Subscribe to our RSS Feed

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ၏ အရည်အချင်းများ


(က) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(ခ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံးနိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့်မြန်မာနိုင်ငံသား ဖြစ်ရမည်။

(ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည အနည်းဆုံးအသက်၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်။

(င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်းအနည်းဆုံးအနှစ်၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။ ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့်နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့်ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ်ထည့်သွင်းရေတွက်ရမည်။

(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊
မိမိ၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊
မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊
ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး(သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊
နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကိုခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်)
နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ
(သို့မဟုတ်) တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊

ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက် ခံဖြစ်သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်းခံစားရသော အခွင့်အရေးများနှင့်ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။

(ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက်သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်းပြည့်စုံရမည်။

Myanmar Express

4 comments:

ဂျာနယ်တွေတောင်ပြောကုန်ကြပြီဗျ။ ဒီမှာကြည့်အုန်း 7days ဂျာနယ်မှာပါတဲ့သတင်း။ http://www.facebook.com/photo.php?fbid=386837214706179&set=a.175199309203305.43028.174893259233910&type=1&relevant_count=1&ref=nf

အွန်. !
ဘာဖြစ်တာလဲ ဟင် !
အို ....... ဘာမှ မဖြစ်ပါ ဘူး (အရှိုက်) ကို ထိသွားလို.ပါ....
အာ...... ဆောရီးနော်...........

ထောက် ခံ ပါ တယ်။ မ ဟုတ် ရင် ဟို မ ရောက် ဒီ မ ရောက် တွေ
မြန် မာ လူ မျိုး တွေ ကို လာ အုပ် ချုပ် နေ မှာ ပေါ့။ President
က နိုင် ငံ ခြား သား တစ် ပိုင်း ဖြစ် နေ ရင် နိုင် ငံ လျှို့ ချက် တွေ ပေါက် ကြား ကုန် မှာ ပေါ့။ နိုင် ငံ ခြား သား ထိမ်း ချုပ်
မှု့ အောက် ရောက် နေ ရင်၊ နိုင် ငံ ခြား တိုင်း ပြည် တွေ ရဲ့ အော ဇာ ခံ ဖြစ် နေ မှာ ပေါ့။ သွယ် ၀ိုက် ပြီး ကို လို နီ လုပ် ခံ ရ ခြင်း တစ် မျိုး ပါ ဘဲ။

good coment frm chat gyi

ဒေါ်စု ဒီနေ့ သေ။ မနက်ဖြန် NLD ရော၊ ဒီမိုကောင်တွေ အားလုံး မြောင်းထဲရောက်ပြီပဲ။
ဘာလို့ လဲသိလား။ ဒီမိုကောင်တွေ ထဲမှာ မင်းတို့ လို့ စောက်ဆင့်မရှိတဲ့ အောက်တန်းစားတွေချည်းပဲ စုနေလို့ ပဲ။

ဒေါ်စု ကလည်းသိတယ်။ မင်းတို့ ဒီမိုအောက်တန်းစားတွေရဲ့ စောက်ဆင့်တွေကို

မင်းတို့ ပြည်ပက ဒီမိုကောင်တွေ ထဲမှာ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ လောက်လောက်လားလား ခေါင်းဆောင်မျိုး ရှိလား။ မင်းတို့ ထုတ်ပြနိုင်လား ။

မင်းတို့ ပြည်ပ က Exile တွေ က ခွေးစောက်ဆင့်ပဲရှိတယ်။
မှတ်ထားဟေ့ကောင် ၊ ပြည်သူ့ ခေါင်းဆောင်ဆိုတာ ပြည်သူထဲက ပဲပေါ်တယ်။ ပြည်ပြေးတွေ ထဲက မပေါ်ဘူး။

X^

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်