From : ရန်ကုန်မီဒီယာဂရုပ်
တိမ်းမှောက်သွားသော ဗန်းမော်-ကသာ ရှပ်ပြေးရေယာဉ်အား ၆ ရက်မြောက်နေ့ ယနေ့ မွန်းလွဲ ၂ နာရီတွင် အပြီးသတ် ဆယ်ယူနိုင်ခဲ့ပြီး အလောင်း ၆ လောင်း သင်္ဘောအတွင်းမှ တွေ့ရှိခဲ့ကြောင်း သိရသည်။
"သင်္ဘောထဲကနေ အမျိုးသမီးအလောင်း ၄ လောင်း နှင့် အမျိုးသား အလောင်း ၂ လောင်းကို တွေ့ရှိခဲ့ပါတယ် အရင်က အလောင်း ၉ လောင်း တွေ့ရှိထားတာနဲ့ဆိုရင် စုစုပေါင်း ၁၅ လောင်း ပဲတွေ့ပါတယ် " ဟု ဗန်းမော် မြို့ခံဦးသန်းဇော်လတ်က သတင်းပေးပို့သည်။
အဆိုပါ မြတ်မင်းအောင်(၁) ရှပ်ပြေးရေယာဉ်အား သရီးကရောင်းကားများဖြင့် ဆွဲတင်ခြင်း ကရိန်းဖြင့် မတင်ခြင်းတို့ ပြုလုပ်ကာ ဆယ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရေယာဉ်သည် ဗန်းမော် နှင့် ကသာ ပြေးဆွဲသော ရှပ်ပြေးရေယာဉ်ဖြစ်ပြီး ဇူလိုင် ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်က ဗန်းမော် ဆိပ်ကမ်းမှ ခွာစဉ် ကမ်းနှင့် ပေ ၅၀ ခန့် အကွာ၌ ဂီယာညှပ်ကာ နစ်မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရေယာဉ်တွင် လတ်မှတ်ရောင်းချမှု အနေအထားရ ၉၇ စောင် ဖြစ်ပြီး လိုက်ပါသူဦးရေမှာ ယင်းထက် ပိုမိုနိုင်ကြောင်း နှင့် ဇူလိုင် ၂၁ ရက်နေ့အထိ သတင်းများအရ ၇၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဗန်းမော် အုပ်ချုပ်ရေးမှူး ရုံးမှ သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ သင်္ဘောပေါ်တွင် ကချင်ပြည်နယ် တက္ကသိုလ်ဇုန် ဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် ဗန်းမော် တက္ကသိုလ် လက်ရွေးစင်ဘောလုံးအဖွဲ့ပါဝင်ပြီး နည်းပြ အဖွဲ့ဝင် တစ်ဦးနှင့် အားကစားသမား ၅ ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
အဆိုပါရေယာဉ်သည် အလျား ၉၅ ပေ အနံ ၅ပေခွဲ ရှိပြီး သံကိုယ်ထည် ဖြစ်ကြောင်း သိရသည်။
Myanmar Express"သင်္ဘောထဲကနေ အမျိုးသမီးအလောင်း ၄ လောင်း နှင့် အမျိုးသား အလောင်း ၂ လောင်းကို တွေ့ရှိခဲ့ပါတယ် အရင်က အလောင်း ၉ လောင်း တွေ့ရှိထားတာနဲ့ဆိုရင် စုစုပေါင်း ၁၅ လောင်း ပဲတွေ့ပါတယ် " ဟု ဗန်းမော် မြို့ခံဦးသန်းဇော်လတ်က သတင်းပေးပို့သည်။
အဆိုပါ မြတ်မင်းအောင်(၁) ရှပ်ပြေးရေယာဉ်အား သရီးကရောင်းကားများဖြင့် ဆွဲတင်ခြင်း ကရိန်းဖြင့် မတင်ခြင်းတို့ ပြုလုပ်ကာ ဆယ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရေယာဉ်သည် ဗန်းမော် နှင့် ကသာ ပြေးဆွဲသော ရှပ်ပြေးရေယာဉ်ဖြစ်ပြီး ဇူလိုင် ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်က ဗန်းမော် ဆိပ်ကမ်းမှ ခွာစဉ် ကမ်းနှင့် ပေ ၅၀ ခန့် အကွာ၌ ဂီယာညှပ်ကာ နစ်မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရေယာဉ်တွင် လတ်မှတ်ရောင်းချမှု အနေအထားရ ၉၇ စောင် ဖြစ်ပြီး လိုက်ပါသူဦးရေမှာ ယင်းထက် ပိုမိုနိုင်ကြောင်း နှင့် ဇူလိုင် ၂၁ ရက်နေ့အထိ သတင်းများအရ ၇၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဗန်းမော် အုပ်ချုပ်ရေးမှူး ရုံးမှ သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ သင်္ဘောပေါ်တွင် ကချင်ပြည်နယ် တက္ကသိုလ်ဇုန် ဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် ဗန်းမော် တက္ကသိုလ် လက်ရွေးစင်ဘောလုံးအဖွဲ့ပါဝင်ပြီ
အဆိုပါရေယာဉ်သည် အလျား ၉၅ ပေ အနံ ၅ပေခွဲ ရှိပြီး သံကိုယ်ထည် ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်