From : Popular
ငွေပြည့်ကတ်စနစ် မပြောင်းလဲသည့်ဖုန်းများ အွန်လိုင်းမှ ဘီလ်ဆောင်ရန်အတွက် ဘဏ်များ တိုးချဲ့ထားရှိပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
လက်ရှိတွင် ဘီလ်စနစ် အသုံးပြုနေသည့် မိုဘိုင်းဖုန်း နှင့် ကြိုးဖုန်းများအား ငွေဖြည့် ကတ်စနစ်သို့ ပြောင်း မပြောင်း ကို ရတနာပုံ Call Center မှ မက်ခ်ျဆေ့ပို့ခြင်း၊ အကြောင်း ကြားခြင်းများ ပြုလုပ်ပေးလျက် ရှိရာ ဇွန်လ ၁ ရက်နေ့ နောက် ပိုင်း ငွေဖြည့်ကတ်စနစ်သို့ မပြောင်းလဲသည့် ဖုန်းအားလုံး အွန်လိုင်းဖုန်းဘီလ်ဆောင် သည့် စနစ်သာ အသုံးပြုရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ထားသည်။”လက်ရှိ ဆက်သွယ်ရေး ကိုလာပြီး ဖုန်းဘီလ်စနစ်အတွက် ဝန်ဆောင်မှုပေးဖို့ အဆိုပြုထား တဲ့ ဘဏ်တွေ ရှိပါတယ်။ အဓိကတော့ ဘီလ်စနစ် အသုံးပြုသူတွေကို ကြိုက်တဲ့ဘဏ်မှာ ဘီလ်ဆောင်နိုင် အောင် ဆောင်ရွက်ပေးမှာပါ”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ် ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြော သည်။ လက်ရှိ အွန်လိုင်းဖုန်းဘီလ် ဆောင်ခြင်းကို ဝန်ဆောင်မှုပေးနေ သည့် ဘဏ်များမှာ ဗွီ ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ယူနိုက် တက် အမရဘဏ်တို့ဖြစ်ပြီး ယင်း ဘဏ်များမှာ မြန်မာ့ဆက်သွယ်ရေး နှင့် ရတနာပုံတယ်လီပို့တို့နှင့် ပူး ပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ ”ဘီလ်စနစ်ကနေ ငွေဖြည့် ကတ်စနစ်ပြောင်းဖို့ အချိန်တစ်ရက် ပဲကြာမှာပါ။ လောလောဆယ် ကတ်စနစ်ပြောင်းမယ်လို့ ဆန္ဒပြု ထားတဲ့ဖုန်းတွေ အားလုံးလာမယ့် လဆန်းပိုင်း မှာ ပြောင်း လဲပေးမှာပါ” ဟု ၄င်းကဆက်လက်ပြောသည်။ ဘီလ်စနစ်ဆက်လက်အသုံး ပြုသူများအနေဖြင့် အွန်လိုင်းဖုန်း ဘီလ်ဆောင်စနစ်ကို အသုံးပြုမည် ဆိုပါက ဝန်ဆောင်မှုေ ပးသည့် ဘဏ်တွင် ဘဏ်စာရင်းဖွင့်လှစ်ရ မည်ဖြစ်ပြီး၊ ဘဏ်စရင်းဖွင့်ခ ကျပ် တစ်သောင်းနှင့် ဝန်ဆောင်ခ ကျပ်ငါးရာကျသင့်ကြောင်း သိရ သည်။အွန်လိုင်းမှ ဖုန်းဘီလ် ဆောင်နိုင်သည့်စနစ်ကို ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်ခဲ့ပြီး ပြည်တွင်းရှိ အင် တာနက်အသုံးပြုနိုင်သည့် မည် သည့်နေရာမဆို ရတနာပုံ ဝက်ဘ်ဆိုက် https // billing.yatanarpon.com.mm တွင် ဆောင်ရွက်နိုင်မည် ဖြစ် သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်