From : ကျော်ဇင်
ABSDF(မြောက်ပိုင်း) ကျောင်းသားများသမိုင်းအမှန်ကို ဖော်ထုတ်နိုင်ရန် ဒေါက်တာနိုင်အောင်အားတွေ့ဆုံ ခွင့်တောင်းထားကြောင်း မြောက်ပိုင်းကျောင်းသားများထံက သိရသည်။
" ကျွန်တော်တို့က သေသွားတဲ့သူတွေရဲ့ သမိုင်းကို ပြန်ဖော်နေတာပေါ့နော်။ သေသွားတဲ့သူတွေက သူတို့နောက်ဆုံးတောင်းဆိုခဲ့တာက သမိုင်းမှန်ပြန်ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်" ဟု ABSDF (မြောက်ပိုင်း) ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ကိုဘိုဘိုကပြောသည်။
မြောက်ပိုင်းကျောင်းသားများအနေဖြင့် ဒေါက်တာနိုင်အောင်ဖြင့် တွေ့ဆုံရန် အချက်(၄)ချက်နှင့် တောင်းဆိုထားခြင်းဖြစ်သည်။ ထိုအချက်များမှာ (၁) ဒေါက်တာနိုင်အောင်အနေဖြင့် မြောက်ပိုင်းကျောင်းသားဟောင်းများဖြင့် တွေ့ဆုံစေလိုကြောင်း၊ (၂) ထို့အတွက်ကြောင့် ဒေါက်တာနိုင်အောင်၏ အသက်ကို အာမခံကြောင်း၊ (၃) ထိုတွေ့ဆုံချင်းမှုကို မီဒီယာများအား သတင်းထုတ်ပြန်ချက် မပေးကြောင်း၊ (၄) လက်ဆွဲနှုတ်ဆက်ချင်း မပြုလုပ် လိုကြောင်း စသည့်အချက်(၄)ချက်အား တောင်းဆိုထားကြောင်း သိရသည်။
'’အချက်လေးချက် ပြောထားတယ်။ ကျွန်တော်တို့ တွေ့ချင်တာက အဓိကသမိုင်းအမှန်ကိုပဲ ဖော်ချင်တာ။ သေသွားတဲ့ သူတွေကလည်း ငါတို့သတ်ခဲ့တဲ့ကောင်တွေကို ပြန်သတ်ပေးပါလို့ ပြောခဲ့တာ မဟုတ်ဘူး။ အဲတော့ သမိုင်းအမှန်ပြန်ဖော်ထုတ်ဖို့ဆိုတာ သူတို့ရဲ့ ပါဝင်ဆောင်ရွက်မှု မပါပဲနဲ့ မဖြစ်နိုင်ဘူး။ ဒါကျွန်တော်တို့ဘက်က အလိုက်လျောနိုင်ဆုံးပဲ'’ဟု ကိုဘိုဘိုက ဆက်ပြောသည်။
လက်ရှိအချိန်ထိ မြောက်ပိုင်းကျောင်းသားများက တွေ့ဆုံရန်တောင်းဆိုထားသော်လည်း ဒေါက်တာနိုင်အောင်ဘက်မှ တရားဥပဒေစိုးမိုးမှုရှိသည့် အချိန်ရောက်မှသာ ပါဂျောင်ကိစ္စအား ဖြေရှင်းသင့်ကြောင်းအကြံပြုပြော ကြားထားပြီး တွေ့ဆုံခွင့်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြန်လည် အကြောင်းပြန်ကြားချင်းမျိုး မရှိသေးကြောင်းကိုလည်း သိရသည်။
ဒေါက်တာနိုင်အောင်သည် ABSDF (ကျောင်းသားတပ်မတော်)တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က တောင်ပိုင်းဗဟိုကော်မတီဥက္ကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရပြီး မြန်မာနိုင်ငံအတွင်းသို့ ၂ဝ၁၂ ခုနှစ် သြဂုတ်လ(၃၁)ရက်နေ့က ပြန်လည်ဝင်ရောက်လာခဲ့သည်။
Myanmar Express

2 comments:
This guy is very bad guy!
I think he is not supposed to be in live.
In Medical school in Mandalay, he was the worst student with drugs, crime (try to kill ko swe), & other students. Since childhood he has very bad attitude.
တကယ်လုပ်ခဲ့တာဆိုရင် တော့ တွေ့ခွင့် ရမယ် မထင်ဘူး
မြန်မာ ပြည် ပြန် ရောက် ပြီဆို တော့ ခပ်တည်တည်နဲ့ ပဲ
ဟိုအဖွဲ့နဲ့ ပူးပေါင်း မယ် ဒီအဖွဲ့နဲ့ဆောင် ရွက်မယ် ပဲဖြစ်လောက် တယ်ြုပည်ဝင်ခွင့်ပေး တာ ကိုက မှားတယ် ထင်ပါတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်