Subscribe to our RSS Feed

စင်ကာပူနိုင်ငံသည် တစ်ဦးချင်းဝင်ငွေအကောင်းဆုံးနိုင်ငံဖြစ်


From : မြဝတီ

ကမ္ဘာပေါ်တွင် တစ်ဦးချင်းဝင်ငွေကို နှိုင်းယှဉ်ကြည့်ပါက စင်ကာပူနိုင်ငံသည် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ၂ဝ၅ဝ ပြည့်နှစ်အထိ ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်မည့်အလား အလာရှိကြောင်း ကမ္ဘာ့စီးပွားရေးလေ့ လာချက်တစ်ခုအရ သိရသည်။

စင်ကာပူ၏နောက်တွင် နော်ဝေနိုင်ငံသည် တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁၂၂၆ ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး အမေရိကန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၅၅၁၁ ဖြင့် တတိယနေရာကို အသီးသီးရပ်တည် လျက်ရှိသည်ဟု သိရသည်။ ထို့အတူ ဟောင်ကောင်ကျွန်းသည်လည်း တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၅၃ဝ၁ ဖြင့် ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁ဝ နိုင်ငံတွင် ပါဝင်လာခဲ့သည်ဟု သိရသည်။
လာမည့် ၂ဝ၅ဝ ပြည့်နှစ်ခန့်တွင် စင်ကာပူ၊ ဟောင်ကောင်၊ တရုတ် (တိုင်ပေ)၊ တောင်ကိုရီးယားနိုင်ငံတို့ သည် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများဖြစ်လာနိုင်ဖွယ် ရှိကြောင်း လေ့လာခန့်မှန်းချက် အရသိရသည်။

Photo: စင်ကာပူနိုင်ငံသည် တစ်ဦးချင်းဝင်ငွေအကောင်းဆုံးနိုင်ငံဖြစ်  စင်ကာပူ  သြဂုတ်  ၁၆  ကမ္ဘာပေါ်တွင် တစ်ဦးချင်းဝင်ငွေကို နှိုင်းယှဉ်ကြည့်ပါက စင်ကာပူနိုင်ငံသည် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ၂ဝ၅ဝ ပြည့်နှစ်အထိ  ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်မည့်အလား အလာရှိကြောင်း  ကမ္ဘာ့စီးပွားရေးလေ့ လာချက်တစ်ခုအရ သိရသည်။ စင်ကာပူ၏နောက်တွင် နော်ဝေနိုင်ငံသည် တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁၂၂၆ ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး အမေရိကန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၅၅၁၁ ဖြင့် တတိယနေရာကို  အသီးသီးရပ်တည် လျက်ရှိသည်ဟု သိရသည်။ ထို့အတူ ဟောင်ကောင်ကျွန်းသည်လည်း တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၅၃ဝ၁ ဖြင့် ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁ဝ နိုင်ငံတွင် ပါဝင်လာခဲ့သည်ဟု သိရသည်။  လာမည့် ၂ဝ၅ဝ ပြည့်နှစ်ခန့်တွင် စင်ကာပူ၊  ဟောင်ကောင်၊  တရုတ် (တိုင်ပေ)၊ တောင်ကိုရီးယားနိုင်ငံတို့ သည် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများဖြစ်လာနိုင်ဖွယ် ရှိကြောင်း လေ့လာခန့်မှန်းချက် အရသိရသည်။

Myanmar Express

2 comments:

အတော် ကောင်း ပါ တယ်

စိတ်ညစ်ဖို့လေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်