Subscribe to our RSS Feed

မြန်မာ့ရိုးရာ သင်္ကြန်အား အကျည်းတန် စေသည့် လူ ၁၀ ယောက်ကျော် သေစေခဲ့သော X2O မှာ ဗုံးခွဲသူ တရားခံအား သေဒဏ်ချမှတ်


၂၀၁၀ ခုနှစ် ဧပြီလတွင် မြန်မာ့ရိုးရာ သင်္ကြန် ပွဲကျင်းပနေစဉ် အတွင်း ပြည်ပ အတိုက်အခံများနှင့် ဆက်သွယ်ကွာ ဗုံးထောင် ဖောက်ခွဲခဲ့သူ ဦးဖြိုးဝေအောင်ကို ရန်ကုန်မြောက်ပိုင်းခရိုင် အထူး တရားရုံး ကနေ သေဒဏ် ချမှတ်လိုက် ပါတယ်။

ပုဒ်မ ၃၀၂-၁(ခ) က ကြိုတင်ကြံစည်မှုနဲ့ သတ်တာကို အားပေး မှု နဲ့ သေဒဏ်ပေးထားပြီး ။ ဒုတိယပုဒ်မ ၃၂၆/၁၂၄ ဆိုတာက ထိခိုက်နာကျင်စေအောင် ပြုလုပ်တာကို အားပေးမှုဖြင့် ထောင် ဒဏ် ၁၀နှစ်၊ တတိယပုဒ်မက ၃၂၄/၁၂၄ဆိုပြီး သာမန် နာကျင်စေမှုဖြင့် ထောင်ဒဏ် ၃နှစ်။ ဖောက်ခွဲပုဒ်မ ၃/၆ က ဖောက်ခွဲမှုကို အားပေးကူညီမှုဖြင့် ထောင်ဒဏ်က တသက် တကျွန်း။ မတရားအသင်း ဆက်သွယ်တယ်မှုဖြင့် ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် နှစ် ၃၀၊ နိုင်ငံတွင်းကို တရားမ၀င် ၀င်ရောက်ပြီးတော့ လူဝင်မှု ကြီးကြပ်ရေးရဲ့ အရေးပေါ် ကန့်သတ်ချက်အရ ထောင်ဒဏ် ၃ နှစ်၊ အားလုံးပေါင်းကာ သက်သေအထောက်အထားများ အစုံအလျှင် ဖြင့် တရားခံ ၏ ဝန်ခံချက်ကို ရရှိကာ သေဒဏ်ချမှတ်လိုက်တယ်။

ဦးဖြိုးဝေအောင်အား သေဒဏ်ချမှတ် ခြင်းနှင့် ပတ်သက်ပြီး အစိုးရဆန့်ကျင်သူ အချို့က ပြင်းထန်တယ်လို့ ဝေဖန်နေကြပေမယ့် ပြည်သူ အများကတော့ မြန်မာ့ရိုးရာ သင်္ကြန်ကို ညစ်နွမ်းအောင်လုပ်မှုနဲ့ အပြစ်မဲ့ ရေကစားသူများကို သေဆုံးစေမှုများကြောင့် ဒီထက်မက ချသင့်တယ်လို့ ဝေဖန်ကြပါတယ်။ အခုလို ထိထိရောက်ရောက် လုပ်မှသာ နောက်နောင်မှာ သင်္ကြန်ကဲ့သို့သော ရိုးရာပွဲများမှာ ဗုံးခွဲ သတ်ဖြတ်ခြင်းမျိုး မလုပ်ရဲမှာ ဖြစ်ကြောင်း ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။


အခင်းဖြစ်တဲ့ X2O


အခင်းဖြစ်တဲ့ X2O


မဏဿဍာပ်မှာ လူတွေ ပြေးပြီ


ပြည်သူ့ရဲများ



ရဲတွေ အလုပ်ရှုပ်ပြီ


လူတွေအားလုံး လစ်ကြပြီ


သူများတွေပျော်တုန်းမှာ ယူနီဖောင်းဝတ်နေရတဲ့ ပြည်သူ့ရဲတွေလည်း ဘာလိုက်လို့ လိုက်ရမှန်းမသိ


ရန်ကုန်တိုင်း ကြက်ခြေနီ တပ်ဖွဲ့မှ လူနာတင်ယာဉ်


လူနာတင်ယာဉ်


အထဲမှာ ကောင်မလေး ရှစ်ယောက်လောက်


အထဲမှာ ကောင်မလေး ရှစ်ယောက်လောက်


အခင်းဖြစ်တဲ့ X2O မဏဿဍာပ်




မဏဿဍာပ်ရှေ့မှာ လုံခြုံရေး အပြည့်


သေဆုံး ဒဏ်ရာရသူတွေကို သယ်ပြီ


ဒီထက်ပိုပြီး အနားကပ်မရ


တခြားမဏဿဍာပ်တွေလည်း ဘာဖြစ်မှန်းမသိ ဘာလုပ်ရမှန်းမသိ


လူနာတင်ယာဉ်လည်း ခက်ခက်ခဲခဲ လာရတယ်


အရေးအကြောင်းဆိုရင် စွမ်းအားရှင်တွေနဲ့ ရဲတွေပဲ အားကိုးရ


လူ/ကား ဘာကိုမှ ဖြတ်ခွင့် မပြုတော့


ပြည်သူ့ရဲတွေ ရောက်လာတာ မြန်တယ်




ထွက်ပြေးကြတော့ လူပိပြီး ဒဏ်ရာရတဲ့သူတင် မနည်းဘူး


ရဲကားတွေလာတော့ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်


ရဲကားတွေလာတော့ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်


လုံခြုံရေးရဲများ


လူတွေလည်း ဘာဖြစ်မှန်း သေချာမသိတော့ အုံကြည့်နေတာပဲ

Myanmar Express

3 comments:

Actually that guy is Muslim, It's Islamic Terrorist attack.

မူစလင် ဖြစ်လို့ ခန့်မှန်းချက်နဲ့ ပြစ်ဒါဏ်ချတာ မဟုတ်ရင် ဘာတွေ အတိအကျ မေးတာ ဖြေတာကို လူထုကို ချပြသင့်ပါတယ်။ ကူညီပါ မြန်မာအိတ်က်စ်ပရက်စ်ရယ်

"Things that benefit a person after his death

are pious children who pray for their parents,

his knowledge which is still useful to others,

and his charity that continues to benefit the needy."

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်