Subscribe to our RSS Feed

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတက်ရောက်မည့် ပါတီကိုယ်စားလှယ်များ စာရင်းကောက်


From : 7day

မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် မြောက် ကျင်းပမည့် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား တက်ရောက်ရန် နိုင်ငံရေး ပါတီများမှ အမည်စာရင်းကောက် ယူနေပြီဖြစ်ကြောင်း သတင်းရရှိ သည်။

“လွှတ်တော်ရုံးကနေ ပါတီတစ်ခုကိုကို နှစ်ယောက်တက်ဖို့ အမည် စာရင်းတောင်းထားတယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချ
ုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီများဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်တို့ ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ တက်ရောက်ရန် အမည်စာရင်း ကောက်ယူ ထားကြောင်း ၎င်းပါတီများထံမှ သိရသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာ လ ၁၅ ရက်တွင် နေပြည်တော် ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ အပြည်ပြည်ဆိုင် ရာ ဒီမိုကရေစီကရေစီနေ့ ကျင်းပသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် နှစ်မှစ၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကျင်းပခြင်းဖြစ်ပြီး ယင်းသို့ ကျင်းပရန်အတွက် Inter-Parliamentary Union မှ မြန်မာ နိုင်ငံရှိ လွှတ်တော်များထံသို့ စာတစ်စောင်ပေးပို့ကာ တိုက်တွန်းခဲ့ကြောင်း အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနေ့၌ပင် မှတ်ပုံတင်ထားခြင်း မရှိသေးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကျင်းပခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအထွေ ထွေညီလာခံက စက်တင်ဘာ လ ၁၅ ရက်ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုလည်း ဒီမိုကရေစီဆိုင်ရာ အသိပညာပေးမှုများကို ယင်းနေ့တွင် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်