Subscribe to our RSS Feed

ကျွန်တော်သိခဲ့သောABSDFအကြောင်း အပိုင်း၂


From : by Maungmaung Skw

အဲ့ဒီလိုဖွဲ့စည်းပြီးလှုပ်ရှားနေကြရင်း-မျိုးဝင်းနဲ့ မိုးညှင်းအုပ်စုတို့ရဲ့ အုပ်စုဖွဲ့ပြီး တပ်တွင်းဗိုလ်ကျ စိုးမိုးရေး တွေလုပ်လာသည့်အတွက် ဦးစီးအဖွဲ့ဝင်တစ်ဦးဖြစ်သော နေဒွန်း(မြစ်ကြီးနား)သည် စိတ်ပျက် လက်ပျက် ဖြစ်သွားပြီး “စည်းရုံးရေးနှင့် ရံပုံငွေ ရှာကြံရေး” လုပ်ဆောင်ရန် ဟု အကြောင်းပြ ကာ မန္တလေး ဘက်သို့ ထွက်ခွာသွားခဲ့ပါသည်။နောက်ပိုင်းတွင် မျိုးဝင်းမှ စီးပွားရေးတာဝန်ခံ အဖြစ် ခန့်အပ်ခဲ့ပြီး ဖားကန့် သို့ သွားရောက်နေထိုင်စေခဲ့ပါသည်။

ဗဟိုကော်မတီဝင်များထဲမှ စောယဉ်ထွေး(ရွှေကူ)၊ခင်မောင်ဝင်း(ရွှေကူ)၊ဇော်ဝင်းချစ်(ဗန်းမော်)တို့ လည်း မျိုးဝင်းတို့အုပ်စုနှင့် မပြေလည်ကြပါ။

ခရိုင်မှူးများဖြစ်ကြသော အောင်ထွေး(ဗန်းမော်) နှင့် သန်းဇော်(မိုးကောင်း) တို့သည် ဗဟိုကော်မတီ အတွင်းရေးမှူး တာဝန်ယူထားသော မျိုးဝင်းနှင့် မပြေလည်မှုကြောင့် ၄င်းတို့၏ဇာတိသို့ ပြန်သွားကြပါသည်။



အောင်ထွေး(ဗန်းမော်)၏ ဗန်းမော်ခရိုင်မှူးတာဝန်အား ဇော်ဝင်းချစ်(ဗန်းမော်)အား၎င်း၊ သန်းဇော်(မိုး ကောင်း)၏ မိုးကောင်းခရိုင်မှူး တာဝန်အား စောယဉ်ထွေး(ရွှေကူ)အား၎င်း တာဝန်ယူစေခဲ့သည်။

ထိုအတောအတွင်း ရွှေကူခရိုင်မှူးaအာင်ကျော်မိုးသည် KIA အဖွဲ့ဝင် တစ်ဦးနှင့် စကားများ ရန်ဖြစ်ရာမှ သေနတ်နှင့်အပြစ်ခံရပြီး သေဆုံးသွားသည့်အတွက် ၄င်း၏ ရွှေကူခရိုင်မှူး တာဝန်ကို ခင်မောင်ဝင်း(ရွှေကူ)အား တာဝန်ပေးခဲ့သည်။

ထိုအခါ ABSDF(KS) အဖွဲ့ ဦးစီးကော်မတီဝင်များထဲတွင် လွှမ်းမိုး(မိုးကောင်း) နှင့် လှဌေး(ဗန်းမော်) တို့ နှစ်ဦးသာ ကျန်ခဲ့ပါတော့သည်။

ထိုအခြေအနေတွင် ABSDF(ဗဟို )-မာနယ်ပလော သို့ကိုယ်စားလှယ်စေလွှတ်ရန် အကြောင်းဖြစ်လာ သောအခါ ABSDF(KS) ၏ ဗဟိုကော်မတီ ဥက္ကဌ ကျော်ကျော်(မြစ်ကြီးနား) နှင့် ဦးစီးကော်မတီဝင် လှဌေး(ဗန်း မော်)တို့ကို ကိုယ်စားလှယ်များအဖြစ်ရွေးချယ်ပြီး မာနယ်ပလောသို့ စေလွှတ်ခဲ့သည်။

ထိုအခါ ABSDF(KS) တွင် ဦးစီးကော်မတီဝင် အဖြစ် လွှမ်းမိုး တစ်ဦးတည်း ကျန်ခဲ့ပြီး၊ဗဟိုကော်မတီဝင် များထဲတွင် မျိုးဝင်းက ရာထူးအကြီးဆုံး၊တာဝန်အကြီးဆုံးဖြစ်နေလေသည်။

မျိုးဝင်းနှင့် လွှမ်းမိုးတို့ နှစ်ဦးသား နေရာတိုင်းမှာ ထိပ်တိုက်တွေ့နေကြလေသည်။

လွှမ်းမိုးက “ဦးစီး အဖွဲ့မှ ချမှတ်ပေးသော လမ်းစဉ်ကို ဗဟို ကော်မတီက အကောင်အထည်ဖော်ပေးရ မည်” ဟုပြောဆိုတတ်ပြီး-မျိုးဝင်းက “ဦးစီးအဖွဲ့ ဆိုသည်မှာ နာယက အဖြစ်သာတင်ထားခြင်း ဖြစ်သည် -ဦးစီး အဖွဲတွင် ဘာမှ လုပ်ပိုင်ခွင့်မရှိ” ဟု ပြောဆိုနေသည်။

မျိုးဝင်းက အင်အားတောင့်တင်းပြီး လွှမ်းမိုးတွင် အင်အားမရှိပါ။

ထိုအချိန်တွင် ABSDF(KS) ဖွဲ့စဉ်က မဲပေးခွင့် မရခဲ့ကြသော စစ်ကိုင်းကျောင်းသားအုပ်စုက ABSDF( စစ်ကိုင်း) ဟု သီးခြားဖွဲ့စည်းကြမည်ဟု စည်းရုံး လှုတ်ရှားလာကြသည်။

အဆိုပါစည်းရုံး လှုတ်ရှားမှုကို ဦးကျော်ကျော်အုန်း(တန့်ဆည်)၊ဦးရန်နိုင်စိုး(တန့်ဆည်)၊ဦးသောင်းမြင့် (တန့်ဆည်)၊ အားစိုက် (ခေါ်)တင်မောင်အေး(ကသာ) နှင့် စိုးကြီး (ကောလင်း) တို့က ဦးဆောင်ခဲ့ပေသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်