Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာ တို့တွေ့ဆုံ



From : သာနောင်

နိုင်ငံတ်ာသမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာ တို့သည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ တွေ့ဆုံမှုတွင် အစိုးရသစ် လက်ထက်၌် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ အကြား ပိုမိုပူးပေါင်း ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ရှင်သန်ဖွံ့ရေးအတွက် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ လူမှုစီးပွား ပိုမိုဖွံ့ဖြိုး တိုးတက်ရေး အလေးပေး ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်ဝစေရန် ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့များ ပူးပေါင်းပြီး ကူညီထောက်ပံ့ရေး ဆောင်ရွက်ပေးနေမှုများ၊ တူရကီ၊ အင်ဒိုနီးရှား၊ အမေရိကန်နှင့် OIC ရှေ့ပြေးအဖွဲ့ စသည့် နိုင်ငံတကာ လေ့လာရေး အဖွဲ့များအား ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာနိုင်ရေး စီ
စဉ်ဆောင်ရွက်ပေးခဲ့မှုများ၊ ရခိုင်ပြည်နယ်အတွင်း အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရန် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များကို အလေးထား ဆောင်ရွက်နေမှုများ၊ ဒုက္ခသည်များ၏ လတ်တလော စားဝတ်နေရေး၊ ကျန်းမာရေး၊ မိုးလုံလေလုံ နေထိုင်နိုင်ရေးတို့ အတွက် ဆောင်ရွက်ပေးနေမှုများ၊ လွတ်လပ်သော အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုတိုးမြှင့် ကူညီ ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များ၊ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ သည်ဟု နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။


Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်