Subscribe to our RSS Feed

မီုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည် ခရီး(၁)


From : May Thingyan Hein

စက်တင်ဘာလ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲ မစခင်ကတည်းက စိတ်ဝင်စားဖို့ကောင်းနေခဲ့တာပါ။

စက်တင်ဘာလ ၁ ရက်နေ့ ရန်ကုန်လေဆိပ်ကို ကိုမိုးသီးဇွန်တို့အဖွဲ့ရောက်တော့ မြစ်မခက သတင်းထောက် ကျော်ဇင်မန်းနဲ့ ထွန်းနေအောင်တို့သတင်းသွားယူကြပါတယ်။

သူတို့ကလည်း ကိုမိုးသီးဇွန်ကို ABSDF က ခေါင်းဆောင်တယောက်၊ အစိုးရကို လက်နက်ကိုင်ပြီး တိုက်ခိုက်ပြီးတဲ့နောက်၊ လေသနပ်နဲ့လည်း ဝေဖန်တိုက်ခိုက်လေ့ရှိသူ ဆိုတာလောက် သိထားကြပါတယ်၊

ဒါပေမဲ့ ရန်ကုန်လေဆိပ်မှာတွေ့တော့ ကားပေါ်ခုန်တက်ပြီး လူတွေကို လက်တွေဝှေ့ယမ်းနှုတ်ဆက်လိုက်၊ လက်တွေကို ပါစပ်မှာ ကပ်ပြရင်း အနမ်းသင်္ကေတတွေ လုပ်ပြလိုက် လုပ်နေတဲ့ ဦးမိုးသီးဇွန်ကို တွေ့တော့ သူတို့တွေ့ဖူးနေတဲ့ နိုင်ငံရေးသမားတွေနဲ့ မတူတဲ့အတွက် အံ့သြမိကြောင်း ရုံးကို ပြန်ရောက်တော့ ပြောကြပါတယ်။

ဒီကြားထဲပင်နီအကျီာင်္ဝတ်ထားတဲ့သူအချို့ကလည်းမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဆိုတဲ့ဆိုင်းဘုတ်နဲ့ကြိုဆိုကြတာ တွေ့ရတော့လည်းထပ်ပြီး အံ့အားသင့်ရကြောင်း ပြောပါတယ်။

ပြီးတော့ သတင်းယူဖို့လာတဲ့သတင်းထောက်တွေ၊ လာကြိုတဲ့ နိုင်ငံရေးပါတီနှစ်ခုလောက်က နိုင်ငံရေးသမားတွေ၊ မီုးသီးဇွန်လာမယ်ဆိုလို့ အမည်သာကြားဖူးပြီး မမြင်ဘူးလို့လာကြည့်တဲ့ သူတွေနဲ့ ဆိုတော့ လူအုပ်ကြီးသူ့ကို လာကြိုတယ်လို့ ထင်မှတ်သွားပုံရကြောင်း ပြန်ပြောတော့ စဉ်းစားမိပါသေးတယ်။

မြန်မာပြည်မှာ မမြင်ဘူးလို့ ၀ိုင်းပြီးကြည့်ကြတတ်တဲ့ အကျင့်က ရှိပြီးသားပါ။ မြင်ဖူးချင်လို့ လာကြည့်သူတိုင်းကို ကိုယ့်လူလို့ သတ်မှတ်လို့မရတဲ့ထဲမှာ မြန်မာပြည်သူတွေ ပါဝင်ပါတယ်။

ကိုမိုးသီးဇွန်တို့အဖွဲ့ကိုလည်းလူတွေဝိုင်းအုံကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။
နောက်တော့ ရွှေတိဂုံဘုရားဖူးကြရင်းနဲ့ ယုဇနဟိုတယ်မှာ တည်းမဲ့အကြောင်း သတင်းထောက်တွေက သတင်းယူခဲ့ကြပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့မှာတော့ သူတို့ရဲ့ ၈၈မျိုးဆက်ကျောင်းသားတွေနဲ့ တွေ့ဆုံကြတာတွေ ကြားခဲ့ရပြီး ညပိုင်းမှာတော့ ပြည်ထောင်စုဝန်ကြီးအချို့နဲလည်း တွေ့ဆုံခဲ့ကြတယ်လို့ ကြားခဲ့ရပါတယ်။ ဒီအကြောင်းတွေကိုတော့နောက်ပိုင်းမှာသီးသန့်ရေးသွားမယ်လို့ စိတ်ကူးပါတယ်။

စက်တင်ဘာ ၃ ရက်နေ့မှာလည်း သူတို့အဖွဲ့တည်းခိုတဲ့ယုဇနဟိုတယ်၊ ဒုတိယထပ်မှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။

နံနက် ၁၀နာရီကျော်ပြီးမှ စတင်ခဲ့တဲ့ပွဲမှာ သတင်းသမားတွေသာမက နိုင်ငံရေးအသိုင်းအ၀ိုင်းကအချို့ကိုလည်းတွေ့မြင်ရပါတယ်။ နိုင်ငံရေး အသိုင်းအ၀ိုင်းအချို့ဆိုတာကို တိတိကျကျ ပြောရရင်တော့ ကိုကောင်းမြတ်ထွဋ်တို့ ပါတီနဲ့ ၈၈ကိုအေးလွင်တို့ပါတီက လူတွေလို့ တိတိကျကျပြောရပါမယ်။

သတင်းသမားတွေရဲ့ ဗီဒီယိုတွေ၊ကင်မရာတွေသာမက နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း ဗီဒီယို၊ကင်မရာအသံဖမ်းစက် စတာတွေနဲ့ လှုပ်လှုပ်ရှားရှားပါပဲ။ သတင်းမီဒီယာမှာလည်း တော်တော်လေးစုံလင်တယ်လို့ ပြောလို့ရပေမဲ့ လုံးဝလာပြီး သတင်းမယူတဲ့ သတင်းမီဒီယာကြီးတွေ ရှိနေတာလည်း သတိထားမိခဲ့ပါတယ်။ ဘာကြောင့်လာပြီး သတင်းမယူပါလိမ့်လို့လည်း စဉ်းစားကြည့်မိပါတယ်။

အခမ်းအနားမှူးအနေနဲ့ အမေရိကန်နိုင်ငံသား၊ ABSDF အဖွဲ့ဝင် ကိုရွှေစင်ထွန်းက စတင်ပြီး အခမ်းအနား အစီစဉ်ကို
ကြေငြာရင်း ABSDF ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နဲ့ စတင်မိတ်ဆက်ပါတယ်။

ဦးထွန်းအောင်ကျော်ဟာ ၁၉၇၄ ခုနှစ်မှာ နိုင်ငံရေးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်တသက်တကျွန်းကျခံခဲ့ရကြောင်း၊ အစိုးရရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ပြောဆိုပါတယ်။

ဦးထွန်းအောင်ကျော်အနေနနဲ့ ၁၉၈၈ခုနှစ် အရေးတော်ပုံမှာပါဝင်ခဲ့ပြီးနောက် မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် ကျောင်းသားတပ်မတော် ABSDF အဖွဲ့ကို ထူထောင်ခဲ့ကြောင်း၊နောက်တော့ အမေရိကန်နိုင်ငံမှာ နေထိုင်းခဲ့ကြောင်းပြောဆို မိတ်ဆက်ပါတယ်။

ဦးထွန်းအောင်ကျော်က အသားဖြူဖြူနဲ့ရုပ်ရည်သန့်သန့်ပြန့်ပြန့်ရှိပါတယ်။ စကားကိုလည်း ဖြေးဖြေးနဲ့အေးအေးပြောတတ်တဲ့ပုံစံမျိုးပါ။

သူက မြန်မာပြည်မှာ အပြောင်းအလဲတွေ စတင်နေပြီလို့ ပြောစဉ်တုန်းက သိပ်မထင်မှတ်ခဲ့ပေမဲ့၊မထင်မှတ်ပဲ ၈၈မျိုးဆက်ကျောင်းသားဟောင်းအဖွဲ့တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တဲ့အပြင် မီဒီယာတွေကိုလည်း အထိုက်အလျောက်လွတ်လပ်ခွင့်ပေးခဲ့တာတွေကိုပါ တွေ့လာခဲ့ရတော့ အပြုသဘောဆောင်တဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်နေပြီလို့ လက်ခံလာခဲ့ကြောင်း၊ သမ္မတအနေနဲ့ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို တိုင်းပြည်ကို ထူးထောင်ကြဖို့ ဖိတ်ခေါ်ချက်ကို သေသေချာချာစဉ်းစားပြီး ၆လလောက်အချိန်ယူ ဆွေးနွေးပြီးမှ လက်ခံခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။

သူက တိုင်းရင်းသားတွေနဲ့ တပ်မတော်ဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်သွားပြီး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို ကူညီပေးချင်ကြောင်း၊ ကိုယ့်ညီနောင်ချင်းသတ်ဖြတ်နေတဲ့ ပြည်တွင်း စစ်ကြီး ရပ်ဆဲဖို့ နဲ့ ငြိမ်းချမ်းရေးရအောင် စွမ်းဆောင်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။

နောက်သူက ပြည်တွင်းကလူ့အရင်းအမြစ်တွေကို မြှင့်တင်ပေးဖို့အတွက် ပညာရေးကဏ္ဍာကို ဘယ်လို ကူညီပေးနိုင်မလဲ၊ တက္ကသိုလ်ကျောင်းတွေမှာ ဘယ်လိုပစ္စည်းမျိုးတွေ ထားပေးနိုင်မလဲ၊ ကျောင်းတွေရဲ့အရည်အသွေးတွေကို မြှင့်တင်ပေးချင်တယ်၊ ပညာတတ်တွေပေါ်ထွန်းရေးလုပ်ပေးမယ်ဆိုတဲ့ စိတ်နဲ့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။

ဦးထွန်းအောင်ကျော်ကို အပြီးမှာတော့ အမေရိကန်နိုင်ငံသား ဦးကိုကိုလေးနဲ့ အခမ်းအနားမှူးက မိတ်ဆက်ပေးပါတယ်။

ဦးကိုကိုလေးနဲ့မိတ်ဆက်ရာမှာတော့နိုင်ငံရေးသမိုင်းကြောင်းတွေအပြင် အမေရိကားမှာ နေထိုင်ပြီး ပညာသင်ကြားခဲ့တဲ့အကြောင်းတွေပြောသွားပါတယ်။

အသားညိုညို၊မျက်မှန်နဲ့ ဦးကိုကိုလေးကလည်း အပြောင်းအလဲစတင်စဉ်မှာ ရင်မခုန်ခဲ့ကြောင်း၊ ၂၀၁၂ ဇန်န၀ါရီလမှ စပြး ရင်ခုန်ခဲ့ကြောင်း၊ မြန်မာပြည်သူတွေနဲ့ တွေ့ချင်ခဲ့ကြောင်းတွေကို အရင်ပြောပါတယ်။

ခုလို လာရောက်ရခြင်းကလည်း ငြိမ်းချမ်းရေးအတွက် ဖြစ်ကြောင်း အပြင်မြန်မာပြည်ကြီး ပြန်မဆုတ်နိုင်တဲ့ပြောင်းလဲခြင်းမျိုး ဖြစ်အောင် ဘယ်လို ပါဝင်ကူညီရမလဲဆိုတဲ့ စေတနာနဲ့ပြန်လာခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။

`ကျနော်တို့ ဒီမှာ နေထိုင်ခွင့်ကတော့ အစိုးရပေါ်မှာပဲ မူတည်ပါတယ်၊ ရည်ရွယ်ချက်အကောင်အထည်ဖော်နိုင်ဖို့ဆက်ကြိုးစားပါမယ်`လို့ ပြောရင်း ဦးကိုကိုလေးက နိဂုံးချုပ်ပါတယ်။

နောက်တဦးကတော့ အမေရိကန်နိုင်ငံမှာနေထိုင်သူနိုင်ငံသား ကိုရင်အေးလို့သိရပါတယ်။ အသားဖြူဖြူနဲ့ မျက်နှာလုံးလုံး ဟန်ရှိပါတယ်။ စကားပြောဆိုရာမှာတော့ မိန့်ခွန်းတွေ ဖတ်ကြားသံမျိုးနဲ့ ပြောဆိုတတ်တာတွေ့တယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနဲ့ ခုလို မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံတကာကနေ မနားတမ်းတိုက်ပွဲဝင်ခဲ့ကြ တောင်းဆိုခဲ့ကြတဲ့အတွက် ခုလို အကျိုးရလဒ်ကြီးအနေနဲ့ ဒီနေ့လို ပြောင်းလဲလာရတာ ဖြစ်တယ်ဆိုတာနဲ့ စတင်ပါတယ်။

သတင်းထောက်တော်တော်များများကတော့ ဒီစကားကြောင့်ပဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားရပါတယ်။ ကျမမှာလည်း မေးဖြစ်အောင်မေးမယ်ဆိုတဲ့ မေးခွန်းတခု ရသွားခဲ့တာပါ။

ဦးရင်အေးကတော့ သူတို့အဖွဲ့ရဲ့ ကြိုးစားမှုတွေအကြောင်းကို ပြောပြီးတဲ့နောက်မှာ သမ္မတကြီးကနေစပြီး၊ ဦးအောင်မင်း၊ ဦးစိုးသိမ်း၊ ဦးလှမောင်ရွှေပါ မကျန် ကျေးဇူးတင်ကြောင်းတွေလည်း ပြောပါတယ်။

ပြီးတော့ကချင်လူမျိုးဦးမူးသာရဲ့ အလှည့်ပါ၊ ဆံပင်မပါ၊ တိုင်းရင်းသားရုပ်ရည်ထက် ကျမအမြင်မှာတော့ တရုတ်နဲ့ပိုတူနေတယ်လို့ ထင်ရတဲ့ ရုပ်ရည်မျိုးဖြစ်ပါတယ်။ အသံမှာတော့တိုင်းရင်းသားသံ နည်းနည်းဝဲတယ်လို့ ထင်မိရုံပါပဲ။

သူကလည်းပဲ ပြည်သူတွေရဲ့ဆင်းရဲနေတဲ့ဘ၀တွေကို ပြန်လည်မြှင့်တင်ပေးချင်ကြောင်း၊ မြန်မာပြည် နိမ့်ကျခဲ့တာတွေကို ဖွဲံ့ဖြိုးအောင်လုပ်ပေးချင်ကြောင်းတွေနဲ့ စေတနာရှိတဲ့အကြောင်းတွေ ပြောပါတယ်။

ပြီးတော့ ကျမတို့တွေကိုမြင်ရတာမှာ ဆင်းရဲတာတွေနဲ့ အဆင်မပြေကြောင်း မြန်မာပြည်မှာလို ကွမ်းစားတာ၊ဆေးလိပ်သောက်တာတွေက ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းမှာ ဘယ်သူမှ မလုပ်ကြတော့ကြောင်း မြန်မာပြည်မှာတော့ နေထိုင်မှုစနစ်နိမ့်ကျနေသေးကြောင်း စတာတွေနဲ့ စစ်တွေဖြစ်ပွားနေတဲ့အတွက် စစ်ပွဲတွေ မရှိသင့်တော့ဘူးဆိုတဲ့အမြင်နဲ့ပြောဆိုသွားခဲ့ပါတယ်။

နောက်တဦးကတော့ ဂျပန်မှာ နေထိုင်တဲ့ဦးကိုကိုအောင်ဖြစ်ပါတယ်။သူ့ကိုသူ အသက် ၄၇ နှစ်အရွယ်လို့ အသက်ကို ဖွင့်ပြောပြီးမိတ်ဆက်လာသူလို့ မှတ်မိနေပါတယ်။

သူလည်း ကျမတို့တိုင်းပြည်မှာ လူမှုရေးအဖွဲ့အစည်းတွေ အားကောင်းလာအောင်ကြိုးစားရမဲ့အကြောင်းတွေနဲ့
ကျမတို့ ပြည်သူတွေမှာလည်း တာဝန်ရှိကြောင်း၊ ကျမတို့ပြည်သူတွေလည်း တဦးချင်းအရည်အသွေးသာမက အဖွဲ့အစည်းလိုက်လုပ်ရာမှာလည်း ကြိုးစားရမှာဖြစ်ကြောင်းတွေ ပြောဆိုပါတယ်။

အခြားနားထောင်နေတဲ့သူတွေကတော့ ဘယ်လို ခံစားနေရသလဲ မသိပါဘူး။

ကျမကတော့ နိုင်ငံကြီးကလာတဲ့သူတွေက ကျမတို့ပြည်သူတွေကို ဆင်းရဲပါတယ်၊ နွမ်းပါးပါတယ်၊ စာလည်း မတတ်ကြပါဘူး၊ လူနေမှုအဆင့်အတန်းလည်း နိမ့်ပါးတဲ့သနားစရာတွေအဖြစ် မြင်ကြတဲ့ အပေါ်မှာ ခံစားရပါတယ်။
ကျမတို့တွေ ဆင်းရဲကြတာ၊ နိုင်ငံတကာက တက္ကသိုလ်ကြီးတွေမှာ တက်ပြီး စာမသင်နိုင်ခဲ့တာဟာ ကမ္ဘာက ၀ိုင်းပြီး သနားရလောက်တဲက အခြေအနေတခုလို့တော့ လက်မခံချင်ပါဘူး။

ဒီလို အမြင်တွေနဲ့ ကယ်တင်ရှင်ကြီးလိုလို မြှင့်တင်ပေးမယ်၊ ကယ်တင်ပေးမယ်၊ ကူညီပေးမယ်ဆိုတဲ့ စကားတွေကို ကြားရတိုင်းလည်း ရင်ထဲမှာ နင်တင်တင်နဲ့ပါ။

နောက်ဆုံးတဦးကတော့ အလယ်မှာ ထိုင်နေတဲ့ တိုက်ပုံအပြာရောင်ဝတ်ထားပြီး၊နှုတ်ခမ်းမွှေးနဲ့ မျက်နှာရှည်ရှည်နဲ့ဦးမိုးသီးဇွန်ပါပဲ။ အသံကတော့ ကြည်ကြည်လင်လင်ရှိပါတယ်။

စစချင်းမှာပဲ လေဆိပ်မှာ သူ့ကိုနွေးနွေးထွေးထွေးကြိုဆိုကြတဲ့ ပြည်သူလူထုတွေရဲ့ ကြိုဆိုမှုကို ၀မ်းမြောက်ဝမ်းသာဖြစ်ရကြောင်းစပြောပါတယ်။

`ကျနော့်အနေနဲ့ မြန်မာပြည်အကြောင်း မစဉ်းစားတဲ့ နေ့မရှိဘူး၊ မြန်မာပြည်အတွက် အလုပ်မလုပ်တဲ့ နေ့မရှိဘူး၊ အဲဒီကြိုးပမ်းမှုတွေကြောင့် ယနေ့ ဒီနေရာကို ရောက်လာရတယ်` လို့ ပြောပါတယ်။

ပြီးတော့ ၂၄ နှစ်တာ ခွဲခွာနေရပေမဲ့ ၂၄ နာရီလောက်ပဲလို့ ထင်မှတ်မိကြောင်း၊ မတူတဲ့ အမြင်ရှိသူတွေကိုလည်း ခြိမ်းခြောက်ဖို့ မဟုတ်ကြောင်းကိုလည်း ကဗျာဆန်ဆန်ပြောပါတယ်။ပြောဆိုတဲ့ ဟန်ပန်ကတော့ ပြဇာတ်ထဲက အတိုင်းပဲလို့ ပြောရလောက်အောင်ပါပဲ။ စကားလုံးတိုင်းကို ဟန်ပန်နဲ့ရော မျက်နှာအမူအရာပါ ထည့်သုံးပြီး ပြောတတ်ပါတယ်။

` မိုးထဲရေထဲမှာ အလုပ်လုပ်နေကြတဲ့ သူတွေ မိုးထဲရေထဲမှာ ခက်ခက်ခဲခဲကြိုးစားနေတာတွေ တွေ့ရတယ်၊ ကျနော် ခင်ဗျားတို့ကို ကူညီချင်လို့ ရောက်လာတာပါ၊ ခင်ဗျားတို့ ပေးတဲ့ တာဝန်တွေကို ကျနော်ယူမယ်` လို့လည်း ပြောပြန်တယ်။

ပြီးတော့ သူက ပြည်သူတွေကို၊ နိုင်ငံတော်သမ္မတကြီးနဲ့ တိုင်းရင်းသားတွေကို ကူညီဖို့ ရောက်လာတာပါလို့ ပြောပြီး၊ နိုင်ငံရေး ပါတီထောင်ဖို့ မဟုတ်၊ အသင်းအပင်းတွေ ထောင်ဖို့ မဟုတ်ဘူး၊ အမတ်လုပ်ဖို့ မဟုတ်ဘူးလို့ ပြောရင်း ဗီဇာ ၂၁ ရက်ပဲ ရတဲ့အကြောင်း ဘယ်တော့ပြန်လာရမှန်းမသိတဲ့ အကြောင်း ပြောပါတယ်။

ပြီးတော့ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးလှုပ်ရှားရင်း မြန်မာနိုင်ငံသားဆုံးရှုံးရပြီး ခုတော့ အမေရိကန်နိုင်ငံသားဖြစ်နေကြောင်း ပြောတော့ ဟော အမေရိကန်နိုင်ငံသားဖြစ်သွားရတာ သနားစရာပဲလားလို့လည်း တွေးမိပြန်ပါသေးတယ်။

နောက်ဆုံးမှာလည်း ကူညီပါရစေ..ကူညီချင်တဲ့ အကြောင်းနဲ့ပဲ နိဂုံးချုပ်သွားခဲ့ပါတယ်။

သူတို့အဖွဲ့အနေနဲ့ မြန်မာပြည်တွင်နေထိုင်စဉ်ကာလအတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်အပါ အ၀င်ပြည်ထောင်စုဝန်ကြီးများနှင့်တွေ့ဆုံရန် တောင်းဆိုထားကြောင်း၊ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ
ခွင့်တောင်းထားကြောင်း အဆိုပါ ရည်ရွယ်ချက်တို့ဖြင့် အမိမြေငြိမ်းချမ်းရေးလုပ်ငန်းစဉ်( The Mission for Peace in Motherland) ကို ဖွဲ့စည်းလိုက်ကြောင်းသတင်းထုတ်ပြန်ကြေငြာပါတယ်။

အဆိုပါ အဖွဲ့မှာ မြန်မာနိုင်ငံသား မဟုတ်ကြတော့သောအမေရိကန်နိုင်ငံသားအဖြစ် နေထိုင်လျက်ရှိသော (၁)ဦးကိုကိုလေး(USA)(၂)ဦးကိုကိုအောင်(JAPAN)၊(၃)ဦးဇော်မင်း(USA)၊(၄)ဦးထွန်းေ
အာင်ကျော်(USA)၊(၅) ဦးမိုးသီးဇွန်(USA)၊(၆)ဦးမူးယာ(USA)၊ (၇) ဦးရင်အေး USA)၊(၈) ဦးေ၇ွှစင်ထွန်း(USA)၊ (၉)
ဦးသက်ထွန်း(USA)၊(၁၀)ဒေါက်တာ အေးမင်း( USA)၊ (၁၁) ဦးအောင်မျိုးတင့်USA)တို့ပါဝင်ကြပါတယ်။

အဆိုပါအဖွဲ့ဝင်များမှာ ၁၉၈၈ ခုနှစ်အရေးတော်ပုံတွင်ပါဝင်ခဲ့ကြသူများဖြစ်ပြီး မြန်မာပြည်တွင်း ဖြစ်ပွားနေသော
ပြည်တွင်းစစ်(ကချင်နှင့် တပ်မတော်) စစ်ပွဲများရပ်ဆိုင်းသွားရန်အတွက်ရည်ရွယ် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြောသည်။

ကျမ သိရသလောက် သူတို့တွေက အမေရိကန်နိုင်ငံသားတွေဖြစ်နေပါပြီ။ မြန်မာပြည်ကိုဧည့်နေဧည့်သွားလောက်သာ သွားလာနိုင်မှာပါ။ ဒီလို တလမပြည့်တပြည့်အချိန်လေးနဲ့ ဒီလိုကိစ္စမျိုးတွေ သူတို့ပြောသလို ကူညီနိုင် ဆောင်ရွက်နိုင်ပါ့မလား။

ပြီးတော့ ရှေ့ကနေ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်နေတာတွေ ရှိပြိး ခုချိန်မှ ကချင်နဲ့ လက်မှတ်ထိုးဖြစ်ခဲ့ရင်လည်း ... ဘယ်သူ့ကြောင့်၊ ဘယ်အဖွဲ့ ကြောင့် ဆိုတာကိုလည်း တွေးကြည့်မိပါတယ်။ဘာပဲဖြစ်ဖြစ် တကယ်စေတနာထက်ထက်သန်သန် ရှိတယ်ဆိုရင်လည်း ၀မ်းသာရမှာပါ။

အဲဒီအချိန်မှာပဲအခမ်းနားမှူးက မေးခွန်းတွေကို မေးမြန်းနိုင်ကြောင်း ပြောဆိုလာပါတယ်။

မနက်ဖြန်တွင် ဆက်လျက်ဖော်ပြပေးပါမည်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

Myanmar Express

9 comments:

Are you sure that Mr. Moe Thee Zun is American citizen. We have heard (sources form New York)that his application for citizenship file was rejected as he did not pay any tax to US government. Only people can apply citizenship if they are tax payer in USA. He drove taxi sometime ago and spend which could not be declared anonymous income which can be funded for development of country. These type of income can be avoid paying tax. I don't know how to over come to get citizenship. Can you please double check.

အမေရိကားရောက်မြန်မာပြည်ကယ်တင်ရှင်ကြီးများအဖွဲ့

အမေရိကန်ရောက် မြန်မာမျောက် ပြန်ရောက်လို့ လာကြည့် တာလဲဖြစ်မှာပေါ့။ န၀တ၊ နအဖ ခေတ်သတင်း
စာရှင်းလင်းပွဲတွေမှာ ဗုံးပေါက်ရင် ABSDF ,NCGUB တို့
ကြောင့်လို့ ပြောခဲ့တော့ အခုရှင်းသင့်နေပြီ။ စွယ်တော်ဗုံး
ကွဲတာ၊ X2O ဗုံးကွဲတာတွေ လက်သည် မပေါ်သေးဘူး။
သေတဲ့သူတွေကတော့ သေပြီးကုန်ပြီ။ လွှတ်တော်မှာမေး
သံလည်း မကြားဘူး။

al di kong tway arr lone US ka chee htote tway . d chee htote tway ko myanmar pyi ka lu gyi tway ka lat khan skar pyaw tar ayan yee bo kong tel.

ချီးထုပ်က နေရာတကာ ကန့်လန့် ကန့်လန့်နဲ့ ဟိုနေရာလဲပါ...
ဒီနေရာလဲပါ....တော်တော်ငံတဲ့ကောင်ပဲ.....

ချီးထုပ်ကိုနင်ကိုက်လိုက်လို့ငံမှန်းသိတာလား

ပြည်ပမှာ နိုင်ငံရေးလုပ်စားတဲ့သူတွေများလို့ ထောက်ပံ့ကြေးမပေးတာကြာလို့ မြန်မာပြည်မှာတောင်းစားဖို့ ပြန်လာတာ။ ဒီကောင်တွေက သာရာနားတွေပါ။ ယူအမ်ကို အမျိုးမျိုးလိမ်ပြီးနိုင်ငံခြားထွက် မထွက်ရသေးတဲ့ အချိန်(ဒုတိယနိုင်ငံမှာရှိတဲ့အချိန်)မှာ မရရတဲ့နည်းနဲ့  ကလန်ကန်ထိုး လူငယ်တွေကိုစည်းရုံးပိုက်ဆံကောက်ပြီးတော့ ရတဲ့ပိုက်ဆံတွေ ကိုယ်ကျိုးအတွက်သုံး....... သူငယ်ချင်းမင်းတို့ လိပ်ပြာမင်းတို့ လုံရဲ့လားလို့  မေးလိုက်ချင်တယ်ဗျာ။။။။။။။။။။။။။။။။။

ဘာလဲ နင့်ပထွေးတွေ၊နင့်လင်တွေကိုပြောလို့နာနေတာလား

In United States there is a program called "Food Stamps", US Government is providing foods and shelters for homeless, jobless and international beggars, 10 of them came back from USA, that's their lives in USA, their wealths were nothing more than shits, just talking as Big-Mouths. Myanmar people don't respect and don't inspire them, they are totally nothing as shits, they will be tricking and asking international funds to provide money to them as they want to help Myanmar, but that's for them and they will have their own advantages. Don't trust them.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်