From : ခေတ်လူငယ်
ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံလိုသော စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါက ရင်းနှီးမြှုပ်နှံမှု ကာလကို ၁၀ နှစ် ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း ၂၇-၆-၂၀၁၂ ရက်က သိရသည်။ လက်ရှိ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် နှစ် ၆၀ ကာလ ဖြစ်သောကြောင့် ယခု ထပ်မံတိုးမြှင့်လိုက်သော ၁၀ နှစ် သက်တမ်းကြောင့် စုစုပေါင်း နှစ် ၇၀ ဖြစ်လာမည်ဟု သိရသည်။ ပြည်ပမှ စီပွားရေး ရင်းနှီးမြှုပ်နှံလိုသူ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ အစိုးရ သတ်မှတ်ထားသော လုပ်ပိုင်ခွင့် အကြောင်းအရာများကို မချိုးဖောက်ရန်လိုကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံသို့ လာရောက်မည့် လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်မှုရှိသော လုပ်သားများကိုသာ ခေါ်လာခွင့်ပြုမည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်နေစဉ် လုပ်သားခေါ်ယူနှုန်းကို ပထမငါးနှစ်၊ ဒုတိယငါးနှစ်၊ တတိယငါးနှစ် စသည့် ကာလအလိုက် ပြည်ပလုပ်ပိုင်ခွင့် ရာခိုင်နှုန်းများ သတ်မှတ်ချက်ဖြင့် လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။ လုပ်သားခေါ်ယူနှုန်းကို ပြည်ပမှ ပထမငါးနှစ်တွင် ၇၅ ရာခိုင်နှုန်း၊ ဒုတိယ ငါးနှစ်တွင် ၅၀ ရာခိုင်နှုန်း၊ တတိယ ငါးနှစ်တွင် ၂၅ ရာခိုင်နှုန်း အဖြစ် သတ်မှတ်ထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်