Subscribe to our RSS Feed

တရုတ်မင်းသား ကို မြန်မာလူထု က ဘယ်သူနဲ့မှ မတူအောင် အများအပြား ကြိုဆိုကြသဖြင့် လုပ်ငန်း အစီအစဉ်များ ဖျက်သိမ်းလိုက်ရ


တရုတ်မင်းသား မန္တလေးမြို့ ကိုရောက်ရှိ လာပြီး မြန်မာလူထုက ဘယ်သူနဲ့မှ မတူအောင် သောင်းသောင်းဖျဖျ ကြိုဆိုသူတွေ များတာကြောင့် ကလေးတွေ ကို တွေ့မယ့် အစီအစဉ် ဖျက်သိမ်းလိုက်ပါတယ်။

မန္တလေးမြို့သို့ယနေ့(ဇူလိုင်၅ရက်) ညနေပိုင်းတွင် ရောက်ရှိလာသော ကမ္ဘာကျော်အက်ရှင်မင်းသား ဂျက်ကီချန်းသည် မူလစီစဉ်ထားသော နေရာများသို့သွားရန် ပရိသတ် များပြားလွန်းသဖြင့် သွားရောက်ရန် အခက်တွေ့နေကြောင်း သတင်းရရှိသည်။ ယင်းကို ကြည့်ရှု့လိုသော ဒေသခံပရိသတ်များမှာ သွားသည့်နေ ရာတိုင်းတွင် အထူးများပြားနေသည့်အတွက် ယနေ့ညနေပိုင်းတွင်သွားရောက်ရန်စီစဉ် ထားသော မန္တလေးတောင်သို့တက်ရန်နှင့်မြို့ဝန်းကျင်ရှု့ခင်းများ လှည့်လည်ကြည့်ရှု့ရန်အခက်တွေ့နေကြောင်း သတင်းရရှိသည်။ ဂျက်ကီချန်းသည် မန္တလေးမြို့ မှ ရန်ကုန်မြို့သို့ ဇူလိုင် ၇ရက်တွင် ကိုယ်ပိုင်လေယာဉ်ဖြင့်လာရောက်မည်ဖြစ်သည်။

"အခုလောက် မြန်မာတွေ ဝိုင်းကြိုကြတာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတွေ့ဖူးဘူး... အရင်တုန်းက အန်တီစုကို ကြိုတဲ့လူများတယ်ထင်ခဲ့တာ.. အခု တရုတ်မင်းသားနဲ့ယှဉ်လိုက်တော့ နံ့သာဆီ နဲ့ အီး လိုပဲ ကွာတယ်.... ကြိုဆိုတဲ့လူများလို့ ဆိုပြီး အန်တီစု ခရီးစဉ် ဖျက်ခဲ့ရတာမျိုး မှ မရှိခဲ့ဖူးတာလေ..."

လို့ မျက်မြင်တစ်ဦးက ဆိုပါတယ်။

ယနေ့ ညနေပိုင်းက မန္တလေးမြို့သို့ ရောက်ရှိလာသော ယူနီဆက် ချစ်ကြည်ရေး သံတမန် ကမ္ဘာကျာ် ရုပ်ရှင် သရုပ်ဆောင် ဂျက်ကီချန်းကို တွေ့မြင်လိုသူ ပရိသတ် များပြားလှသဖြင့် ယနေ့ ညနေပိုင်းတွင် သွားရောက်ရန် စီစဉ်ထားသည့် မန္တလေးတောင်နှင့် ငါးစို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ခရီးစဉ်ကို ဖျက်သိမ်းကာ မန္တလေး ဆီဒိုးနားဟိုတယ်တွင် အနားယူနေကြောင်း သတင်းရရှိပါတယ်။

Myanmar Express

1 comments:

Mandalay crowd said " We want to change Jacky Chan be a NLD Chairman, Daw Suu Kyi will be out, Jacky Chan came Mandalay for help the children, Daw Suu Kyi came Mandalay for her campaign, she done nothing for us", and they shout " Welcome Jacky Chan, Long live Jacky Chan, Suu Kyi Suu Kyi out out, Suu Kyi Suu Kyi down down". Har-Ha, that's why they say!!!!!!!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်