့ထားပါတယ်။ ဥရောပသမဂ္ဂ အီးယူကတော့ လက်နက် အရောင်းအ၀ယ်ကလွဲပြီး ကျန်တဲ့ စီးပွားရေးပိတ်ဆို့မှု အားလုံးကို ယာယီဆိုင်းငံ့ပေးခဲ့ပါတယ်။

သမ္မတ အိုဘားမားအနေနဲ့ လွှတ်တော်က သဘောတူစရာမလိုဘဲ အဓိကကျတဲ့ ပိတ်ဆို့မှုတွေကို ပြန်လည် ရုပ်သိမ်းနိုင်တဲ့ စီရင်ဆုံးဖြတ်ခွင့် အာဏာရှိပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်ရုပ်တာဟာ အကောင်းဆုံး လုပ်ရပ်ဖြစ်ပါတယ်။ သမ္မတအနေနဲ့ ပြန်ရုပ်ဖို့ အချိန်တန်ပါပြီလို့ Mr. Jim Webb က ပြောဆိုပါတယ်။

မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့မှု အားလုံးရုတ်သိမ်းရေးကို မြန်မာလွှတ်တော် အမတ်အများစုက တောင်းဆိုလျှက်ရှိပြီး အာဆီယံနိုင်ငံများနဲ့ တရုတ်နိုင်ငံကလည်း စီးပွားပိတ်ဆို့မှု ရုတ်သိမ်းရန် မြန်မာပြည် သူများရဲ့ ကောင်းကျိုး ကို မျှော်တွေးပြီး တောင်းဆိုခဲ့ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကတော့ မရုတ်သိမ်းသင့်သေးပဲ ဆိုင်းငံ့ထားခိုင်းတုန်းပဲ ရှိပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်