Subscribe to our RSS Feed

ရခိုင်ပြည်နယ်အရေးကိစ္စ ပြည်ပစုံစမ်းရေး ကော်မရှင်ဖွဲ့ရန် မလိုဟု သမ္မတပြောကြား


From : ခေတ်လူငယ်

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ သီးခြားလွတ်လပ်သည့် စုံစမ်းရေး ကော်မရှင်ဖွဲ့ကာ စုံစမ်းမှုများ ပြုလုပ်ရန် မလိုအပ်ကြောင်း၊ မြန်မာ့လူ့အခွင့်အရေး ကော်မရှင်မှ ယင်းကိစ္စအပေါ် စစ်ဆေးဆောင်ရွက်ပေးရန် တာဝန်ပေးထားပြီး ဖြစ်သဖြင့် ပြည်ပမှ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်ရန် မလိုအပ်ခြင်းဖြစ်ကြောင်း ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်မှ ဌာနမှူး ဦးသန်းလွင်ထွန်းနှင့် နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် နိုင်ငံတော် သမ္မတကြီးမှ ပြောကြားလိုက်ကြောင်း သိရသည်။ “ကျွန်တော်တို့ဆီမှာလည်း လွတ်လပ်တဲ့ လူ့အခွင့်အရေး ကော်မရှင် ဖွဲ့ထားတာ ရှိပါတယ်။ လူ့အခွင့်အရေး ကော်မရှင်ကိုလည်း ကျွန်တော်တို့က ဒါကို စစ်ဆေးပေးပါလို့ ဆိုပြီးတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ ပြည်ပကနေပြီးတော့ ဒါကို International issue တစ်ခုကို ဒီမှာလာပြီးစစ်မယ်၊ ပြုမယ်ဆိုတာ အမှန်တော့ မလိုအပ်ပါဘူး” ဟု သမ္မတကြီးက ပြောကြားသည်။ ထို့အပြင် ယခုကိစ္စမှာ ရေရှည်စီမံ ဆောင်ရွက်သွားရမည့် ကိစ္စရပ်ဖြစ်ကြောင်း၊ Tension မြင့်နေသည့်အချိန်တွင် Cool Down ဖြစ်အောင် ရခိုင်တိုင်းရင်းသားပါတီများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO, INGO များနှင့် ပူးပေါင်း၍ အစားအသောက်နှင့် ယာယီနေထိုင်ရေး စီမံမှုများ ဆောင်ရွက်နေကြောင်း၊ ၁၉၈၂ ခုနှစ် ဥပဒေအား ပီပြင်စွာ အသုံးချကိုင်တွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းက ပြောကြားသည်။ တူရကီနှင့် ဆော်ဒီနိုင်ငံ အပါအဝင် ပြည်ပအကူအညီများနှင့် ပတ်သက်၍လည်း “ကူညီမယ်၊ ပြုမယ်ဆိုရင်တော့ နှစ်ဖက်မျှမျှတတ ကူညီပါ။ မသက်ဆိုင်တဲ့သူတွေ (ပြည်ပမှ လှုံ့ဆော်နေသည့် အဖွဲ့အစည်းများ) ဆီကို ရောက်သွားမှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်” ဟု ဗွီအိုအေ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် သမ္မတကြီးက ထည့်သွင်း ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

6 comments:

Those medias don't belong to your stepfather, Thein Sein, racist and zionist ! So, stop ordering to very highly educated people who are now living in very very diverse countries not like Myanmar where racism is fuelled by all burmese politicians including Nobel Laureate , Aung San Suu Kyi , who has been fighting for democracy and human rights for 2-decades. They know what to say to whom ! You guys will never be changed !Don't forget that it's now 21-st century ! Look at America today! You guys must understand that! Thanks

သိပ်လေးစား စရာကောင်းတဲ့ သမ္မတကြီး ကျန်မာပါစေ

တော်တော့ကိုလေးစားတယ်...........

တော်တော့ကိုလေးစားပါတယ်.....

very highly educated people လို့ ပြောရအောင် အဲဒီကောင်တွေက ဘယ်လောက်များ educatedဖြစ်နေလို့လဲ။ အမေရိကန်တွေရဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်မူဝါဒ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးမူဝါဒ သူအကျိုးရှိရင် ရှိသလို မှောက်ချီလှန်ချီမူဝါဒ မင်းသားခေါင်းဆောင်းပြီး နောက်ကျောဒါးနဲ့ထိုး မူဝါဒ သူအကျိုးရှိမယ်ဆိုရင် သူတို့အော်နေတဲ့ လူ့အခွင့်အရေးဆိုတာ တစ်စက် ကလေးမှမရှိတဲ့ ရေနံနိုင်ငံတွေကိုဖင်ယက်ပေးတဲ့မူဝါဒကျင့်သုံးနေတဲ့ နိုင်ငံကို များ look at america today လို့ပြောရအောင် မင်းရဲ့ပထွေးနိုင်ငံ မို့လို့လား
လွတ်လတ်စွာပြောဆိုခွင့်ရှိလို့လားမသိဘူး wikileaksက ဂျူလီယံအက်ဆိန်းတော့ ကမ္ဘာပတ်ပြီးပြေးနေရပြီ။

ဒါမှနိုင်ငံခေါင်းဆောင်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်