From : မြဝတီ
ပါရှန်ပင်လယ်ကွေ့ အတွင်းရှိ အမေ ရိကန်ရေတပ် သင်္ဘောများသည် အီရန် ၏ ဒုံးကျည်များနှင့် အလျင်အမြန် တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိမည်မဟုတ် ကြောင်း တီဟီရန် တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ မိုဟာမက် မရန်ဒီက Press TV သတင်းဌာနသို့ ဇူလိုင် ၂၉ ရက်က ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ အမေရိကန် ရေတပ်သင်္ဘော များသည် အီရန်နိုင်ငံ၏ ဒုံးကျည်များကို ခုခံနိုင်စွမ်း ရှိမည်မဟုတ် ကြောင်းနှင့် အီရန်ရေတပ်နှင့် ကုန်းတွင်း အခြေစိုက် တပ်ဖွဲ့များသည် အမေရိကန် သင်္ဘောများကို အလျင်အမြန် တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း မရန်ဒီက ပြောကြား ခဲ့ကြောင်း သိရသည်။ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး တွန် ဒိုနီလွန်က လွန်ခဲ့သည့် နှစ်ပတ် အတွင်း အစ္စရေးနိုင်ငံသို့ အလည်အပတ် ရောက် ရှိစဉ် အီရန်နိုင်ငံ အပေါ် တိုက်ခိုက် နိုင် ဖွယ်ရှိသည့် အရေးပေါ် စီမံချက်များကို အစ္စရေး နိုင်ငံအား အသိပေး ပြောကြား ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီး နောက် မရန်ဒီက ယခုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။ ¤င်းအပြင် ပဋိပက္ခ များဖြစ်ပွား ခဲ့ပါက ရေနံဈေး အလွန်မြင့် တက်သွားပြီး အမှန်တကယ် နစ်နာ မည့်နိုင်ငံများမှာ အနောက် နိုင်ငံများ ပင်ဖြစ် ကြောင်းနှင့် ထိုကဲ့ သို့သော အခြေအနေတွင် အမေရိကန်နိုင်ငံ သည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင် ဝေဖန်ခြင်း ခံရနိုင်ဖွယ်ရှိ ကြောင်း မရန်ဒီက ပြောကြားခဲ့ ကြောင်း သိရသည်။
Myanmar Express

3 comments:
seriously i wish that shit happened. hope American kill those shithead Muslims and Myanmar Tet ma daw clean out illegal rohingya too.
I agree.
US A will attack bloody hell Iran and it's Ally
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်